* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, July 9, 2011

ဘ ၀ အ မော-အ ခ က် အ ခဲ ပြ ဿ နာ အား လုံး ဖြေ ရှင်း နည်း အ စစ် [၁-၂၀၁၁ အနတ္တအဆုံးအမများ] (အပိုင်း ၁)


ကောင်းကင် အမိုး၊ မြေကြီး အခင်း၊ လေထု အကာ
သဘာဝတရားရဲ့ သဘာဝတရားရိပ်သာ။


စိတ်ကို အဓိကထား

၁) စိတ်ဆိုတာ သုံးဖို့သက်သက်။

၂) ပြီးပြည့်စုံချင်နေတဲ့စိတ်ကိုက မပြည့်စုံတဲ့စိတ်။


၃) မျှော်လင့်ချက်ရှိနေရင် စိတ်မလွတ်လပ်ဘူး။

၎) အမျိုးမျိုး သရုပ်ဖော်တတ်တဲ့ စွမ်းရည်သတ္တိနဲ့ အမျိုးမျိုးသောသဘောကို ဆောင်တတ်တဲ့စိတ်ရဲ့ ဒဏ်ကို ခံနိုင်ရည်ရှိမှ
စိတ်ကိုသုံးရုံသက်သက် မှန်မှန်ကန်ကန် သုံးတတ်လာမယ်။


၅) တကယ်သုံးတတ်ရင် စိတ်လောက် သုံးလို့ ကောင်းတာ၊ အသုံးဝင်တာမရှိ။

၆) အိတ်ထဲမှာ ပိုက်ဆံရှိတာ၊ မရှိတာထက်၊
စိတ်ထဲမှာ ပိုက်ဆံရှိမနေဖို့ကို အဓိကထားပါ။




၇) ကိုယ်ခန္ဓာမှာ ရောဂါရှိတာ မရှိတာထက်၊
စိတ်ထဲမှာ ရောဂါရှိမနေဖို့ကို အဓိကထားပါ။

၈) ဘာပဲညာပဲသိတဲ့စိတ်တွေ၊ ဘာစိတ် ညာစိတ်တွေ ဖြစ်တာ မဖြစ်တာထက် ....
စိတ်ထဲမှာ ဘာတွေ ညာတွေ၊ ဘယ်သူ ဘယ်ဝါတွေ၊ ဘယ်အချိန် ဘယ်နေရာတွေ ရှိမနေဖို့ကို အဓိကထားပါ။


၉) ပျိုတာ၊မပျိုတာ၊အိုတာ၊မအိုတာ၊ နာတာ၊မနာတာ၊ သေတာ၊မသေတာထက်
စိတ်ထဲမှာပျိုတာ၊အိုတာ၊ နာတာ၊ သေတာ ရှိမနေဖို့ကို အဓိကထားပါ။



စွမ်းရည်သတ္တိ
၁) ကောင်းမှုကုသိုလ်ပြုလုပ်ခြင်းမှာ ကြောက်ဖို့မလို၊ ရဲရင့်ဖို့သာလိုတယ်။

၂) ကိုယ်လိုသူလို စွမ်းရည်သတ္တိက အတု၊ ကိုယ်လို သူလို စွမ်းရည်သတ္တိကို စွန့်လွှတ်နိုင်မှ
စွမ်းရည် သတ္တိအစစ်ဖြစ်မယ်။


၃) မလုပ်တတ်တာကို မပြတ်ပြုလုပ်နေခြင်းအားဖြင့်
လုပ်နိုင်တဲ့စွမ်းရည်သတ္တိကို တိုးမြှင့်နေရမယ်။

၎) စကားနဲ့ပြောတတ်ရုံတင်မက အလုပ်နဲ့ ပြောတတ်ဖို့ပါ လိုတယ်။

၅) အနာခံနိုင်တဲ့စွမ်းရည်သတ္တိနဲ့ အသာစံတာ ဖြစ်ဖို့လိုတယ်။



၆) စွန့်လွှတ်နိုင်တဲ့စွမ်းရည်သတ္တိဲ့ လက်ခံအသုံးပြုတာ ဖြစ်ဖို့လိုတယ်။

၇) အဆုံးရှုံးခံနိုင်တဲ့စွမ်းရည်သတ္တိနဲ့ အရာရာတိုင်း၊ ဘ၀တိုင်း၊ အချိန်တိုင်း၊ နေရာတိုင်းကို အသုံးချတာ ဖြစ်ဖို့လိုတယ်။

၈) ဘယ်လို ညာလိုဆိုတဲ့ သတ်မှတ်ချက်တွေကို အဓိကထားနေမှုကို စွန့်လွှတ်နိုင်တဲ့ စွမ်းရည် သတ္တိနဲ့ ဘယ်လိုညာလို ပြုလုပ်တာဖြစ်ဖို့လိုတယ်။

၉)အကြွင်းမဲ့(အကန့်အသတ်မဲ့) စွန့်လွှတ်ခြင်း၊ ခွင့်လွှတ်ခြင်း၊ အနစ်နာခံခြင်း၊ အားထုတ်ခြင်း ဖြစ်ဖို့လိုတယ်။

၁၀) ဘုရားရှင် ကိုယ်စား၊ဘုရားရှင်ကိုယ်ပွား၊ဘုရားရှင် အလိုကျ သာသနာပြုတာဖြစ်ဖို့လိုတယ်။

ဆက်လက်ဖော်ပြပါမည်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP