* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, July 9, 2011

စိတ္တသုခ၏ ကိုရီးယား + မြန်မာ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ သတင်း

ဒယ်ဂူးအသံမှ ကူးယူဖော်ပြပါသည်

စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ဒယ်ဂူး၊ ကိုရီးယား)၏ ကျောင်းအကျိုးဆောင်အဖွဲ့မှ ဦးဆောင်၍ လာမည့် ၁၇-၇-၂၀၁၁ (ဝါဆိုလပြည့်ကျော် ၂ရက်)နေ့တွင် တတိယအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို ဒယ်ဂူးမြို့ရှိ စိတ္တသုခ ဘုန်းတော်ကြီးကျောင်း၌ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၊ ရခိုင်ဒေသရှိ၊ ဂရိမုန်တိုင်းဒဏ်ခံ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတစ်ကျောင်းတွင်လည်း စိတ္တသုခ အဖွဲ့သားများ၏ ဝါဆိုသင်္ကန်းကပ် အလှူတော်အဖြစ် ၁၅-၇-၂၀၁၁ (ဝါဆိုလပြည့်)နေ့တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

စိတ္တသုခ၏ ယခုနှစ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ကိုရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် (၂)နေရာ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး ကျောင်းအကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးရွှန်းဝင့်နွယ်က “ကျွန်တော်တို့ ကိုရီးယားရောက် မြန်မာအလုပ်သမားတွေ အနေနဲ့ ဘာသာ၊ သာသနာအကျိုး၊ လူမှုအကျိုးတွေကို တတ်နိုင်သလောက် ကျယ်ကျယ်ပြန့်ပြန့် လုပ်ချင်တာရယ်၊ အမှန်တကယ် လိုအပ်နေတဲ့ နေရာတွေမှာ အကျိုးတစ်ခုခု ဖြစ်ထွန်းစေချင်တာရယ်၊ စိတ္တသုခ ကျောင်းဒကာဒကာမများရဲ့ အလှူများကို ကိုရီးယားနိုင်ငံမှာရော၊ မြန်မာနိုင်ငံမှာပါ လှူဒါန်းပြီးသား ဖြစ်စေချင်တာရယ် စတဲ့ရည်ရွယ်ချက်တွေကြောင့် ဒီနှစ်ဝါဆိုသင်္ကန်း အလှူကို (၂)နေရာမှာ လှူဒါန်းကြဖို့ အခုလို အကောင်အထည် ဖော်ဖြစ်ခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ လိုအပ်တဲ့နေရာတွေ များနေပေမယ့် အဓိကလိုအပ်တဲ့ နေရာကို လှူကြမယ်လို့ ကျွန်တော်တို့ ဆရာတော်အပါအဝင် လူကြီးတွေနဲ့ တိုင်ပင်ကြတဲ့အခါ ဂရိမုန်တိုင်းဒဏ်ကို ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်၊ မြေပုံမြို့မှာရှိတဲ့ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတစ်ကျောင်းကို လှူဒါန်းဖို့ ရွေးချယ်ဖြစ်ကြောင်း၊ မြေပုံမြို့မှာရှိတဲ့ အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်းမှာ ရဟန်းသံဃာ အပါး (၂၀)နဲ့ ဆယ်တန်းကျောင်းသားကျောင်းသူ အယောက် (၄၀)လောက်ကို ဝါဆိုသင်္ကန်းနဲ့ လိုအပ်တဲ့ ပညာရေးဆိုင်ရာ အလှူတွေလှူဒါန်းဖို့ အပါအဝင် တစ်နေ့တာ ဆွမ်းဆက်ကပ်လှူဒါန်းဖို့လည်း စီစဉ်ဆောင်ရွတ်ထားကြောင်း၊ မြန်မာပြည်မှာက ဝါဆိုလပြည့်နေမှာ ပြုလုပ်ပြီး ကိုရီးယားမှာကတော့ တနင်္ဂနွေနေ့နဲ့ တိုက်ဆိုင်အောင် ဝါဆိုလပြည့်ကျော် (၂)ရက်နေ့မှာ လုပ်မှာဖြစ်ပြီး ကိုရီးယား+မြန်မာ အလှူနှစ်ခုကို အများပေါင်းစုလို့ တစ်ပေါင်းတည်း ရေစက်ချ အမျှဝေမှာ ဖြစ်ကြောင်း” စသည်ဖြင့် ဒယ်ဂူးအသံအား ရှင်းလင်းပြောကြားသည်။

ထို့အပြင် ၁၇-၇-၂၀၁၁ရက်နေ့တွင် ကျင်းပပြုလုပ်မည့် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် ဒါဆန်စက်မှုဇုန်ရှိ မြန်မာရွှေညီအစ်ကိုများကလည်း အဆိုပါအလှူပွဲသို့ ကြွရောက်လာသည့် သံဃာတော်များနှင့် ဧည့်ပရိတ်သတ် အပေါင်းတို့အား အထူးစပါယ်ရှယ် မြန်မာအစားအစာများဖြင့် လှူဒါန်းကျွေးမွေး ဧည့်ခံမည်ဖြစ်ပါသဖြင့် ကိုရီးယားရောက် မြန်မာများ အနေဖြင့် မည်သူမဆို ကြွရောက်ချီးမြှောက်ကာ သာဓုအနုမောဒနာ ခေါ်ဆိုပေးကြဖို့ ဒယ်ဂူးအသံမှတစ်ဆင့် ဖိတ်ကြားအပ်ပါကြောင်း သတင်းရရှိသည်။

ထို့ကြောင့် ရပ်နီးရပ်ဝေးရှိ ကိုရီးယားရောက် ရွှေမြန်မာများ အနေဖြင့်လည်း ၁၇-၇-၂၀၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် စိတ္တသုခ၏ ကိုရီးယား+မြန်မာ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသို့ အတူတကွ ကြွရောက်၍ ကုသိုလ်ယူကြပါရန် ကျောင်းအကျိုးဆောင်များနှင့် အလှူရှင်များကိုယ်စား ဒယ်ဂူးအသံ ဝိုင်းတော်သားများမှ ထပ်မံ၍ အသိပေးဖိတ်ကြားလိုက်ရပါသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP