* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, November 16, 2010

Rich & Poor

အချမ်းသာဆုံးလူနှင့် အဆင်းရဲဆုံးလူ

တစ်နေ့သောအခါ၌ လူတစ်ယောက်သည် သူတော်စင်တစ်ပါးထံသို့သွားလျက် သူ၏ရွှေခွက်တစ်ခွက်ကို သူတော်စင်အား အလှူဒါနအဖြစ်ပေးလှူသည်။ သို့သော်လည်း သူတော်စင်က ရွှေခွက်ကို အလှူမခံဘဲ “ငါဆင်းရဲသားဆီက အလှူဒါနကို လက်မခံဘူး” ဟု ပြောလိုက်သည်။ ထိုအခါ အလှူဒါနပြုသူက တအံ့တသြဖြစ်သွားပြီး ”အရှင်သူမြတ်၊ ကျွန်ုပ် ဒီဒေသမှာ အကြီးဆုံး သူဋ္ဌေးသူကြွယ်တစ်ယောက်ဖြစ်ပါတယ်။ သူဋ္ဌေးသူကြွယ်ဖြစ်တဲ့ ကျွန်ုပ်ရဲ့ အလှူကို လက်ခံပါ။” ဟု ပြောလိုက်သည်။

ထိုအခါသူတော်စင်က ပြုံးပြီးပြောလိုက်သည်။

“မင်း အကြွယ်ဝအချမ်းသာဆုံးဖြစ်တယ်ဆိုတာတော့ ဟုတ်ပါပြီ။ ငါမေးတဲ့ မေးခွန်းတစ်ခုကို ဖြေကြည့်စမ်းပါ။ ယခုလောက် ဥစ္စာဓန ကြွယ်ဝချမ်းသာနေပါလျက်နဲ့ မင်း နောက်ထပ်ဥစ္စာဓန မလိုချင်ဘူးလား။”

သူတော်စင်ကြီး၏ အမေးကို ကြားရသောအခါ “ကျွန်ုပ် နောက်ထပ် ပစ္စည်းဥစ္စာ လိုချင်တဲ့စိတ်ရှိပါတယ်” ဟုပြောလိုက်သည်။ ထိုအခါ သူတော်စင်က သူ၏ အယူအဆကို ပြောပြလိုက်သည်။

“အဆင်းရဲဆုံး ပုဂ္ဂိုလ်ဆိုတာ ကိုယ့်ဆီမှာ မရေမတွက်နိုင်လောက်တဲ့ ဥစ္စာဓနရှိနေပေမယ့် နောက်ထပ် ဥစ္စာဓနလိုချင်တဲ့လူဖြစ်တယ်။ ချမ်းသာကြွယ်ဝသူကတော့ ဥစ္စာဓန မရှိပေမယ့် ဥစ္စာဓနရယူလိုတဲ့ အာသာဆန္ဒမရှိတဲ့လူဖြစ်တယ်” ဟု ပြောလိုက်သည်။

ဥစ္စာဓနမာန် တက်နေသော သူဌေးသူကြွယ်ကြီးသည် မိမိ၏ဆင်းရဲသည့်အခြေအနေကို သူတော်စင်ကြီးပြောပြသည့်အတွက် နားလည်သဘောပေါက်သွားသည်။

ဧကံသမယံ (၅)

ပါရဂူ

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP