* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, November 16, 2010

အားလုံး ကျေးဇူးပါပဲ

မြတ်ရောင်နီ ဘလော့ကို ၂၀၁၀ ခုနှစ်
ဇန်န၀ါရီလဆန်း၁ရက်မှာ စတင်ရေးသားပါတယ်။
နိုင်ငံအသီးသီးမှ စာဖတ်ကြသူ ရဟန်းရှင်လူများက
အားပေးကြလို့ မို့ 
ခုလို အားသွန်ခွန်စိုက် နှစ်ခြိုက်ကာ အားပါးတရပဲ
ကိုယ်သိတဲ့ အတွေ့ ကြုံလေး မျှဝေခွင့် ရခဲ့ပါတယ်။

အားပေးဖတ်ရှုသူသာ မရှိခဲ့ရင် ရေးဖို့ အားရှိမှာ မဟုတ်လှ။
အားပေးဖတ်ရှုရုံသာမက ကိုမန့် ပေးခြင်း
စီဘောက်စ်မှာ ပျော်စရာရေးကြသလို
လိုအပ်ချက်ကို ထောက်ပြကြတာလေးတွေ တွေ့ ရပါတယ်။

လူတစ်ချို့ လည်း တကယ့်ကို ကိုယ်ရေးတဲ့ စာကြောင့်
သဘောပေါက်ကြောင်း ပြောလာရင် ရေးဖို့ 
ရေးအားကလည်း
ပိုရှိလာပါတယ်။
ရေးအားအတွက် ဆေးကျွေးသလို ခံစားမိပါတယ်။


ခုလို ရေးလို့  ရအောင် ဘလော့ဂ်ကို ဖန်တီပေးတဲ့ သူငယ်ချင်းများ၊
ဘလော့ကို ပြင်ပေးတဲ့ သူငယ်ချင်းများ၊ ဒကာများ
စိတ်ပါလက်ပါပဲ ကျေးဇူးတင်မိပါတယ်။

ခု နိုဝင်ဘာလ ၁၅ ရက်အထိ ၂၇၇ ထိ
ဘလော့စာမျက်နှာမှ တင်ပြီးသွားပါပြီ။
ဓာတ်ပုံရော ဆောင်းပါးရောပါ
ကိုယ်တွေ့ သမျှ နီးပါး တင်လိုက်တာပါ။

ယနေ့ ည မြန်မာပြည် ပြည်လည်ကာ ကြွရောက်ပါမယ်။
မြန်မာပြည်မှာ ဘလော့ တင်ဖို့  ဆိုတာ
အကြောင်းညီညွတ်မှ ဖြစ်ပါမယ်။

အကြောင်းဆိုတာက-
၁။မိမိအချိန်
၂။အင်တာနက်ရဲ့  ကော်နက်ရှင် သွက်လက်မှု
၃။အင်တာနက်ကို လိမ်မာပါးနပ်စွာ ကျော်ခွ အသုံးပြုတတ်မှု
စတာတွေ လိုအပ်ပါမယ်။

အကြောင်းညီညွတ်ရင် နီးစပ်သူရဲ့  အကူညီဖြင့်
ဆက်လက် ရေးသား ပို့ စ် တင်သွားပါဦးမယ်။

( အဆိုတော် ..ခင်ဝမ်း စကားနဲ့  ပြောရရင်
နှုတ်ဆက်ခဲ့ပါတယ်....)

အားလုံး ကျေးဇူးပါပဲနော်

ဤကဲ့သို့  ရေးသား ပြုစုခဲ့ရသော ကုသိုလ်ထူးမှန်သမျှကို
မိဘ ၊ ဆရာသမား၊ သံဃာတော်များ
ရဟန်းဒါယကာ ဒါယိကာမများ
ပစ္စည်းလေးပါး လှူဒါန်းကြသူများ
မြင်ဖူးသူ မမြင်ဖူးသေးသူများ
အားလုံး အားလုံးတို့ ကို
အမျှ ပေးဝေပါ၏
သာဓုခေါ်ဆိုနိုင်ကြပါစေ။


မှတ်ချက်။ ။ ခုမှ လာလည်သူများအား အဟောင်းများကိုလည်း
အသစ်အနေ ဖတ်စေလိုပါသည်။
ထိုက်တန်သော အကျိုး လိုသလိုလည်းရနိုင်မည်ဟုထင်ပါသည်။
ကိုယ်နဲ့ သင့်တော်ရာ ဖတ်ရှုကြလေကုန်....


မြတ်ရောင်နီ
( ၁၅ ၊ ၁၁ ၊ ၂၀၁၀ )

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP