* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, November 16, 2010

မေတ္တာ ရောင်ပြန်


အမျိုးသား ခေါင်းဆောင်လို့ ပြည်သူတွေက ယုံကြည် သတ်မှတ်ထားတဲ့ ဒေါ်အောင်ဆန်း စုကြည်ကို ၁၃၊ ၁၁၊ ၂၁၀ နေ့ ညနေ ၅: ၁၅ မိနစ်ခန့်မှာ အစိုးရက နေအိမ် အကျယ်ချုပ်ကနေ လွှတ်ပေးလိုက်ပါတယ်။ စစ်အစိုးရ အနေနှင့် သူမကို ဖမ်းဆီးထားရာနေ ပြန်လွှတ်ပေးဖို့ တောင်းဆိုသံတွေကလဲ တစ်ကမ္ဘာလုံးမှာ ပွက်လောညံနေခဲ့ပါတယ်။

၁၂ ရက်နေ့ ကတည်းက သူမ လွတ်မယ်လို့ စောင့်မျှော်နေခဲ့ကြတဲ့ အတွက် ဒီနေ့မှာတော့ ပိုမိုများပြားလှတဲ့ လူတွေဟာ စိတ်ရှည်ရှည် စောင့်နေခဲ့ကြတယ်တဲ့။ လွတ်ပြီးပြီးချင်း အချိန်အနည်းငယ် အတွင်းမှာပဲ လူတွေ သောင်းနှင့် ချီတဲ့ အထိ ရောက်လာခဲ့ကြတယ်။ နောက် အိမ်နားအထိ မရောက် နိုင်တော့တဲ့ လူတွေကိုပါ ရေတွက်ရင် သောင်းဂဏန်း အကြီးစား အထိ ရှိမယ်လို့ ထွက်ပေါ်လာတဲ့ သတင်းတွေအရ သိရသလို ဓာတ်ပုံတွေ၊ ဗွီဒီယိုသတင်းတွေကို ကြည့်ရင်လဲ သိသာပါတယ်။


ပြည်တွင်းက ပြည်သူတွေသာ မကပါဘူး။ ပြည်ပရောက် မြန်မာတွေဟာလဲ တစ်ချိန်လုံး လိုလို နားစွင့်နေကြ၊ စောင့်မျှော်နေကြဟန်တူပါတယ်။ တီဗွီ သို့မဟုတ် အင်တာနက် စာမျက်နှာတွေပေါ်က တစ်ဆင့်ပေါ့။ ပိုအဆင်ပြေသွားတာက လွှတ်တဲ့နေ့ဟာ စနေနေ့ (အားလပ်ရက်) ဖြစ်လို့ပါပဲ။

ဒါကို ကြည့်ရင် လူတွေဟာ သူမကို ဘယ်လောက် အထိ ချစ်သလဲ၊ မြတ်နိုးသလဲ၊ ယုံကြည် မျှော်လင့်သလဲ၊ ထောက်ခံသလဲ ဆိုတာ အလွန်တရမှာ သိသာ မြင်သာတဲ့ မြင်ကွင်းပါ။ ဒါ ဘာကြောင့်ပါလဲ

တကယ်တော့ ဒါတွေဟာ လူတွေ အပေါ်မှာ ထားတဲ့ သူမရဲ့ စေတနာ မေတ္တာတွေ ရောင်ပြန်ဟပ်တာလို့ ယုံကြည် ယူဆပါတယ်။

ပြည်သူ ပြည်သားတွေရဲ့ အပေါ်မှာ ထားတဲ့ သူမရဲ့ စေတနာက ဖြူစင်တယ်။ သူ့အကျိုး သူ့အတ္တ မပါဘူး။ တိုင်းပြည်ထဲ ပြန်အဝင်ခံမှာ မဟုတ်တဲ့ အတွက် ခင်ပွန်းသည် ဆုံးခါနီးမှာရော ဆုံးပြီးချိန်တွေမှာတောင် သွားမတွေ့ခဲ့ဘူး။ မိသားစု တစ်ခုလုံးကို တိုင်းပြည်အတွက် စွန့်ထားခဲ့တယ်။ တိုင်းပြည် ညီညွတ် တိုးတက် သာယာဝပြောရေး အတွက် ဘာအခွင့် အရေးနှင့်မှ မလဲခဲ့ဘူး။ ဒါကြောင့် သူ့စေတနာက သန့ှ်ရှင်းတယ်။ အရောင်ရောမှု မရှိဘူး။


အဲဒီလို စွန့်လွှတ် အနစ်နာခံတယ် ဆိုတာ မေတ္တာတရား ကြီးမား နက်ရှိုင်းလို့သာ လုပ်နိုင်တာပါ။ ကိုယ့်ကိုယ်ကို ချစ်တာနှင့် တိုင်းပြည်ကို ချစ်တာ တစ်ထပ်တည်း ထားနိုင်လို့သာ ဒီလို လုပ်နှိုင်တာပါ။ မိသားစုကို ချစ်တာထက် တိုင်းပြည်ကို ချစ်တာက ပိုနေတယ်။ ဘာသာရေး အရ ပြောရရင် ကာယကံမေတ္တာ၊ ဝစီကံ မေတ္တာ၊ မနောကံ မေတ္တာလို့ မေတ္တာ သုံမျိုး ရှိတဲ့ထဲက ကာယကံ မေတ္တာကို နှစ်ပေါင်းများစွာ မပြောက် မပျက် လက်တွေ့ ပြသနိုင်တဲ့ အတွက်ကြောင့် ပြည်သူ့ မေတ္တာ ပြန်ပြီး ရောင်ပြန်ဟပ်တာပါ။

စေတနာ မေတ္တာ ဒီလောက်ကြီးတော့လဲ ပြည်သူတွေ အပေါ်မှာ ထားတဲ့ ကတိ၊ သစ္စာက ခိုင်ခံ့ တည်ကြည်ပြီပေါ့လေ။ ဒါတွေကြောင့်လဲ ပြည်သူတွေက ဒီလောက် အထိ ချစ်မြတ်နိုးကြဟန် တူပါတယ်။

တကယ်တော့ သူမဟာ နှစ်ပေါင်း နှစ်ဆယ့် တစ်နှစ်မှာ ဆယ့်ငါးနှစ်လောက် အကျယ်ချုပ် ကျခံနေခဲ့ရတာမို့ လူထုနှင့် တွေ့ရချိန်က တကယ့် နည်းနည်းလေးရယ်ပါ။ ဒါပေမဲ့ မြန်မာပြည်သူတွေနှင့် ကမ္ဘြာ့ပည်သူတွေ၊ ကမ္ဘာ့ ထိပ်တန်း ခေါင်းဆောင်တွေရဲ့ နှစ်လုံးသားတွေကိုတော့ သိမ်းကြုံး ယူငင် ထွေးပွေ့ထားနိုင်သူ ဖြစ်နေပါတယ်။ ဒါကို ဒီနေ့ သတင်းတွေ၊ တုန့်ပြန်သံတွေက သက်သေ ပြနေပါတယ်။

အကောင်းဆုံ ပြယုဂ်ကတော့ ကမ္ဘာ့ ထိပ်ဆုံး နိုင်ငံကြီးရဲ့ သမ္မတ အိုဘားမားက ဒေါ်စုဟာ သူ့ရဲ့ သူရဲကောင်းပါလို့ ပြောသွားချက်ပါပဲ။ သူလွတ်လာတာကို ဝမ်းသာကြ၊ ကြိုဆိုကြတဲ့ ကမ္ဘာ့ ခေါင်းဆေင်တွေရဲ့ အသံတွေကို ၁၅ ရက် (တနင်္လာ) နေ့ အထိကြားနေရဆဲ ဖြစ်ပါတယ်။ ဥပမာ “မတရားမှုတွေကို ရဲရဲ ရင့်ရင့် ရင်ဆိုင်တဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဇွဲနှင့် သတ္တိဟာ အများအတွက် အားကျ အတုယူစရာ ဖြစ်တယ်” လို့ ဗြိတိသျှ ဝန်ကြီးချုပ် ဒေဗစ် ကင်မရွန်းရဲ့ အောက်လွှတ်တော်မှာ ပြောသွားတဲ့ စကားမျိုးတွေပါ။

၁၄၊ ၁၁၊ ၂၀၁၀ နေ့မှာတော့ ဗဟန်းမြို့နယ်က ရွေဂုံတိုင် လမ်းမှာရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ လူထုကို တွေ့ဆုံပြီး မိန့်ခွန်းပြောပါတယ်။ သူကို တွေ့ချင် မြင်ချင်၊ သူ့အသံကို ကြားချင်လို့ လာကြတဲ့ လူအုပ်ကြီးကို ကြည့်ရတာ ကြက်သီးတောင် ထလောက်ပါတယ်။ ပြီးတော့ စကားပြောတာက နေ့ခင်း ၁၂ နာရီ၊ ဒီလို ပူအိုက်လှတဲ့ အချိန်မျိုးမှာ သိန်းချီ ရှိနိုင်တဲ့ လူအုပ်ကြီး လာရောက်ကြည့်ကြတာ၊ သူ့မိန့်ခွန်းကို လာနားထောင်ကြတာတွေဟာ အလွန်အံ့သြစရာ ဖြစ်ရပါတယ်။





မြန်မာပြည်မှာ ဖြစ်နေကြပုံစံလို တစ်အိမ်တစ်ယောက် ဆင့်ခေါ်တာမျိုးလဲ မဟုတ်၊ မလိုက်နိုင်ရင် ဒဏ်ငွေပေးရတာလဲ မရှိ၊ မလာနိုင်လို့ အာဏာပိုင် အဆင့်ဆင့်ကို ကြောက်စရာ စိုးရိမ်စရာလဲ မလိုပဲ ဒီလိုလာပြီး ကြိုဆိုကြ၊ နားထောင်ကြတာဟာ အထက်မှာ ပြောခဲ့တဲ့ ပြည်သူတွေ အပေါ်မှာ ထားတဲ့ သူမရဲ့ စေတနာ၊ မေတ္တာတွေ ရောင်ပြန်ဟပ်တာပဲလို့ အခိုင် အမာ ယုံကြည်ကြောင်း ဆိုချင်ပါတယ်။

(ဓာတ်ပုံများမှာ အထက်ဆုံး ဓာတ်ပုံ သုံးပုံမှာ AP က ဖြစ်ပြီး၊ အောက်ဆုံး သုံးပုံမှာ Eleven Media Group မှ ယူထားပါသည်။)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP