* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, November 16, 2010

စုပေါင်းတရားထိုင်ပွဲနှင့်တရားတော်နာဖိတ်ကြားလွှာ

ဇယမင်္ဂလာဗုဒ္ဓ၀ိဟာရ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ

ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို….. မနက်ဖြန် (၁၇၊ ၁၁၊ ၂၀၁၀) ဗုဒ္ဓဟူးနေ့သည် အများပြည်သူ ရုံးပိတ်ရက်ဖြစ်သည့်အတွက် စင်္ကာပူနိုင်ငံ ဇယမင်္ဂလာဗုဒ္ဓ၀ိဟာရ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ၌ ပါရမီရှင်များပေါင်းစုကာ တရားထိုင်ခြင်း၊ တရားတော်နာယူမှတ်သားဆွေးနွေးခြင်းစသော သာသနာတော်၏ အနှစ်သာရ အခွင့်အရေးတစ်ခုကို တွေ့ဆုံကြုံကြိုက်ကြရမည် ဖြစ်ပါ၍ ပါဝင်ဆင်နွဲနိုင်ပါကြောင်း နှိုးဆော်အပ်ပါသည်။

ဓမ္မကထိကများ ။ ။ ဘဒ္ဒန္တပညာစက္ကမထေရ်မြတ် (မိုးကုတ်မြို့သား)
ဘဒ္ဒန္တဥတ္တရသာရ (ရင်တွင်းငြိမ်းချမ်းဆရာတော်)
ဒေါက်တာအရှင်ရာဟုလာ (နာယကချုပ်)

ကျင်းပမည့်အချိန်။ ။ နေ့လည် ၂း၀၀ နာရီ မှ ညနေ ၆း၀၀ နာရီ အထိ
ကျင်းပမည့်နေရာ။ ။ ဇယမင်္ဂလာဗုဒ္ဓ၀ိဟာရ (မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ)
23A, Jalan Mas Puteh, Near ESSO Station,
West Coast Road, Singapore 128628
Bus No.: ၃၀၊ ၁၄၃၊ ၅၁၊ ၇၈၊ ၂၈၅

မှတ်ချက်၊။ ရခိုင်မုန့်တီဖြင့် လှူဒါန်းပါမည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP