* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, November 16, 2010

ဓမ္မသင်တန်း

Sunday, 14 November 2010 15:46 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

ဒေါက်တာအရှင်ဉာဏဝရ၏ တရားသင်တန်း

တရားချစ်ခင် သူတော်စင်အပေါင်းတို့ အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ်၊ ပေါ့တလန်မြို့၊ သိရီမင်္ဂလာဘုန်းတော်ကြီး ကျောင်းမှာ 2010၊ နိုဝင်ဘာလ ၁၃-ရက်နေ့ညမှ- ၁၉-ရက်နေ့ညအထိ ၇-ညတိုင်တိုင် ညစဉ် ၈နာရီအချိန်မှာ ကာလီဖိုးနီးယား ပြည်နယ်၊ လော့စ်အိန်ဂျလိစ်၊ အဇူဇာကျောင်းမှ ဆရာတော် ဒေါက်တာ ဉာဏဝရ ပိဋကတစ်ပုံဆောင်၊ သာသနဓဇဓမ္မာစရိယ၊ အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားတက္ကသိုလ်မှ BA, MA, PHDဘွဲ့ရ ဆရာတော် အရှင်သူမြတ်မှ တရားတော်များ ချီးမြှင့်ဟောကြား တရားသင်တန်းများ ပို့ချပေးမည်ဖြစ်ပါသည်။

အောက်ပါဆိုဒ်များမှ တိုက်ရိုက် ၀င်ရောက်နာယူနိုင်ပါသည်။

၁. http://www.ashinsirinda.com/ livevideo

၂. http://www.myanmartube.net/video/16/

၃.http://livedhamma.com/

မြတ်စွာဘုရားရှင်၏ အဆုံးအမ သာသနာတော်သည် နှစ်ပေါင်း ၂၅၀၀ ကျော်တည်ရှိခဲ့ပြီးဖြစ်ပါသည်။

ဖြစ်ပျက် ပြောင်းလဲတတ်သော သင်္ခါရ သဘောတရားအရ နှစ်ပေါင်း ၂၅၀၀ကျော်လောက်က ဒေသ၊ ကာလ၊ နိုင်ငံရေးစသည့် အကြောင်း အစုံစုံတို့ကြောင့် ဗုဒ္ဓသာသနာတော်သည် အမျိုးမျိုး အဖုံဖုံ ပြောင်းလဲခဲ့ပါသည်။

သို့ဖြင့်--- ယနေ့ခေတ်၌

ထေရဝါဒ

မဟာယာန

ဝဇိရယာန ဟူသော ဗုဒ္ဓဘာသာဂိုဏ်းကြီးများ၏ ဖြစ်ပေါ်လာမှု သမိုင်းစဉ်များကို တင်ပြမည်ဖြစ်ပါသည်။ ထိုဂိုဏ်ကြီဒများ၏ တူညီသည့် အယူအဆ၊ ကွဲပြားသည့် အယူအဆများကိုလဲ နှိုင်းယှဉ်တင်ပြရင်း- ဗုဒ္ဓ ဓမ္မအနှစ်သာရများကို ကောက်ချက်ချ မည်ဖြစ်ပါသည်။

အကြောင်းအားလျှော်စွာ အခြားသော “ဟိန္ဒူ”စသည့် ဘာသာတရားကြီးများနှင့်လည်း ယှဉ်တွဲတင်ပြသွားမည် ဖြစ်ပါသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP