* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, November 16, 2010

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ စုပေါင်းမဟာဘုံကထိန်ပွဲ

ဘန်ကောက် ၁၄-၁၁-၂၀၁၀၊

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ခေအရပ်ရှိ ဝပ်တလုမ်ကျောင်းတိုက်တွင်၊ စုပေါင်းမဟာ ဘုံကထိန်ပွဲကြီး တစ်ရပ်ကို စည်ကားသိုက်မြိုက်စွာဖြင့်၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားများမှ စုပေါင်း၍၊ ယနေ့ ပြုလုပ်ကျင်းပခဲ့ပြီး ပရိဿတ်အင်အား တစ်ထောင်ကျော်ခန့် လာရောက်ကာ ကထိန်အနုမောဒနာ တရားများ နာယူကြကြောင်း ကြားသိရပါသည်၊

တရားနာ ပရိဿတ်များ

အခန်းအနားကို အစီအစဉ်ကိုးရပ်ဖြင့် ကျင်းပခဲ့ပြီး ဝပ်တလုမ်ကျောင်းတိုက်တွင် သီးတင်းသုံးနေတော်မူ သော ဦးခေမာဝံသ မှ ကထိန်အနုမောဒနာ တရားကို ချီးမြင့်ပေးခဲ့ကြောင်း၊ ဝပ်တလုမ်ကျောင်းတိုက်၏ ပဓာန နာယကဆရာတော် ဖရမဟာဘုန်းထိန်ဇုတိနြေ္ဒာ ကလည်း မြန်မာရဟန်းတော်များနှင့် ကြွရောက်လာကြသော တရားနာ ပရိဿတ်အား သြဝါဒ စကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။


ဝပ်တလုမ်ကျောင်းရှိ မြန်မာသံဃာတော်များအား ဆွမ်းဆက်ကပ်နေစဉ်

၎င်းဝပ်တလုမ်ကျောင်းတိုက်တွင် မြန်မာရဟန်းတော် ၁၀၀ ကျော်နှင့် ဘင်္ဂလား လာအို ကမ္ဘောဒီးယား အိန္ဒိယ သီရိလင်္ကာ စသောနိုင်ငံများမှ ရဟန်းတော်များ သီတင်းသုံးနေထိုင်ကာ ထိုင်းနိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်းကြားနေကြကြောင်း၊ သိရှိရပါသည်။


သံဃာတော်များ ဆွမ်းဘုဉ်းပေးတော်မူနေစဉ်

ယခုလက်ရှိအချိန်တွင် မြန်မာရဟန်းတော် ၁၀၀ ကျော်အပါအဝင် နိုင်ငံတကာ ရဟန်းတော်များ ၄၀၀ ကျော်သီးတင်းသုံးနေထိုင်းကြကြောင်း၊ သို့သော် နေရာအခက်များရှိနေသည့်အတွက် နောက်ထပ် ငါးထပ်ကျောင်းဆောင် တစ်ဆောင်ကို ဆောက်လုပ်ကာ မြန်မာအပါအဝင် နိုင်ငံတကာမှ ရဟန်းတော်များကို တိုးချဲ့လက်ခံသွားမည် ဖြစ်ကြောင်း ဆရာတော်မှ မိန့်ကြားခဲ့ပါသည်။

ပရိဿတ်များအား မြန်မာမုန့်ဟင်းခါးဖြင့် ဧည့်ခံနေစဉ်

ယနေ့ပြုလုပ်ခဲ့သော ကထိန်ပွဲလာ ပရိဿတ်များမှာ ထောင်ကျော်နေသဖြင့်၊ မြန်မာများတင်မက ထိုင်းများကပါ အံ့အားသင့်ခဲ့ရကြောင်းနှင့် နစ်စဉ်နှစ်တိုင်းလည်း ယခုကဲ့သို တက်ညီလက်ညီ ဆောက်ရွက်သွားကြပါက၊ ယခု ဒုတိယအကြိမ်မှသည် နောင် အကြိမ်ပေါင်းများစွာ ဖြစ်လာအုံးမည် ဖြစ်ကြောင်း ဝပ်တလုမ်ကျောင်းဆရာတော်မှ မိန့်ကြားခဲ့ပါသည်။

သင်္ကန်း အရောင်းဌာန

ယခုအခါ ၄င်းဝပ်တလုမ်ကျောင်းတိုက်ကြီးတွင် မြန်မာများအတွက် သာရေးနာရေး ဘာသာရေး ပွဲလမ်းသဘင်များကို ဆင်နွဲရန် ဆရာတော်မှ ခွင့်ပြုပေးထားသဖြင့် ပြည်ပတွင် နေကြရသော မြန်မာများအတွက် ခိုကိုးစရာ အရိပ်အာဝါသကြီးသဖွယ် ဖြစ်နေပြီး၊ ဝပ်တလုမ်ကျောင်းကို မရောက်ဖူးလျှင် ဘန်ကောက်ကို ရောက်ဖူးသည် မမည် ဟု ဆိုရလောက်အောင် မြန်မာများ ဝင်ထွက်သွားလာနေကြကြောင်း သိရှိရပါသည်။

ဦးရွှေရိုးအကဖြင့် ကပြဖျော်ဖြေနေစဉ်

ကထိန်လှည့်လည်နေကြစဉ်

ကထိန်လှည့်နေကြစဉ်

ကထိန်လှည့်လည်နေသော ဝတ်အဖွဲ့သားများ
0 comments Links to this post

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP