* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, November 16, 2010

အဘိညာဉ်ဇောစိတ်တကြိမ်နဲ့ ဘ၀များစွာကို သိနိုင်တယ်ဆိုတာ ဟုတ်ပါမည်လား

ဒကာ။ ။ သင်္ဂြိုဟ်ကျမ်းက (မဂ္ဂါဘိညာ သကိံ မတာ) လို့ဆိုထားတဲ့အတိုင်း မဂ်ဇော အဘိညာဉ်ဇောတို့ဟာ တကြိမ်သာ စောရိုး ဖြစ်ရိုး ရှိကောင်းတယ်လို့ ဆိုတော့ကာ အဲဒီ ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်ဇောစိတ်ကလေး တကြိမ်တည်းနဲ့ ဘ၀များစွာက ဖြစ်လာသမျှ အာရုံ ဘ၀အစဉ်တွေကို ဘယ်လိုလုပ်ပြီး သိတာပါလဲ ဆရာတော်၊ မိန့်ကြားပါဦး ဘုရား၊ အဘိညာဉ်ဇောစိတ် တကြိမ်က ဖြစ်ပြီးပျက်သွားတာပဲဟာ၊ တစ်ခဏသာ ဖြစ်တာမဟုတ်လား။
ဆရာ။ ။ ဟုတ်ပါတယ်၊ အဘိညာဉ်ဇောစိတ်ကတော့ တစ်ဝီထိမှာ တစ်ကြိမ်သာ ဖြစ်ပြီးတော့ ပျက်သွားတာပဲ၊ နောက်ထပ် မဖြစ်တော့ဘူး။
ဒါပေမဲ့ အဲဒီ အဘိညာဉ်ဇော သတ္တိစွမ်းအင်နဲ့ ထိုထိုဘ၀များစွာတို့၌ ဖြစ်ခဲ့ရတဲ့ ဖြစ်ပုံ အမျိုးမျိုးတွေကို မသိနိုင်အောင် ဖုံးကွယ်ပိတ်ဆီးထားတဲ့ မောဟအ၀ိဇ္ဇာကို ရိုက်ချိုး ဖျက်ဆီး ပယ်ရှင်းပေးလိုက်တယ်။
ယင်း အဘိညာဉ်ဝီထိရဲ့ နောက်မှာမှ ဘ၀ပေါင်းများစွာက ဖြစ်ခဲ့သမျှ တွေ့ကြုံခဲ့သမျှ ကောင်းဆိုးအာရုံ ပုံစံအမျိုးမျိုးတွေကို ဆင်ခြင်တဲ့ ပစ္စဝေက္ခဏာဝီထိနဲ့ အဆက်မပြတ် တဆက်တည်း အဆင့်ဆင့် သိမြင်တွေ့ရှိရတော့သည် တဲ့၊ ကဲ ရှင်းရဲ့လား။
ဒကာ။ ။ ခုမှပဲ ရှင်းတော့တယ်၊ ဒါကိုသိချင်နေတာကြာပြီ ဆရာတော်၊ ဒကာကြီးတို့က စာပေကြည့်ရှုရှင်းနိုင်တဲ့ ဉာဏ်မရှိတော့ ကြားသိဉာဏ်ပဲ အားကိုးမေးမြန်းရတယ်…ဘုရား။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP