* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, November 16, 2010

ဗုဒ္ဓဘာသာ ၀တ်ပြုဆုတောင်းပွဲ

၁၄-၁၁-၂၀၁၀ တနင်္ဂနွေနေ့။ ယနေ့ နံက်ပိုင်း ၁၀ နာရီအချိန်က ပူနေးမြို့ ပူနေးတက္က သိုလ်အတွင်းရှိ ဗုဒ္ဓ၀ိဟာရတွင် အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာ အသင်းသားများစုပေါင်း၍ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာနှင့်အညီ ၀တ်ပြု ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြသည်။ အကြောင်းမှာ အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာအသင်းတော်၏ အထွေ ထွေ အတွင်းရေးမှူးဖြစ်သူ မစ္စတာ ဆန်ဂျေး တန်ဘာဘဂိတ်သည် ယခုအခါ အဆုတ်ကင် ဆာ(သံသ ယ) ဖြင့် ဆေးရုံတက် ရောက် ကုသနေရသည်မှာ သီတင်း သုံးပတ်ကျော်ကြာခဲ့ပြီဖြစ်သည်။ ၄င်း သည် ပူနေးတက္က သိုလ် ပါဠိဌာန နှင့် ဆန်စစ်ကရာစ်ဌာနတို့၏ သင်တန်းပြ ပရောဖက်ဆာ တစ်ဦးဖြစ်ပြီး ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်သူ၊ ဗုဒ္ဓဘာသာ တိုးတက်ပြန့်ပွားရေးအတွက် အားထုတ်ကြိုးပမ်း ဆောင်ရွက်နေ သူလည်းဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာအသင်းတော်ကြီးဖြစ် ပေါ်လာစေရန် စတင်ကြိုးပမ်း အားထုတ်ခဲ့သူဖြစ်ပြီး မြန်မာ ရဟန်းတော် အရှင်ကုသလ ပို့ချသော အဘိဓမ္မာသင်တန်းကို ကိုယ်တိုင် ဦးဆောင်၍ နေ့စဉ်နေ့တိုင်း တက် ရောက် သင်ကြားခဲ့သူလည်းဖြစ်သည်။ မစ္စတာ ဆန်ဂျေး တွေ့ကြုံနေရသော ရောဂါ ဝေဒနာများ ကင်းပျောက် စေရန် ဟူသော ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ ၀တ်ပြုဆုတောင်းပွဲကို ပြုလုပ် ရခြင်းဖြစ်သည်။


အခမ်းအနားအစီအစဉ်

အခမ်းအနားသို့ ကိုရီးယား၊ သီရလင်္ကာ၊ မြန်မာ၊ ထိုင်း။ ဘင်္ဂလားဒေ့ရှ်၊ တိဘက်တန်နှင့် အိန္ဒိယနိုင်ငံတို့မှ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်လာကြသည်။ အခမ်းအနား အစီအစဉ်များနှင့် ၀တ်ပြုဆုတောင်းပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ၀တ်ပြုဆုတောင်းပွဲကို ကမကထပြု ဆောင်ရွက်သူ မြန်မာရဟန်းတော် အရှင်ကုသလ က ရှေးဦးစွာ တင်ပြသည်။ ပထမပိုင်း အန္တရယ်ကင်း ပရိတ်တရားများကို ရွတ်ဆိုမှု အစီအစဉ်တွင် မင်္ဂလသုတ်၊ ရတနသုတ်၊ မေတ္တာသုတ်နှင့် ဗောဇ္ဈင်္ဂသုတ်တို့ကို စုပေါင်းရွတ် ဆိုကြသည်။ ထို့နောက် တစ်ဦးချင်း ရွတ်ဆိုမှုအစီအစဉ်တွင် အိန္ဒိယ(လားမား) ရဟန်းတော် အရှင်သုဒဿန က ဂိရိမာလသုတ်၊ သီရိလင်္ကာရဟန်းတော် အရှင်ကုမာရကဿပ က မင်္ဂလသုတ်၊ ရတနာသုတ်အမွှမ်းနှင့် ဆုတောင်း၊ မြန်မာရဟန်းတော် အရှင်ကုသလ က အနေကဇာတင်ပါဠိ၊ ဘင်္ဂလားဒေ့ရှ် ရဟန်းတော် အရှင်ဒီပနန္ဒက ဇိနပညာဇရသုတ်၊ ကိုရီး ယား (မဟာယာန) ရဟန်းတော် သူရီး က ကိုရီးယားဘာသာဖြင့် ၀တ်ပြု ဆုတောင်းလွှာ၊ မစ္စတာ တက်ရှီက တိဘက်တ် မန္တရဂါထာများကို နိုင်ငံအလိုက် အသီးအသီး ရွတ်ဆိုကြသည်။


အစီအစဉ် ဒုတိယပိုင်းတွင် အားလုံး တိတ်ဆိတ်စွာ ထိုင်ကြလျက် မေတ္တာကမ္မဋ္ဌာန်းစီးဖြန်း၍ မေတ္တာပို့ လွှတ်မှုအစီအစဉ်ကို (၁၀ မိနစ်ကြာ) ပြုလုပ်ကြသည်။ ထိုအချိန်တွင် အားလုံး၏ စိတ်သည် ရောဂါဘယ ကျရောက်နေသော မစ္စတာ ဆန်ဂျေးကို အာရုံယူ၍ အဝေရော ဟောတု= ဘေးရန်ကင်းပါစေ၊ အဗျာပဇ္ဖော ဟောတု=ကိုယ်ဆင်းရဲ ကင်းပါစေ၊ အနီဃော ဟောတု= စိတ်ဆင်းရဲ ကင်းပါစေ၊ သုခီ အတ္တာနံ ပရိဟရန္တု=မိမိခန္ဓာကိုယ်ကို ကောင်းစွာ ဆောင်ရွက်နိုင်ပါစေဟု မေတ္တာသဘောတရားကို အထပ်ထပ် ထုံမွှမ်းကြသည်။ မေတ္တာဘာဝနာ ပွားများပြီးနောက် ပြုသမျှ ကုသိုလ်ကောင်းမှုကြောင့် နိဗ္ဗာန်ရောက်ရပါလို၏။ အများသတ္တ၀ါတို့အားလည်း ကုသိုလ်အမျှ ဝေငှပါ၏။ ဘုရား၊ တရား သံဃာတို့အား လောကုတ္တရာ တရားကိုးပါးအားလျှော်သော ကျင့်ဝတ်ပဋိပတ်ဖြင့် ပူဇော်ပါ၏ ဟု ဆုတောင်း၊ အမျှဝေ၍ ၀တ်ပြု ဆုတောင်းပွဲကို နံက် ၁၁ နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြသည်။ ထို့နောက် နေ့လည်စာကို ဗုဒ္ဓ၀ိဟာရကျောင်း တိုက်မှာပင် စုပေါင်းစားသောက်ကြသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP