* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, April 22, 2010

“လူသားဖြစ်ကြောင်းသက်သေ”

Posted 3:41 AM by ကိုနော in Labels:

ငါကြောက်တတ်တာ ငါ သိတယ်
ကြောက်ရွံ့မှုရဲ့ လိုအပ်ချက်ကို ငါ သိတယ်
ကြောက်ရွံ့မှုမှ ကာကွယ်ဖို့ ကိုယ်ကိုမတ်လိုက်တယ်
တံခါးပေါက်တိုင်းမှာ ဒရ၀မ်လိုအပ်တယ်လေ….၊
ငါ့ကိုယ်ငါ ငါဖြစ်ကြောင်းသက်သေပြဖို့
နေ့တိုင်း ငါ့အိပ်ကပ်ထဲမှာ ငါ့သက်သေတွေ ထည့်ထားတယ်….။

လူတွေထဲက လူသားဖြစ်ကြောင်းသက်သေတွေ
ငါ့ဆီမှာ မရှိဘူးဆိုတာ ငါသိတယ်..။
ဒရ၀မ်မျက်လုံးတွေကိုကျော်ပြီး
အထဲဝင်ဖို့ အမြဲကြံစည်နေတာကို
ငါမျက်လုံးတွေက ပြသလိုက်တယ်….၊
မျက်လုံးတွေပြလို့
ဒရ၀မ်ကြောက်မသွားတာကို သဘောမကျဘူး….၊
ခြိမ်းခြောက်မှု,တပ်မက်မှုတွေကြောင့်
အရောင်ထွက်ပြီးစိန်ခေါ်နေတဲ့
ဒရ၀မ်ရဲ့မျက်လုံးတွေ ခေါင်းငုံ့သွားစေချင်တယ်…၊

လူသားဖြစ်ကြောင်းသက်သေတွေပြပြီး
ဒရ၀မ်ကို မကြောက်ရအောင် ငါ တည်ဆောက်ချင်တယ်….။

ကိုနော
၂၁.၄.၂၀၁၀
[က၀ိတာအဂ်ျကလ်မှမိထိလစ်ရှ်ရှရီဝတ်စတော၏အာဒမီဟိုနေးကာပရ်မာန်းကိုပြန်ဆိုသည်။]

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP