* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, April 22, 2010

နွေဦးလုပ်အားဒါန (၁၇-ဧပြီ-၂၀၁၀)

၁၃၇၂ ခုနှစ် ကဆုန်လဆန်း ၅ ရက် မြန်မာနှစ်ဆန်း တစ်ရက်နေ့၂၀၁၀ ခုနှစ် ဧပြီလ ၁၇ ရက် စနေနေ့တွင် နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာ၌ နွေဦးလုပ်အားဒါနပေးလှူကြရာ
  • နယူးဂျာစီကျောင်း ဆရာတော်များအား နေ့ဆွမ်း ဆက်ကပ်ခြင်း၊
  • လောကချမ်းသာစေတီတော်ရင်ပြင်နှင့် မုခ်ဝလှေကားဆင့်များရှိ စုပုံထားသော ငြမ်းပစ္စည်းများ ရှင်းလင်းခြင်း၊
  • ရာသီဥတုကြောင့် ပျက်စီးသွားသော ခြံစည်းရိုးသစ်ပင်များကို ရှင်းလင်းခြင်း၊ ခြံစည်းရိုး သစ်ပင်များကို ပြုပြင်ပေးခြင်း၊
  • နယူးဂျာစီရိပ်သာကျောင်း မြေအောက်ခန်း ပြင်ဆင် ဆောင်ရွက်ခြင်း၊
  • ပုံလောင်းပြီး အင်္ဂတေကနုတ်ပန်းများကို အပေါက်များဖောက်ခြင်း၊ ကနုတ်ပန်းအသစ်များ ပုံလောင်းခြင်းတို့ကို စုပေါင်း ဆောင်ရွက်ကြသည်။

မိုးရွာမည်ဟု မိုးလေဝသဌာနက ခန့်မှန်းထားခဲ့သော်လည်း တစ်နေ့လုံးနီးပါး မိုးမရွာခဲ့။
နေ့ခင်းတွင် အပူချိန် ၆၀ ဒီဂရီ ဝန်းကျင်ရှိသော်လည်း မွန်းလွဲပိုင်းတွင် ၅၀ ဒီဂရီ ဝန်းကျင်သို့ ကျဆင်းသွားသဖြင့် အနည်းငယ် အေးလာ၏။

လုပ်အားပေးမည့်သူ အချို့ မရောက်လာသဖြင့် ခြံစည်းရိုးသစ်ပင်များ မစိုက်ပျိုးနိုင်ခဲ့ပေ။

ဉာဏအား ကာယအားတို့ဖြင့် စဉ်ဆက်မပြတ် လှူဒါန်းနေရသည်ကို အားမရသေးသဖြင့် လောကချမ်းသာ ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော်ကြီးတွင် အိပ်ခန်းတစ်ခန်းကို အင်ဂျင်နီယာ ဦးမောင်မောင်နှင့် ဒေါ်မြတ်မြတ်တို့ ဇနီးမောင်နှံက လှူဒါန်းကာ ရေစက်သွန်းချ ကောင်းမှုကုသိုလ်အမျှ ပေးဝေသွားခဲ့လေသည်။

သာဓု ... သာဓု ... သာဓု။

+++++

နယူးဂျာစီရိပ်သာကျောင်း ဆရာတော်များအား စုပေါင်း နေ့ဆွမ်း ဆက်ကပ် -






+++++

လောကချမ်းသာစေတီတော်ရင်ပြင်နှင့် မုခ်ဝလှေကားဆင့်များရှိ စုပုံထားသော ငြမ်းပစ္စည်းများ ရှင်းလင်း -














(အနောက်ဘက်မုခ်)

(တောင်ဘက်မုခ်)

(အရှေ့ဘက်မုခ်)

(မြောက်ဘက်မုခ်)

+++++

ရာသီဥတုကြောင့် ပျက်စီးသွားသော ခြံစည်းရိုးသစ်ပင်များကို ရှင်းလင်း၊



ခြံစည်းရိုးသစ်ပင်များ ပြုပြင် -


စိုက်ပျိုးမည့် ခြံစည်းရိုး သစ်ပင်များ -


+++++

နယူးဂျာစီရိပ်သာကျောင်း မြေအောက်ခန်းတွင် ပြင်ဆင် ဆောင်ရွက် -



+++++

လောကချမ်းသာစေတီတော် ပလ္လင်ခုံပတ်လည်တွင် အလှဆင်မည့် အင်္ဂတေကနုတ်ပန်းများကို ကိုယ်တိုင်ကိုယ်ကျ ပုံလောင်း ပြုလုပ်ကြ -





















+++++

လောကချမ်းသာ ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော်ကြီး၏ အိပ်ခန်းတစ်ခန်း လှူဒါန်း ရေစက်ချ-

0 comments

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP