* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, April 22, 2010

ပဋ္ဌာန်း (၂၄ ) ပစ္စည်း အဓိပ္ပါယ်အကျဉ်းလင်္ကာ

ဟေတုဆိုတာ အကြောင်းတရားပေါ့

အာရုံများမတော့ အာရမ္မဏာ

ကြီးမှူးဖြစ်တာ အဓိပတိပေါ့

အခြားမဲ့မတော့ အနန္တရာ


သမနန်မှာ ကောင်းစွာအခြားမဲ့

တကွဖြစ်ရဲ့ သဟဇာ

အညမညာ ပြန်လှန်ဖြစ်၍

နိဿယဓလေ့ မှီခိုရာ ။


အားကြီးမှီရာ ဥပနိဿ်မို့

ရှေး၌ဖြစ်လို့ ပုရေဇာ

နောက်မှ ပစ္ဆာ / အာသေဝနတော့

အဖန်တလဲလဲ မှီဝဲတာ ။


ကမ္မဆိုတာ မျိုးစေ့ပေါ့ဗျ

ဝိပါကက အကျိုးပါ ။

ထောက်ပံ့ခိုင်တာ အာဟာရပေါ့

အစိုးရတော့ ဣန္ဒြိယာ


ဈာနဆိုတာ ကပ်ရှုရလို့

မဂ္ဂကတော့ လမ်းကြောင်းပါ ။

ယှဉ်ဖက်ဖြစ်တာ သမ္ပယုတ္တပေါ့

ဝိပ္ပယုတ်မတော့ မယှဉ်ပါ ။


အတ္ထိဆိုတာ ရှိသည်ဖြစ်လို့

နတ္ထိပေမို့ မရှိပါ ။

ဝိဂတမှာ ကင်းသည်ဖြစ်၍

အဝိဂတဓလေ့ မကင်းပါ ။



နှစ်ဆယ့်လေးဖြာ ပစ္စည်းတရားကို

မြတ်စွာဘုရားဟောခဲ့တာ ။

ချဲ့လျှင်မကုန် ချုံ့မလုံမို့

အထုံဓလေ့ ဖြစ်ဖို့ရာ ။

သင်ပါ မှတ်ပါ ကျင့်ကြပါကွဲ့

မပျင်းကြနဲ့ ထိုက်သင့်စွာ ။

လေ့လာ ကျင့်ပါ ။



အရှင်ဝိသာရဒ (ရမ္မာဝတီ)


ဤလင်္ကာကို ကလေးများအတွက် ရည်ရွယ်၍ ရေးသားသင်ပြခဲ့ဖူးပါသည်။

ယခုအခါ ပဋ္ဌာန်းတရားတော်မြတ်ကို စိတ်ပါဝင်စားစွာ လေ့လာသင်ယူ

နေကြသော လှူုငယ်လူရွယ်များအတွက် ရည်ရွယ်၍ ဘလော့စာမျက်နှာ

ပေါ်သို့ တင်လိုက်ရပါ၏။


ချဲ့၍လည်းမကုန်နိုင်၊ ချုံ့၍လည်းမလုံနိုင်သော ပဋ္ဌာန်းတရားတော်မြတ်ကို

စွမ်းနိုင်သမျှ သင်ကြားလေ့ကျင့်နိုင်ကြပါစေသတည်း။


ဤလင်္ကာ၌ အမြင်မတော် အဓိပ္ပါယ်လွဲချော်သည်များကို တွေ့မြင်တော်မူ

ကြပါက လျစ်လျူမရှုမူ၍ ဆုံးမတော်မူကြပါမည့်အကြောင်း ပညာ့ရှင်တို့အား

ရိုကျိုးစွာ ဖိတ်မန်ရပါ၏ ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP