* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, April 22, 2010

သက္ကရာဇ် အမေးအဖြေ ရှင်းလင်းချက်။

မေး။ ။ မောင်အောင်ကျော်ဇော။ ။ အရှင်ဘုရား မဟာသက္ကရာဇ်၊ သာသနာသက္ကရာဇ်၊ ကောဇာသက္ကရာဇ်၊ ခရစ်နစ်၊ အေဒီ၊ ဘီစီ ခုနစ်များကို အကျယ်သိလိုပါသည်ဘုရား ကျေးဇူးပြု၍ ဖြေကြားပေးတော်မူပါရန် လျှောက်ထားအပ်ပါသည်ဘုရား။

ဖြေ။ ။ ကာလဒေဝီလရသေ့နှင့် ဘိုးတော်အဉ္ဖနမင်းကြီင်္းတို့ တည်ထားခဲ့သော သက္ကရာဇ်ကို မဟာသက္ကရာဇ် ဟုခေါ်သည်။ မြတ်စွာဘုရားအလောင်းတော်ကို ၄င်း မဟာသက္ကရာဇ် ၆၈ ခုနစ်တွင် ဖွားမြင်တော်မူသည်။

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက်၊ ပထမသင်္ဃာယနာတင်သောနစ်တွင် အရှင်မဟာကဿပ နှင့် အဇာတသတ်မင်းကြီင်္းတို့ ထားခဲ့သောနစ်မှစ၍ ရေတွက်သောနစ်ကို သာသနာသက္ကရာဇ်ဟု ခေါ်သည်။

သာသနာသက္ကရာဇ် ၆၂၂ ကို သရေခေတ္တရာပြည် သုမုန္ဒြီင်္မင်းတစ်ကြိမ် နှင့်၊ သုမုန္ဒြီင်္မင်း တည်ခဲ့သော သက္ကရာဇ် ၅၆၀ သို့ရောက်သောအခါ၊ ပုဂံပုပ္ပါးစောရဟန်း သင်္ဃရာဇာမင်း တစ်ကြိမ်ဖြိုခွင်း၍၊ တည်ထားသောနစ်သည်။ ယခု လက်ရှိခေါ်ဝေါ အသုံးပြုနေသော မြန်မာသက္ကရာဇ်ဖြစ်လာ၏။

ထို့ကြောင့်=၆၂၂ + ၅၆၀=၁၁၈၂ နှင့် လက်ရှိ မြန်မာသက္ကရာဇ်ကို ပေါင်းလျှင် သာသနာသက္ကရာဇ် ဖြစ်လာ၏။

သာသနာနစ် ၅၄၄ သို့အရောက်တွင် ခရစ်တော်ကို မွေးဖွား၍၊ ထိုအချိန်မှ စ၍ရေတွက်သော နစ်ကို၊ ခရစ်နစ်ဟုခေါ်သည်။ ထို့ကြောင့်=၅၄၄ တွင်၊ ခရစ်သက္ကရာဇ်ကို ပေါင်းလျှင် သာသနာနစ်ဖြစ်၏။

ဘီစီင်္ ဟူသည်မှာ၊ Before Christ ခရစ်တော်မပေါ်မီ ဟုအဓိပ္ပါယ်ရ၏။
ဘေဒီ ဟူသည်မှာ၊ Anno Domini ငါတို့ဘုရားသခင်နစ် ဟု အဓိပ္ပါယ်ရ၏။ ယခုလက်ရှိ အသုံးပြုနေသော အင်္ဂလိပ်နစ်ကို ခေါ်သည်။

သာဓကမှာ= B-C ငါးရာစုဟုဆိုလျှင်၊ ခရစ်တော်မပေါ်မီ နစ်ငါးရာ။ A-D ငါးရာစုဟု ဆိုလျှင်၊ ခရစ်တော်ပေါ်ပြီး နစ်ငါးရာ။

အကျယ်သိလိုလျှင်=ဦးကြည် BA, B.E.D,B.A.L ၏ မြန်မာရာဇဝင် အခြေပြုကျမ်း စာမျက်နှာ ၂၆- တွင် ရှု့ပါလေ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP