* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, April 22, 2010

ကျေးဇူးတင်ပါသည်။

ကံသည် အကျိုးပေး၏၊ ကံဟူသည် အလုပ်၊ ဘာလုပ်လို့ ဘာတွေ အကျိုးပေးသနည်း ဟူမူကား၊ ကျောင်းသားများရဲ့ ကျိုးစားမှု (အလုပ်) ကြောင့် ရလာဒ်ကောင်းများ (အကျိုးများ)ရရှိသည်။ မနေ့က ရေအခက်အခဲကြောင့် ကျောင်းသားများရဲ့ လှုပ်ရှားမှုတစ်ရပ်သည် အတော်လေးထိရောက်သည်၊ အကျိုးသက်ရောက်မှုရှိလှသည်။
ပူနေးသတင်းမှာ နိုင်ငံခြားကျောင်းသား အဆောင်နှင့်ပတ်သက်ပြီး လိုအပ်ချက်များ အကုန်ပါလာသည်၊ ရေပြဿနာ၊ ရေခဲသေတ္တာအခက်ခဲ၊ သောက်ရေသန့်အခက်ခဲ စသည့်များ ပါလာသည်။

ချက်ချင်းပဲ ၂၄ နာရီ ရေချိုးခန်း အိမ်သာ အားလုံး ရေရသည်။ ကျေးဇူးကြီးမားလှပါသည်၊ အိန္ဒိယနိုင်ငံတွင် ကျောင်းသားများက (သို့မဟုတ်) ပြည်သူများက ကိုယ့်မှာ ဘာအခက်ခဲရှိသလဲ၊ ထိုအခက်အခဲအတွက် ပြောဆိုပိုင်ခွင့်ရှိသည်၊ တောင်းဆိုခွင့်ရှိသည်၊ နေရာအနံ့အပြားမှာ အခက်အခဲများကို တောင်းဆိုနေကြသည်ကို တွေ့နိုင်ပါသည်၊ ဒါကိုပဲ ဆန္ဒပြသည်ဟူ၍ခေါ်ကြသည်။ ဆန္ဒပြသည်ဟူသည်မှာ ၀ရုန်းသုန်းကား အကြမ်းဖက်မှုမျိုး မဟုတ်ဘဲ ငြိမ်းချမ်းစွာ လိုအပ်ချက်များကို တောင်းဆိုခြင်းမျှသာ ဖြစ်ပါသည်။ ထိုသို့ ဆန္ဒပြခြင်းကြောင့် မည်သည့်အာဏာပိုင်များကမှ အနှောက်အယှက် မပေးသည့်အပြင် အစောင့်အရှောက်ပင် ပေးလိုက်သေးသည်။ ထိုသို့ဆန္ဒပြမှသာလျင် ပြည်သူတွေရဲ့လိုအပ်ချက်၊ ကျောင်းသားတွေရဲ့ လိုအပ်ချက်တွေကို အစိုးရကသိပါလိမ့်မည်၊ လုပ်ငန်းကြီးများစွာ အလုပ်လုပ်နေရသော အစိုးရသည် နေရာတိုင်းရဲ့ လိုအပ်ချက်တွေကို မသိနိုင်ပါ၊ ထိုသို့ တောင်းဆိုမှသာလျင် အစိုးရက သိသည်။ ဘာမှ မတောင်းဘဲ ဘာမှ ပေးမည်မဟုတ်၊ ထိုသို့တောင်းဆိုခြင်းကြောင့်သာ အစိုးရသည် ပြဿနာကို ချက်ချင်းပြေလည်အောင် ဖြေရှင်းပေးလေ့ရှိသည်ကို တွေ့ရသည်။ အစိုးရနှင့် ပြည်သူတို့၏အကြားသည် မိသားစုသဖွယ် အချင်းချင်း နားလည်မှုတွေ ပေးကာ ဟန်ချက်ညီညီ ရှေ့သို့ချီတက်ကြလေသည်။ ဤသည်ပင် မေတ္တာ ကရုဏာ အငွေ့အသက်လေးတွေပဲ ဖြစ်ပါသည်။

ယခု နိုင်ငံခြားကျောင်း(အမျိုးသား၊ အမျိုးသမီး)ဆောင်တို့၌ လိုအပ်ချက်များကို ကျောင်းသားခေါင်းဆောင်များက ကျောင်းသားအသီးသီး၏ လက်မှတ်များကို ဦးစွာရယူသည်၊ ထိုလက်မှတ်ထိုးစာနှင့်အတူ မေတ္တာအသနားခံလွှာ ခေါ် စာတမ်းတစ်စောင်ကို ပူးတွဲပြီး vice-chancellor နှင့် ဒါရိုက်တာတို့အထံ တင်ရသည်။ ထို့နောက် ကျောင်းသားအားလုံး စုစည်းကာ ရုံးတော်သို့ ချီတက်ခါ လိုအပ်ချက်များ အသနားခံ တောင်းဆိုသည်။ ထိုအကြောင်းအရာများကို သတင်းစာများတွင်လဲ ဖော်ပြသည်။ အာဏာရှိသူများသည် အုပ်ချုပ်ခံ ပြည်သူ၊ ကျောင်းသားများအား သားသမီးသဖွယ် သဘောထားကာ ချက်ချင်း တာဝန်ရှိသူများအား ညွှန်ကြားစေကာ လိုအပ်ချက်များ ဖြည့်ဆည်းပေးနေသည်မှာ အလွန်ကြည်ညိုစရာ ချစ်စရာကောင်းလှပါသည်။
အတ္တအလွန်ကြီးမားသည့် အိန္ဒိယနိုင်ငံသည်ပင် သူများအတွက် စဉ်းစားပေး၊ ကြည့်ပေးသေးတာပဲ၊ ကျွန်ုပ်တို့တတွေက ဘုရားသားတော် သမီးတော်များဟု ၀န်ခံထားပြီး ဘာဖြစ်လို့ သူများအတွက် စဉ်စားမပေးနိုင်ရမှာလဲဟု တွေးစရာပင်ဖြစ်နေသည်။

ဤသည်ပင် နိုင်ငံရေးမဟုတ်ပါ၊ ပူနေးတက္ကသိုလ်ရဲ့ ပုံရိပ်ကလေးတွေထဲက တစ်ခုအပါအ၀င်မျှသာ ဖြစ်လေတော့သတည်း။

သီတဂူစတား
၁၉-၄-၂၀၁၀



Posts Relacionados

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP