ဟာ.....ဟာ
| Written by ပါရဂူ |
| Tuesday, 20 April 2010 16:33 |
| မိမိဘ၀၌ ဆန့် ကျင်ဘက် အခြေအနေကို စိုးစဉ်းမျှပင် ဖြစ်စေ တွေ့ ရလျှင် ကျွန်ုပ်သည် “ဟာ....ဟာ” ဟူ၍ ညဉ်းတွားမိလေသည်။ ပေါင်းသင်းခြင်းသည် ကွေကွင်းခြင်း ဖြစ်သွားလျှင်လည်း ကျွန်ုပ်သည် ”ဟာ....ဟာ” ဟူ၍ ညဉ်းတွားမိလေသည်။ ဆက်သွယ်ထားသည့်အရာတစ်ခုခု အဆက်အသွယ် ပြတ်သွားလျှင်လည်း ကျွန်ုပ်သည် “ဟာ.....ဟာ” ဟူ၍ ညဉ်းတွားမိလေသည်။ ဘ၀သည် ပျက်စီးခြင်းဖြင့် အဆုံးသတ်သွားလျှင်လည်း ကျွန်ုပ်သည် “ဟာ...ဟာ” ဟူ၍ ညည်းတွားမိလေသည်။ ယင်း ငိုကြွေး မြည်တမ်းခြင်းသာလျှင် ဘ၀နှင့် အတူတကွ ရှိလာခဲ့လေသည်။ ပါရဂူ (ယခင် နှင့် ယခု) ယောဂီ ၏ ဘ၀ကထာ |

0 comments:
Post a Comment