* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, April 14, 2010

(၂၄)နာရီ မဟာပဋ္ဌာန်း ရွတ်ဖတ် ပူဇော်ပွဲကြီး

မြန်မာနှစ်

၁၃၇၁၊၁၃၇၂ခုနှစ်

၂၀၁၀ခု


၁၄ ရက်နေ့  မှစ ၁၇ ရက်နေ့  အထိ

တစ်နေ့  ခြောက်နာရီ နှုန်းဖြင့် လေးရက်တိုင်တိုင်
၂၄ နာရီ မဟာပဋ္ဌာန်း

ရွတ်ဖတ် ပူဇော်ပွဲကြီး ကျင်းပ သွားပါမည်။

ရွတ်ဖတ်ပူဇော်မည့် အချိန်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

မနက် ၄ နာရီ မှ ၅ နာရီ ထိ
မနက် ၅ နာရီ မှ ၆ နာရီထိ
မနက် ၈ နာရီ မှ ၉ နာရီထိ

( မနက်ခင်း သုံးနာရီ )

ညနေ- ၆ နာရီ ခွဲ မှ ၇ နာရီ ခွဲထိ
ညနေ - ၇ နာရီ ခွဲ မှ ၈ နာရီ ခွဲထိ
ညနေ- ၈ နာရီ ခွဲ မှ ၉ နာရီ ခွဲထိ

( ညနေ ပိုင်း သုံးနာရီ )

စုစုပေါင်း တစ်နေ့  ၆ နာရီ ။ ၄ ရက် ၂၄ နာရီ ဖြစ်ပါသည်။



ရွတ်ဖတ် ပူဇော်မည့် သံဃာ ၂ ပါး

အရှင်တေဇောဘာသ ( မြင်းခြံ )
အရှင်ဌိတဓမ္မ ( ဂျာမန် )


ရလာသည့် အခွင့်ရေးကို လက်မလွတ်စေဖို့  အသိပေးခြင်း

ကြုံတောင့် ကြုံခဲလှသော မဟာပဋ္ဌာန်း တရားတော်မြတ်ကြီးကို
နာယူလိုကုန်သော ဓမ္မမိတ်ဆွေ သူတော်စင်တို့အား နာယူနိုင်ရန်
အသိပေး နှိုးဆော် တိုက်တွန်း လိုက်ရပါသည်။


ရည်ရွယ်ချက်

မြန်မာလူမျိုးတို့ နှင့် ထိုင်းလူမျိုးတို့  အား ကုသိုလ်လည်းဖြစ် ၊ အလွမ်းလည်း ပြေစေရန် အတွက်လည်းကောင်း ၊ ဒေသခံ လူအများအား သင်္ကြန်နှင့် နှစ်သစ်ကူး ပွဲတော်ကို သိရှိစေရန် အတွက် မိတ်ဆက် လိုသောကြောင့် လည်းကောင်း။ မိမိကိုယ်တိုင်ကပင် ဗုဒ္ဓမြတ်စွာအား မဟာ ပဋ္ဌာန်းဖြင့် မြတ်မြတ်နိုးနိုး ရွတ်ဖတ် ပူဇော် လိုသောကြောင့် လည်းကောင်း ရည်ရွယ် ကျင်းပခြင်း ဖြစ်ပါသည်။

မှတ်ချက်။ ။ သင်္ကြန် နှင့် မဟာပဋ္ဌာန်း ရွတ်ဖတ် ပူဇော်ပွဲကြီးသည် ယခုနှစ်မှ ဂျာမဏီနိုင်ငံ ၊ ဖရိုက်ဇင်းမြို့ တွင် စတင်ပါသည် ။
မနက်ခင်း ၉ နာရီနောက်ပိုင်း ရေချိုးချိန်နှင့် ဆွမ်း ကိစ္စအတွက်ကြောင့်လည်းကောင်း၊ နေ့ ခင်းပိုင်း ဂျာမန်သင်တန်း ရှိနေသောကြောင့်လည်းကောင်း ထို အချိန်များဝယ် မရွတ်ဖတ်နိုင်ပါ။

သင်္ကြန် အကြိုနေ့  ဗုဒ္ဓမြတ်စွာအား ရေသပ္ပါယ်




ဗုဒ္ဓမြတ်စွာအား ရေ မသပ္ပါယ်မီ ဂုဏ်တော် များ ရွတ်ပွါးနေပုံ






ဗုဒ္ဓမြတ်စွာ၏ ဂုဏ်တော်များကို ဆက်လက် ရွတ်ပွါးကာ ရေသပ္ပါယ်နေပုံ


မြတ်ရောင်နီ
(၁၃၊၀၄၊၂၀၁၀)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP