နှစ်သစ်ကူး လက်ဆောင်မွန်
စိတ်ဆိုတာ
ဒီနားမှာ နေနော့
ချော့မော့ပြောလည်း မရ။
ဟိုနားမှာ နေပါလား
သွားပြန်ရော တနေရာ။
အိမ်တွင်းမှာနေဆိုတော့
အပြင်ထွက်လာပေါ့။
ဒါဆိုလည်း အိမ်ရှေ့မှာထိုင်
အေးပြီပေါ့ မှတ်တာ
မကြာပါ လမ်းဘေးမှာ
ငေးတေးတေးနဲ့ ရပ်လို့။
ဒါလည်း ဘာကြာလို့
လျှောက်ဖို့ ခြေလှမ်းက စ။
လူ့စိတ်ဆိုတာ
အဲ့လိုပါ ။
အငြိမ်မနေတတ်တာတွေနဲ့
အရည်မဲ့ အဖတ်မကျန်
လမ်းမှန်ရင်တော့ တော်သား
လမ်းမှားရင်လား
သွားရမှာ သေချာပြီ
အပါယ်ရွာ တံခါးမရှိ။
စွဲသတိ အမြဲရှိ
အော် .........
သတိ သတိ။


0 comments:
Post a Comment