* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, April 14, 2010

မြင့်မြတ်သော စကားကြီး (၁၀) မျိုး

အဓိသီလ သိက္ခာ ဖြည့်ကျင့်ရာ ရောက်သော စကား လေးမျိုး

၁။ အပ္ပိ စ္ဆ ကထာ- အလိုနည်းရာ နည်းကြောင်း စကား ပြောခြင်း
၂။ သန္တောသ ကထာ- တင်းတိမ်ရောင့်ရဲသည့် စကား ပြောခြင်း၊
၃။ အသံသဂ္ဂ ကထာ- တွယ်တာငြိကပ်မှု ကင်းသည့် စကားပြောခြင်း
၎။ သီလ ကထာ - ကိုယ်ကျင့်သီလ နှင့် စပ်လျဉ်းသည့် စကားပြောခြင်း


အဓိစိတ္တ သိက္ခာ ဖြည့်ကျင့်ရာ ရောက်သော စကား သုံးမျိုး


၁။ ပ၀ိဝေက ကထာ - တိတ်ဆိတ် ငြိမ်သက်မှုနှင့် စပ်လျဉ်းသည့် စကားပြောခြင်း

၂။ ၀ီရိယ ကထာ - ကြိုးစား အားထုတ်မှုနှင့် စပ်လျဉ်းသည့် စကား ပြောခြင်း
၃။ သမာဓိ ကထာ- တည်တည်ကြည်ကြည်ရှိ မှုနှင့် စပ်လျဉ်းသည့် စကားပြောခြင်း

အဓိပညာ သိက္ခာ ဖြည့်ကျင့်ရာ ရောက်သော စကား သုံးမျိုး


၁။ ပညာ ကထာ - ပညာ ရေးရာ စကား ပြောခြင်း

၂။ ၀ိမုတ္တိ ကထာ- လွတ်မြောက်ရေးရာ စကား ပြောခြင်း
၃။ ၀ိမုတ္တိဉာဏ ဒဿန ကထာ- လွတ်မြောက်ရေး ဉာဏ်အမြင် နှင့်  စပ်ရာ စကားပြောခြင်း

(မူလပဏ္ဏာသ အဋ္ဌကထာ)


သာသနာတော်မြတ်ကြီး၌ သီလ သမာဓိ ပညာ ဟု သိက္ခာ သုံးပါးသာ ရှိသည်။
သိက္ခာသုံးပါးသည် မြင့်မြတ်ပါက အဓိသီလ အဓိစိတ္တ အဓိပညာ ဟု အဓိ ထည့်စွက်ကာ အသုံးပြု သည် ကို တွေ့ ရသည်။ ဤသုံးပါးနှင့်သာလျင် ဗုဒ္ဓဘာသာ တို့ ၏ အမြင့်ဆုံး ပန်းတိုင်သို့ လျှောက်ကြ ရသည်။

ထိုလျှောက်သည့် လမ်းများစွာထဲတွင်

ဤ စကား ပြောဆိုခြင်းသည်လည်း နေ့ စဉ်နှင့်အမျှ မလွဲမသွေ လူတိုင်း ပြောဆိုနေကြရပေသည်။

ထို့ ကြောင့် စကားသည် တရား ဖြစ်သွားပါလျင် အမြင့်ဆုံး ပန်းတိုင်သို့  လျှောက်နိုင်ကြောင်း
သိစေလိုသောကြောင့် မိမိ၏ ပါဠိတော်များကို လေ့လာ မှတ်တမ်းပြုစုထားသည့် စာအုပ်မှ ထုတ်နှုတ်ပြီးလျင် တစ်ဆင့် မျှဝေလိုက်ရပေသတည်း။



မှတ်ချက်။ ။ မြင့်မြတ်သော ဆိုထားတော့ သာမန်တော့ မဟုတ်ဘူးနော်။
ပညာဆိုပါစို့  လောကီရေးရာ ပညာရေးပြောနေတာကို ဆိုလိုဟန်မတူ။
မဂ်ပညာ ဖိုလ်ပညာ ဆိုလိုရပါလိမ့်မယ်။
ဒါပေမယ့် သာမန် ပညာရေးရာ ပြောရင်လည်း စိတ်ကတော့
ရာဂ စိတ် ဒေါသစိတ် မောဟစိတ်များ
ခဏ တစ်ဖြုတ် ကင်းနိုင်တာမို့  ပန်းတိုင်နဲ့  နီးမယ်လို့ယူဆပါကြောင်း.........
.


မြတ်ရောင်နီ

( ၁၂၊ ၀၄၊၂၀၁၀)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP