ရွှေလမ်းငွေလမ်း ဝင်းကြည်၏ ဘုရားဖူးခရီးစဉ်
12-4-2010 ဗာရာဏသီ မှ သင်္ကသ သို့
နံနက်(၈)နာရီမှာ ဗာရာဏသီပြည် မိဂထာဝုန်တောမှ ပြန်လည်ထွက်ခွါခဲ့ကြပါတယ်။ မိုင်ပေါင်း(၃၀၀)ကျော်ဝေးသော သင်္ကတသို့ တစ်နေကုန်ကားစီးခဲ့ရပါတယ်။ည (၉)နာရီမှ သင်္ကသ မြန်မာကျောင်းသို့ ရောက်ကြပါတယ်။ နံနက်စာ ထမင်းကို လမ်းမှာစားခဲ့ကြပါတယ်။ ဒီသင်္ကသ နယ်မြေဟာ မြတ်စွာဘုရားရှင်၏ မိခင်မယ်တော်မာယာ အား ကျေးဇူးဆပ်ရန် နတ်ပြည်သို့ အသွား၊ အပြန် ကြွမြန်းသော ဌါနနေရာဖြစ်ကြောင်းသိရပါတယ်။ အဲဒီမှာ ရွှေစောင်းတန်း၊ ငွေစောင်တန်း စေတီတော်များ တည်ထားကြောင်းသိရပါတယ်။ နယူးဒေလီမှ အပြန်တွင် ၀င်ရောက်ကြည်ညိုကြရန် သိရပါတယ်။
ညတုံးက အလာလမ်းတွင် အန္တိယနိုင်ငံ ယူပီပြည်နယ်မှ ဒေဝေါလ်မြို့သို့ ည(၈)နာရီခန့်ဖြတ် သန်း လာရာ လမ်းဘေးမှ ကုလားများက ကျွန်တော်တို့စီးလာသော ကားကို ခဲဖြင့် နှစ်ချက်အထုခံရပါတယ်။ ကားတွင်မှ ထွန်းထားသောမီးများကို အမြန်ပိတ်၍မောင်းနှင့်လာခဲ့ကြရပါတယ်။ ဤ မြို့ မှ အထွက် သင်္ကသ အထိကားလမ်းကို လွန်ခဲ့သော သုံးနှစ်ခန့်လောမှ စ၍ ကတ္တာရာလမ်းခင်းလာခဲ့ကြောင်း၊ ဒီဒေသသည် သမိုင်းဝင် အန္တိယနိုင်ငံ၏ ခေါင်းဆောင်းကြီး မဟ္တမ ဂန္တီ မွေးဖွားရာ ဒေသဖြစ်ကြောင်းကြားသိရပါတယ်။ အဆောက်အဦးများ ကြီးကြီးမားမား ဘာတစ်ခုမှ မတွေ့ရပါ။ ဂျုံးစိုက်ခင်းများသာ မြင်တွေ့ခဲ့ ရပါတယ်။
ည အင်တာနက်ချိတ်၍ ယခင်နေ့က ဘလော့တင်ရန်အကြွေးအလုပ်များအား မိုးလင်းသည့် အထိ လုပ်ကိုင်သွားခဲ့ပါတယ်။ အင်တာနက်ချတ်မရ၍ မိဂထာဝုန် မှ ဆရာရှင်မော်ဒန်ကို ဖုန်းဆက်၍ မေးမြန်းခဲ့ရပါတယ်။ ဆရာခိုင်းတဲ့အတိုင်း အင်တာနက်လိုင်းကို ချိတ်ဆက်လိုက်တော့ တစ်ညလုံး အဆင်ပြေစွာနဲ့ အသုံးပြုနိုင်ခဲ့ပါတယ်။ ဘလော့တင်လို့ ရအောင် ကူညီပေးကြတဲ့ ဆရာရှင်မော်ဒန်၊ ဆရာမော်ကွန်းသစ်နှင့် ဆရာကိုနော တို့ သုံးပါးအား အထူးကျေးဇူးတင်ရှိပါကြောင်း ဤကဲ့သို့ မှတ်တမ်းတင်ထားပါရစေခင်ဗျား….။
ယခုတင်ပြထားသော ဓာတ်ပုံများမှာ ဗာရာဏသီမှ မိဂထာဝုန်မြန်မာဘုန်းကြီးကျောင်း သူတို့ပြည်က ဟိုက်ဝေးလမ်းမ ကုန်းကျော်တံတား မြစ်သုံးမြစ်ဆုံသောနေရာ..(အမည်များမသိရပါ) သူတို့ပြည်က လျှပ်စစ်ဓာတ်အားလိုင်းများ ဘုရားဖူးကားကို ခဲဖြင့်ပေါက်သော မြို့ ။
မနက်ဖြန်ခရီးစဉ်အား ဆက်လက်တင်ပြပေးသွားပါမည်။
ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ဧပြီလည(၁၃)နာရီ နံနက်အတွင်းရေးသည်။
13-4-2010 သင်္ကသမှ နယူးဒေလီသို့
နံနက်(၈)နာရီမှာ သင်္ကသမှ နယူးဒေလီမြို့ ကိုထွက်ခဲ့ကြပါတယ်။ လမ်းမှာ နေ့လည်စာ ထမင်းစားကြတယ်။ သင်္ကသ နှင့် အာဂတန်မြို့ ထိ ကီလိုမီတာ (၁၅၀)ဝေးတယ်။ အာဂတန် တပ်ခ်ျမဟာ ရှေးဟောင်းပြတိုက်ကြီးကို ၀င်ကြည့်ကြတယ်။ အချိန်က နေ့လည်(၂း၃၀) နာရီခန့်ဆို တော့ တော်တော်ကို ပူကြပါတယ်။ ပြတိုက်ထဲကို မ၀င်နိုင်အောင် ခြေထောက်ပူကြတယ်။ တ၀က်လောက်ကသာ ၀င်နိုင်ကြတယ်။ ဘိနပ်မစီးရဘူး ဆိုတော့ ပိုဆိုးကြတာပေါ့။ ပြတိုက်ဝင် ကြေးက ယူပီ(၅၁၀)ပေးရပါတယ်။ ပြတိုက်က ရေဗူးတစ်ဘူးနဲ့ ဘိနပ်ကာခြေစွတ်တစ်ခု ပေးတာကို ရေဗူးသာရ၍ ဘိနပ်ခြေစွတ်များ မရကြပါ။ သူတို့ဆီကလူတွေနဲ့ လုံခြုံရေးရဲတွေက တော့ ခြေစွတ်တွေကို စွတ်ကြရတယ်။ ကျွန်တော်တို့ နီလာဘုရားဖူးအဖွဲ့က အားလုံးမရကြပါ။
TAI MAHAL ဒီ တပ်ခ်ျမဟာ ပြတိုက်ကြီးကတော့ ရှင်ဘုရင်ကြီးက သူ၏ မိဖူယားကြီးကို ချစ်လို့ ဆောက်ပေးခဲ့တဲ့ ကမ္ဘာ့သမိုင်းဝင် အံ့ဖွယ်တစ်ခုဖြစ်ကြောင်းသိရပါတယ်။ တစ်နေ့လျှင် အလုပ်သမားပေါင်း (၂၀၀၀)ဦးနဲ့ နှစ်ပေါင်း လေးဆယ်ကြာအောင် ပိသုကာပညာရှင်တစ်ဦးနဲ့ တည်ဆောက်ခဲ့ကြောင်း။ အဆောက်အဦးကြီးလည်းပြီးရော ဒီပြတိုက်ကြီးကို တည်ဆောက် ပေး တဲ့ ပိသုကာပညာရှင်ကြီးကို သတ်ပြစ်လိုက်ကြောင်း ကြားသိရပါတယ်။ အဲဒီ ၀တ်ကြွေး ကြောင့်ပဲလားမသိ ရှင်ဘုရင်နဲ့ မိဖယားကြီးနှစ်ပါးဟာ မနေလိုက်ရတော့ပဲ အဲဒီ တစ်နှစ်အတွင်း မှာ နတ်ရွာစံသွားကြတယ် လို့ ယေဘူယျ ကြားသိခဲ့ရပါတယ်။ သူတို့နှစ်ဦးရဲ့ အချစ်ကြီးကြောင့် ယနေ့အထိ သူတို့နှစ်ဦးရဲ့ ရုပ်ကလပ်တွေကို အဲဒီ တပ်ခ်ျမဟာပြတိုက်ကြီးတဲ့မှာပဲ အုတ်ဂူနှစ်လုံးနဲ့ သင်ဂြိုလ်ထားတာကို မြင်တွေ့ခဲ့ရပါတယ်။
တပ်ခ်ျမဟာပြတိုက်မှ နယူးဒေလီမြို့ တော်သို့ ကီလိုမီတာ(၂၅၀) ဝေးပါတယ်။ နယူးဒေလီမြို့ ဟာ အန္တိယနိုင်ငံ၏ ပထမ မြို့ တော်ပါ။ အဲဒီမြို့ သို့ ည(၉)နာရီမှ ရောက်ကြပါတယ်.။ Silver Shine Hotel မှာတစ်ည အိပ်ကြပါတယ်။ ညစာ ထမင်းကို ဟော်တယ်က ကြွေးပါတယ်။ မိသားစု စုံတွဲများ အတူတွဲ၍ အခန်းများကို နေရာချထားပေးကြပါတယ်။
မနက်ဖြန်ခရီးစဉ်အား ဆက်လက်တင်ပြပေးပါမည်။
ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ဧပြီလ(၁၃)ရက် ည(၁၁)နာရီ ရေး၏။

0 comments:
Post a Comment