သင်္ကြန်ကာလနေ့တရားစခန်းပွဲ (10-4-2010 to 16-4-2010)
စင်္ကာပူနိုင်ငံ အနောက်ပိုင်း West Coast Road တွင်တည်ထောင်ဖွင့်လှစ် ထားသော ဇယမင်္ဂလာ မာရ်အောင်မြင်ဘုရားကြီး သီတင်းသုံးစမ္ပာယ်တော်မူသည့် ဇယမင်္ဂလာ ဗုဒ္ဓ၀ိဟာရ ကျောင်းတော်မြတ်တွင် သင်္ကြန်ကာလအတွင်း နေ့တရား စခန်းပွဲ ကျင်းပကာ သမထ၊ ၀ိပဿနာ၊ မေတ္တာဘာဝနာများ အားထုတ်ကြမည်ဖြစ်ပါသည်။ သို့ပါ၍ ကမ္ဘာအလှဆုံးမြို့တော်စင်္ကာပူတွင် ရောက်ရှိနေကြသော မြန်မာပြည်ဖွား ညီအကိုမောင်နှမအပေါင်းတို့အား ပါဝင်ဆင်နွဲနှိင်ပါကြောင်း သတင်းကောင်းပါးအပ် ပါသည်။
ကမ္မဌာန်ဆရာတော်များ ဘဒ္ဒန္တသောမာစာရ
(သာသနဓဇ ဓမ္မာစရိယ၊ သာသနဇောတိပါလ ဓမ္မာစရိယ) နှင့်
ဒေါက်တာအရှင်ဝိစိတ္တ(ဓမ္မာစရိယ,BA,MA,MA,Ph.D(Clementi ဆရာတော်)
မြတ်ဗုဒ္ဓ၏ ထူးမြတ်သော သမထ၊ ၀ိပဿနာ တရားမြတ်များကို ဟောဖေါ်ပြသလျှက် နေ့တရား စခန်းပွဲများကို (ရ) ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပါ၍ အချိုန်မှီစရင်းပေးသွင်း ကြပါရန် နိုးဆော်အပ်ပါသည်။
& တရားစခန်းကျင်းပမည့်နေ့ရက် ၂၀၁၀ ခုနှစ် ဧပြီလ ၁၀ ရက်စနေ နေ့မှ
· အချိုန် နေ့လည် ၁ နာရီမှ ညနေ ၇ နာရီအထိ။
- နေရာ 23 A, Jalan Mas Puteh, Along West Coast Road, Near ESSO Station, Singapore 128628.
* ဆက်သွယ်ရန် တရားစခန်းဖြစ်မြောက်ရေးအဖွဲ့
'Tel : 6778 1678, 8123-0769

0 comments:
Post a Comment