* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, March 18, 2010

ခုနစ်နှစ်တိုင်တိုင် အပိုင်း-၅ နိဂုံး


မြတ်စွာဘုရား၏ သာသနာဝယ် စန္ဒာထေရီဟူ၍ ထင်ရှားကျော်စောသော ဘိက္ခုနီ အရှင်မကြီးသည် မိမိ၏ နှောင်း အတိတ်ကို ပြန်လှန် သုံးသပ်တော်မူသဖြင့် ‘ဒုဂ္ဂတာဟံ ပုရေ အာသိ’ အစချီသည့် ထေရီ ဥဒါန်း ဂါထာကို ရွတ်ဆိုတော်မူလေ့ရှိသည်။

စန္ဒာထေရီ အရှင်မ ရွတ်ဆိုတော်မူသော ဂါထာ ငါးပုဒ်မှာ………

“ငါသည် ရဟန်း မပြုမီ ရှေး လူဖြစ်စဉ်အခါက သူဆင်းရဲမ ဖြစ်ခဲ့ပါ၏။ မုဆိုးမလည်း ဖြစ်ခဲ့ရပါသေး၏။ သား သမီးလည်း မရှိပါ။ အဆွေ ခင်ပွန်း ဆွေမျိုး ဉာတိလည်း ကင်းသူဖြစ်၍ အစားအဝတ် လုံလောက်အောင် မရခဲ့ပါလေ။

“ငါသည် ခွက်ကို လည်းကောင်း၊ တောင်ဝှေးကို လည်းကောင်း၊ ဆွဲကိုင်၍ တစ်အိမ်မှ တစ်အိမ်သို့ လှည့်လည် တောင်းခံ စားသောက် ရသည့်အပြင် အချမ်းအပူဖြင့် နှိပ်စက်ခံရလျက် ခုနစ်နှစ်တို့ ကာလပတ်လုံး လှည့်လည် သွားလာခဲ့ရပေ၏။

“ခုနစ်နှစ် လွန်ပြီး နောက်မှသာ ထမင်း အဖျော်ကို ရသော ပဋာစာရာ ဘိက္ခုနီ အရှင်မကြီးကို မြင်ရ၍ အရှင်မကြီးထံ ချည်းကပ်ပြီးလျှင် အိမ်ရာမထောင် ရဟန်းဘောင်၌ ရဟန်းအဖြစ်ကို ပန်ကြား လျှောက်ထား ခဲ့ပါ၏။

“ပဋာစာရာ မည်သော ထို ဘိက္ခုနီ အရှင်မကြီးသည် ငါ့အား အစဉ် သနားသဖြင့် ရဟန်းပြုပေးတော် မူခဲ့၏။ ထို့နောက် ငါ့အား ဆိုဆုံးမ၍ မြတ်သော အကျိုးဖြစ်သော ပဋိပတ်၌ တိုက်တွန်း နှိုးဆော်တော်မူ၏။

“ငါသည် ထို ပဋာစာရာ ဘိက္ခုနီ အရှင်မကြီး၏ ဆုံးမစကားကို ကြားနာရ၍ ဆုံးမသည့် အတိုင်း လိုက်နာ ပြုကျင့်ခဲ့ပြီ။ အရှင်မကြီး ပဋာစာရာ၏ အဆုံးအမသည် အချည်းအနှီး မဟုတ်ပါ။ ငါသည် ဝိဇ္ဇာ သုံးပါးဖြင့် ပြည့်စုံ၍ အာသဝေါ ကင်းသူ ဖြစ်ရပါလေပြီ” ဟူသည်တို့ ဖြစ်ပါပေသတည်း။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP