* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, March 18, 2010

လိုက်နာကျင့်သုံးဖြစ်သော .......(၁)

ဥတုဘောဇနမ္ပိ ဥပနိဿယပစ္စယေန ပစ္စယော။
ပုဂ္ဂလောပိ ဥပနိဿယပစ္စယေန ပစ္စယော။
သေနာသနမ္ပိ ဥပနိဿယပစ္စယေန ပစ္စယော။ (ပဋ္ဌာန်း ပစ္စယနိဒ္ဒေသ)

ဆေးပညာအကြောင်းသိလို့တော့မဟုတ်ပါ။ လေ့လာဖတ်မိသမျှကို လက်တွေ့ကျင့်သုံးဖြစ် အကျိုးများတာ တွေရှိတော့ အကြိုက်ချင်းမတူကြတဲ့လောကမှာ ဆေးမသောက်ရဘဲ အဆင်ပြေနိုင်မယ့် ကျန်းမာရေး လမ်း ညွှန်များအကြောင်း ပြောပြချင်တာပါ။ ပိုသော်နုတ် လိုသော်ဖြည့်ပြီး မိမိကျန်းမာရေးအတွက် တစိတ်တဒေ သ စာဖတ်သူများအကျိုးရဖို့ရည်ရွယ်ပြီး ပို့စ်တင်လိုက်တာပါ။

လူတစ်ယောက်အတွက် ကျန်းမာခြင်းသည် အကောင်းတကါ့အကောင်းဆုံး ဆုလာဘ်ပါ။ လူတိုင်းကြားဖူး နေကျ စကားလည်းဖြစ်ပါတယ်။ မကျန်းမာချင်တဲ့ လူဆိုတာ ဘယ်သူမှမရှိလောက်ပါဘူး။ ငယ်ငယ်ကတော့ ခဏ ခဏ နေမကောင်းဖြစ်ချင်တယ်။ ကိုယ်ကြိုက်တာ ပူဆာလို့ရတယ်လေ။ အရွယ်ကလေးရလာတော့ နေ မကောင်းဖြစ်မှာ မကျန်းမာဖြစ်မှာကို ကြောက်တတ်လာတယ်။ ငွေပြတ်တဲ့အချိန် နေမကောင်းဖြစ်မှာ ပိုလို့ တောင် ကြောက်ကြောက်နေတယ်။ တန်ခိုးအာဏာတွေ လုပ်တိုင်း ဖြစ်နေတဲ့အချိန်မှာ မကျန်းမာမှာကို ပို ကြောက်နေမယ်ထင်ပါတယ်။ အသက်ကိုလည်း သူများထက် ပိုရှည်ချင်ကြတာလေ။

ကျန်းမာဖို့ဆိုတာ ..........
ရာသီဥတုရယ်၊ အစားအသောက်ရယ်၊ စိတ်ချမ်းသာခြင်းကို ဖြစ်စေမယ့် ပုဂ္ဂိုလ် (သို့မဟုတ်) စိတ်အနှောက် အယှက်မပေးမယ့် ပတ်ဝန်းကျင်ရယ်၊ နေရာထိုင်ခင်းရယ်တွေဟာ အရေးကြီးတဲ့ အကြောင်းတရားတွေပါ။

ရာသီဥတုနဲ့အဆင်ပြေအောင် နေတတ်ရင်လည်း ကျန်းမာဖို့ အကြောင်းတစ်ရပ်ပါ။ တချို့က ရာသီ ဥတုနဲ့ ဆန့်ကျင်ပြီး နေကျတော့ နေမကောင်း ထိုင်မကောင်းဖြစ်လာရော။ ပူတဲ့ရာသီမှာ မပူအောင် နေတတ်ကြ တယ်လေ။ သူသူကိုယ်ကိုပါပဲ။

အဲယားကွန်းတတ်နိုင်တဲ့သူက မပူအောင် ကာကွယ်ကြတယ်။ အမြဲ တမ်းနေနိုင်ရင်တော့မဆိုးပါဘူး။ အပူထဲ ထွက်လိုက် အအေးခန်းထဲ ပြန်ဝင်လိုက်နဲ့ ကြာတော့ ခန္ဓာကိုယ်ထဲက အပူတွေက အရင်ဆုံး မျက်လုံးကို ထိ ခိုက်ရော။ ရန်ကုန်မြို့တော်ကြီးမှာ တွေ့ရတာက ခုနောက်ပိုင်း အတော်အများများ တတ်နိုင်တဲ့ကလေးလေး တွေ မျက်မှန်လေး တဝင်းဝင်းနဲ့။ ကျောင်းစာတွေလုပ်ရတာလည်း ပါတာပေါ့လေ။ မိဘတွေက ရာသီဥတုနဲ့ အလိုက်အထိုက်မနေတတ်တော့ ဘာမှမသိသေးတဲ့ ကလေးလေးတွေမှာ သနားစရာပါ။

ကိုယ်ရောက်နေတဲ့ အရပ်ဒေသမှာ ရာသီဥတုနဲ့ အတိုက်အခံမလုပ်မိပါစေနဲ့။ ဒါဆို နေကောင်းပြီ ကျန်းမာပြီ လို့ တစိပ်တဒေသ အားဖြင့် မှတ်ယူထားပါ။

ရွာက ဦးကုလားဆိုတဲ့အဖိုးကြီးရဲ့ ကျန်းမာရေးလမ်းညွှန်ချက်က ဒီလိုပါ။ သူက နွေရာသီဆိုရင် စောင်ပါးပါး ကို ခေါင်းခြုံပြီး နေ့လည်နေ့ခင်း တရေးတမောအိပ်လေ့ရှိတယ်။ အိပ်ရာက နိုးပြီဆိုရင် ရေနွေးပူပူကို မှုတ် သောက်နေတော့တာပါ။ တရုပ်ကြီးတစ်ယောက်ပြောသလို နီတို့ ဗမာတွေ ရေနွေးပူပူသောက်ပြီး ဒီနေ့ အိုက် ပြုတ်ပြုတ်ကြီးနဲ့ မိုးရွာမလားမသိဘူးလို့ ပြောတယ်။ နွေရာသီ ရေနွေးသောက်မှတော့ ဟင်း..........။


သူက ကျနော်တို့ငယ်ငယ်က အပျော်အပျက် အော်အော်နေတဲ့စကားလေးကို ပြောပြတယ်။
အိုက်ရင် စောင်ခြုံ မီးကိုလှုံ။
ချမ်းရင် ရေချိုး နှင်းတောတိုး။
မောရင် တောင်တက် ကျောက်ခဲရွက် ဆိုတာလေး သိပြီးသားဖြစ်မှာပါ။


အိုက်ရင် စောင်ခြုံ မီးကိုလှုံ။
ဒါဟာနယ်နယ်ရရစကားမဟုတ်ဘူးတဲ့။ ကျန်းမာအောင် နေတတ်ဖို့ လမ်းညွှန်တဲ့။ ခန္ဓာကိုယ် အပြင်မှာပူနေ ရင် အတွင်းမှာ အေးနေတယ်တဲ့။ အပြင်မှာပူနေရင် ချွေးစို့အောင် နေတတ်ရတယ်၊ ခန္ဓာကိုယ်ထဲက အအေး ဓါတ်ကို ရေနွေးပူနဲ့လှမ်းလှမ်းစရတယ်၊ ဒါမှ ချွေးစို့ပြီး နေလို့လည်းကောင်းတာ။


ချမ်းရင် ရေချိုး နှင်းတောတိုး။
ရာသီဥတုက အေးနေရင် ခန္ဓာကိုယ်ရဲ့အပြင်မှာ အေးနေပြီး အတွင်းထဲမှာ ပူနေတယ်။ ချမ်းလို့ ရေမချိုးရင် ကြာတော့ ရေအေးအေးလေးထိလိုက်ရင် ဟပ်ချိုး ဟပ်ချိုးနဲ့ ဖြစ်လာလိမ်မယ်တဲ့။ ချမ်းလို့ ရေချိုးတဲ့အခါ ခန္ဓာ ကိုယ်အောက်ပိုင်းကနေ ရေလေးနဲ့ပွတ်ပေး။ အဲ့ဒီကနေ အထက်ပိုင်းကို တဖြည်းဖြည်းပွတ်ပေးလိုက်ရင် နွေး လာလိမ့်မယ်။ အငွေ့တွေထွက်လာလိမ့်မယ်။ အဲဒီလိုဖြစ်လာရင် ချိုးပေတော့။ ဆောင်းတွင်းမှာ ရေအေး သောက်။ အထဲကအပူကို ရေအေးနဲ့ တွေ့ထိပေးတော့ ဓါတ်က မျှတသွားတော့ နေလို့ထိုင်လို့ကောင်းသွား တာပဲတဲ့။


မောရင် တောင်တက် ကျောက်ခဲရွက်။

ဘာလေးလုပ်လိုက် လုပ်လိုက်ရင် အမောမြန်နေရင် မောတာနှေးသွားအောင် လမ်းများများလျှောက်၊ တောင်တက် လေ့ကျင့်ခန်းများများလုပ်ပေးဖို့ ပြောတာတဲ့။ အမောမြန်တာကို မြန်နေတဲ့အတိုင်း ထားထား ရင် ကြာတော့ ရောဂါရလာရော။ နာတာရှည်ဖြစ်လာရောတဲ့။ ဒါတွေဟာ ကျနောလိုက်နာ ကျင့်သုံးနေတဲ့ ကျန်းမာရေးလမ်းညွှန်များပါ။ သိပ္ပံနည်းကျမှ ဆိုရင်တော့ စိစစ်၍ ကျင့်သုံးကြပါကုန်။
ဆက်လက်ရေးပါအုံးမယ်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP