* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, March 18, 2010

အချိန်တိုင်းပေးမဲ့ မွေးနေ့လက်ဆောင်

အမေမွေးတဲ့ ခန္ဓာ ဖြစ်တည်လာမှု

ရွှေရတုနဲ့ သုံးခု နှစ်များကုန်ဆုံးသွားခဲ့။

ဘဝပုံရိပ် ထိုအတိတ်ဟာ… အရိပ်ပမာ၊ အတိတ်ခန္ဓာ အဖြစ်

ဆုပ်ညှစ်ဆွဲကိုင် မပိုင်ဆိုင်ပါ။

မနက်ဖြန်ခန္ဓာ ၊ ရောက်မလာသေး

ရန်ဘေးကင်းစွာ၊ အနာမဲ့ရေး၊ ကျန်းမာရေး အတွက်

အေးချမ်းစေကြာင်း၊ဆုမွန်တောင်းလို့

အကြောင်းဖြည့်ဆည်း၊ အကျိုးပြီးအောင် ဆောင်ရွက်ပါလည်း

အနာဂတ်အရိပ်၊ အိပ်မက်တစ်ခုသာ ဖြစ်ပါတယ်။

ပစ္စုပ္ပန်ခန္ဓာ ၊သေချာစောင့်ကြည့်

သတိရှိစေ၊ ပိုင်းခြားလေမှ

ဒွါရအာရုံ ဆုံကြလေတိုင်း

အချိန်တိုင်းမှာ၊ ငါးခန္ဓာမွေး

မွေးရင်းနဲ့သေ၊ သေရင်းနဲ့မွေး

ခုမွေးခုသေ၊ ဖြစ်ပျက်နေကြ အနိစ္စသာ

မြင်ရတာမို့၊ ခန္ဓာချုပ်စဲ ၊ မမြဲပါ။

သုံးပါးသမယ၊သုံးကာလမှာ

ဘဝရှည်ကြာခန္ဓာ မတည်

အလီလီဖြစ် ၊ဖြစ်ရင်းပျက် ရ

ကာလလွတ်ပိုင်း

အချိန်တိုင်းမှာမွေးသေတာမို့

အချိန်တိုင်းမွေးနေ့ရှိနေတယ်။

အချိန်တိုင်းသေနေ့ရှုနေတယ်။

မွေးနေ့ရှင်တစ်ဦးအတွက် အမှတ်တရ ဓမ္မလက်ဆောင်မွန်-အဖြစ်သော်လည်းကောင်း၊ အချိန်တိုင်းမွေးသေ နေသူများအားလုံးအတွက် သော်လည်းကောင်း ရည် ရွယ်ရင်း၊ ခန္ဓာငါးပါး ဖြစ်ပျက်မှုသည် ကာလ သုံးပါးမှ လွတ်သည် ဟူသောတရားကို၊ အပ္ပမာဒ-ဓမ္မလက်ဆောင်အဖြစ် ဒီကဗျာကိုရေးပါတယ်။

သစ္စာအလင်း



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP