* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, March 18, 2010

လောကကြီးရဲ့ မောင်း နှင် အား။

ဘာသားရေး စာပေတွေနဲ့ ပတ်သက်ရင် ကျွန်တော်အနှစ်သက်ဆုံး စာရေးဆရာဟာ ဆရာကြီး ဦးရွှေအောင်ပဲ ဖြစ်ပါတယ် တစ်နေ့ ကိုဌက်(ထူးအိမ်သင်ရဲ့ လောကကြီးရဲ့မောင်းနှင်အား) သီချင်းနားထောင်ရင် သတိရ စဉ်စား မိတာ တစ်ခုရှိပါတယ်။ ဒါကတော့ ဆရာကြီးပြောဖူးတဲ့ ကတညုတ မျက်စီနဲ့ လောကကြီးကို ကျေးဇူး တင်ရမယ် ကျေးဇူးရှိတယ်လို့ မြင်ရမယ်ဆိုတာလေးပါ။ ဆရာကြီးက လောကအပေါ် တကယ်တမ်း အနစ်နာခံချင်စိတ်ကို မွေးမြူချင်တယ်ဆိုရင် ပထမဦးစွာ လောကကြီးကို ချစ်တတ်တဲ့စိတ်မွေးဖို့ လိုပါတယ် ချစ်တဲ့ စိတ်မွေးပြီးတာနဲ့ လောကကြီးအတွက် အနစ်နာခံချင်စိတ်ဆိုတာ အသင်္ခါရိက အနေဖြင့် သူအလိုလို ပေါ်လာလိမ်မယ်လို့် ဘ၀မြင်သစ် စာအုပ်ထဲမှာ ဆိုထားပါတယ်။ ထူးအိမ်သင်ရဲ့ လောကကြီရဲ့မောင်းနှင်အား ဆိုတဲ့ သူချင်းလေးက လောကကြီးကို ချစ်တတ်ဖို့ ကျွန်တော်တို့ကို သင်ကြားပေးနေပါတယ်။ ဒါကြောင့်လည်း လောကကို ချစ်တတ်ပြီး အမှန်တကယ် ပါရမီမြောက် အနစ်နာခံတတ်ဖို့ ဒီသီချင်းလေးကို ဝေမျှဖောက်သည်ချ လိုက်ပါတယ် ။

လောကကြီးရဲ့မောင်းနှင်အား

လူတွေဟာ လောကကြီးမှာမွေးဖွားအသက်ရှင်ခဲ့ 

ပြန်လည်ကာ လောကကြီးကို ပေးဆပ်ဖို့လိုတယ်

ကမ္ဘာမြေကို မြတ်နိုးတဲ့ 

ရင်ခုန်သံတို့သီချင်းပဲ တာဝန်ကိုယ်စီတို့ပုခုံးထက်ရှိနေတယ်

ခိုလှုံရာ လောကကြီးကို ကျေးဇူးမကန်းပါနဲ့

ယုံကြည်စွာ ပေးဆပ်ဖို့ရာ ကြိုးစားအသက်ရှင်မယ်

ကမ္ဘာမြေရဲ့ မျှော်လင့်ချက်

မိခင်တွေ ချစ်ခြင်းနဲ့

ရှင်သန်လည်ပတ်သွားမယ့်

တို့ကမ္ဘာရယ်

ချစ်တဲ့ လောကကြီးက အားလုံးရဲ့မိခင်

ချစ်တဲ့ လောကကြီးအား အားလုံးကျေးဇူးတင်

ကလေးများရဲ့ ရိုးသားခြင်းနဲ့ ပန်းများပွင့်တဲ့ 

ကမ္ဘာ အမြဲတမ်းလှပ ငြိမ်းချမ်းသွားမှာပါ

လူတွေရဲ့ နှလုံးသားတိုင်းမှာ ငြိမ်းချမ်းရေးပါပဲ

သာယာတဲ့ လောကကြီးမှာ စစ်မက်များ မလိုဘူး

နေထိုင်ရာ ဒေသနဲ့ အသားအရောင်တွေ မတူလည်းဘဲ

ရင်ခုန်နေတဲ့နှလုံးသားက တစ်ရောင်တည်း

ချစ်တဲ့ လောကကြီးက အားလုံးရဲ့မိခင်

ချစ်တဲ့  လောကကြီးအား အားလုံးကျေးဇူးတင်

လိုချင်ရင် ဒီမှာယူပါ

LawKaGyiYeahMaungHninArr

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP