* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, March 18, 2010

ဈေးချို၍ သွားတစ်ချောင်း အပိုနှုတ်လိုက်သောဆရာတော် (၁)

ဈေးချို၍ သွားတစ်ချောင်း အပိုနှုတ်လိုက်သောဆရာတော်
နှင့်
ခိုးရာလိုက်ပြေးမည့်လဇ္ဇာ(အပိုင်း-၁)

`ကိုနောကြီး...လဇ္ဇာ ပြန်နေပြီဆို...´
`အေး...အစနဲ့အဆုံးတောင်ပြီးနေပြီ´
`လုပ်စမ်းပါဦး...အမြည်းလောက်...´
`အစကတော့ကွာ...ဆုရန်ဂျန် အိပ်ရာမှ မထသေး...တဲ့၊ အဆုံးကတော့....ပြီးပါပြီ....တဲ့။´
`ဟာကွာ...ဘယ်လိုလူကြီးမှန်းလည်း မသိဘူး´

`ကိုနော ရေ...စာအုပ်က ထူသားပဲ ဟ´
`ဟုတ်ပ...စာမျက်နှာ(၁၇၀)ကျော်ရှိတယ်...အတော်လုပ်ရမယ်´
`ဘာသာပြန်တာကတော့ ဟုတ်ပါပြီ....အချိန်အများကြီးပေးရမယ်..နော်...၊အဲဒါ ထားတော့...ရည်ရွယ်ချက် က ဘာလဲ..?´
`ပထမရည်ရွယ်ချက်က...လက်ယားလို့ကွ...၊ဒုတိယ...ပေါက်သွားရင်စာအုပ်ထုတ်မယ်ဗျာ...ပါရဂူလက်သစ် ပေါ့ကွာ မပိုင်ဘူးလား´
`လက်ယားလို့ ရေးတာက ပြဿနာမရှိဘူး ဟေ့....၊ စာအုပ်ထုတ်မယ်ဆိုရင်တော့ စဉ်းစားဦးနော်...လဇ္ဇာမှာ ဘာသာရေးလည်းပါတယ်ဆို´
`အကုန်ပြောလိုက်ရင် ပရိသတ်တစ်ယောက်လျှော့သွားမှာပေါ့...´
`မလျှော့ပါဘူး...ကိုယ်က ကိုနောရဲ့ကြောင်ချက်တွေကို သဘောကျပြီးသားပါ...ဒါနဲ့ ဆရာပါရဂူကိစ္စကြား တယ် မဟုတ်လား...စိတ်မကောင်းဘူးဗျာ..?´
`ဟို...အဓမ္မ၀ါဒဖြန့်ဖြူးသူလို့ စွပ်စွဲခံရတဲ့ကိစ္စလား...?´
`စွပ်စွဲတဲ့အထိတော့မဟုတ်သေးဘူးထင်ပါရဲ့...ဓမ္မရံသီက တိုက်ခိုက်ရုံသက်သက်ပဲရှိသေးတယ် ထင်တယ်.. အတိအကျတော့ မသိသေးဘူးဗျ....ကိုနော သိတယ် မဟုတ်လား...သုံးသပ်ချက်လေး လုပ်ပါဦး...´
`၀ါး ဟား ဟား ဟီး ဟီး ဟဲ ဟဲ အိအိ ဂလု´
`ဘယ့်နှာကြီးလဲ....ရဟန်းရယ်ပုံလည်း မဟုတ်ဘူး´
`ကံဆိုးလှစွာသော လူကလေးမောင်ပိန်....အဲဒါကို ပြောချင်လွန်းလို့...နားထောင်မယ့်လူရှာနေတာ အတော် ကြာပြီ´
`ပြောစမ်းပါ..ဂျိန်းကြောင်ကြီးရဲ့´
`ဒါက ဒီလိုရှိတယ်ကွ..ရှည်မယ်နော်...အဟင်း ဟင်း....အို ငါ့ရှင်မောင်ပဉ္စင်း ချစ်လှအဆွေ ကိုပိန်ရေ... သေချာစွာ နာယူမှတ်သား နားထောင်လေလော့....´
`ကြောင်ချက်ကတော့ ကမ်းကုန်နေပြီ´
`အမိရွှေပြည်မှာ ထေရ၀ါဒစစ်စစ်ကြွေးကြော်ထားတဲ့ ဓမ္မရံသီမဂ္ဂဇင်းရဲ့ ပင်တိုင်ဆောင်းပါးရှင်ဆရာတော် တစ်ပါးရှိတယ်ကွာ...ပါဠိမှတ်တမ်း အလွန်နိုင်တဲ့ဆရာတော်ဗျ...ဘာတဲ့ ကလောင်က....မစိုးရိမ်စာသင်သား ...ဟုတ်ပြီ.....သူတို့မှာ ဓမ္မနဲ့ပတ်သက်တဲ့အဖွဲ့လေးတစ်ခုလည်းရှိတယ်.....ရည်ရွယ်ချက်,လုပ်ဆောင်ချက် အတော်ကောင်းတဲ့ဆရာတော်တွေဗျ....မိုးပြာကိစ္စမှာ သူတို့ကြိုးစားခဲ့ကြတာ....ကိုပိန်လည်း ဖတ်ဖူးမှာပေါ့´

`အဲဒါတွေ သိတယ်...ဆရာပါရဂူကိစ္စပြောပါလေကွယ်...´
`အဲဒါပဲ ပြောမလို့ပါကွာ....အဲဒီဆရာတော်ကပဲ ဦးအေးမောင်ရဲ့ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ,ဆရာပါရဂူရဲ့နာမည်ကျော် ဘာသာပြန်ဝတ္ထုတွေကို အဓမ္မ၀ါဒဆိုပြီး တိုက်ခိုက်နေတယ်ကွာ..´
`ဦးအေးမောင်ကိစ္စကိုတော့ ထားလိုက်ဦး...ကြုံတော့ ပြောကြသေးတာပေါ့...ပါရဂူကိစ္စပဲ ဆက်ပါ...´
`လျှောက်တော့ လိုက်မပြောနဲ့နော်...မင်းမို့လို့ ပြောပြတာ...တော်ကြာ..ဂျိန်းအကြောင်းရေးတဲ့ ငါ့ကိုပါတရား စွဲနေကြဦးမယ်´
`ပြောစမ်းပါ လိုရင်းကို...´
[`စားပြီးတစ်ရေး ဘုန်းကြီးဆေး´ဟူ၍ ကျမ်းဂန်ပါဠိလာ မရှိသည်နှင့်အညီ ကိုနောနှင့်ကိုပိန်တို့ ကွမ်းနှစ်ရာ ညှက်ခန့်မျှမှေးကြရန် အသီးအသီးခေါင်းမြီးခြုံလိုက်ကြတော့သည်။]

ကိုနော
၁၈.၃.၂၀၁၀

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP