ဘလော့(ဂ်) အိမ်သစ်တက်မင်္ဂလာ
ဘလော့(ဂ်) အိမ်သစ်တက်မင်္ဂလာ
ဒီနေ့တော့......
ကိုပိန်စိတ်ချမ်းသာရပြီ၊ အိမ်ဟောင်းလေးဖျက်ပြီး အိမ်သစ်လေး ဆောက်ထား လိုက်တယ်၊ ကိုယ့်ပိုက်ဆံနဲ့တော့ မဟုတ်ဘူး အင်ဂျီအို အကူညီနဲ့ပါ။ ကိုပိန်လူလုံးပျောက်ပြီး လှနေလိုက်တာလို့ သူငယ်ချင်းတွေက ထင်ကြလိမ့်မယ်။
ပန်းရန်ဆရာ မဏ်မဏ်ရဲ့ ကောင်းမှုကြောင့်သာ လူလိုသူလို ဖြစ်ခွင့်ရလိုက်တာပါ။ အထင်တော့မမှားကြပါနဲ့ အဟောင်းလေးကိုတော့ လွမ်းတသသပါပဲ၊ အရင် ကိုပိန်လိုပဲ ကြင်နာကြစေချင်တယ်၊ ကိုပိန်စစ်စစ်ပါပဲ ရေရောမထားပါဘူးနော် ဂင်္ဂါဂျီးရဲ့ (အပြောင်းလဲ များနဲ့ပါ )ကို စမ်းသုံး ကြည်လိုက်တာပါ အောင်မြင်ရင်တော့ သူ့ကိုသာထိုင်ကန်တော့ ကြပါလို့ ကိုပိန်ညွန်းဆိုပါတယ်။
ဘလော့(ဂ်)အိမ်သစ်တက် မင်္ဂလာပွဲအတွက် ဗာရဏသီပုဏ္ဏားများကို အထူးဖိတ်ကြားထားပါသည်၊ အတိုင်းတိုင်း အပြည်ပြည်မှ ပုရောဟိတ်များလည်း သမီးသား ဆွေမျိုးများ မကျန် ဒီပွဲမှာစားသောက်ပြီး သယ်ယူသွားနိုင်ပါကြောင်း သတင်းကောင်းလည်းပါးလိုပါသည်၊ မပျက်မကွက် ကြွရောက်ချီးမြောက် အားပေးကြလိမ့်မယ်လို့လည်း မျော်လင့်ပါသည်၊ လိုအပ်ရင်ကျွတ်ကျွတ်အိပ်ပါ လက်ဆောင်ထည့်ပေးပါမည်။
ကောင်းမှုရှင်ကိုလည်း အသိမှတ်ပြုပေးတဲ့ အနေနဲ့ တရားတပွဲတော့ ထည့်ပေးမလို့ပါပဲ၊ တရားဟော ဓမ္မဂင်္ဂါဆရာတော်ကို ပင့်မရတာနဲ့ အကျဉ်းရုံးကာ အိမ်နီးချင်း မော်ကွန်းသစ်ဆရာတော်ကို ပင့်လိုက်ပြီး ခေတ်မှီ
အားလုံးငြိမ်ငြိမ်နေကြ ………
အမျိုးမျိုး ဘုရားရှိခိုး
(၁)
ညစ်ညမ်းစိတ်စဉ် ပယ်ရှင်းသုတ်သင် အိုအရှင်။
နတ်လူခပင်း ကိုးစားရာသခင် အိုအရှင်။
(၂)
သိစရာကုန်စင် ဖြောင့်ဖြောင့်သိမြင် အိုအရှင်။
(၃)
အသိ အကျင့် ကျနပီပြင် အိုအရှင်။
(၄)
ခရီးအကောက် အဖြောင့်လျှောက်နှင် အိုအရှင်။
နိဗ္ဗာန်ခရီး ဖြောင့်တန်းကြွဝင် အိုအရှင်။
(၅)
လောကအကြောင်း ကောင်းကောင်းသိမြင် အိုအရှင်။
(၆)
ပြုပြင်ဖို့ရန် သတ္တ၀ါမှန် လမ်းမှန်ပို့တင် အိုအရှင်။
(၇)
နတ်လူတို့၏ လမ်းညွှန်သခင် အိုအရှင်။
(၈)
လောကအစစ် သစ္စာသိမြင် အိုအရှင်။
(၉)
ပါရမီထုံ ကံအဟုန် ပြည့်ဝစုံလင် အိုအရှင်။
။ ။ ။ ။ ။ ။ ။ ။ ။
ကိုပိန်
(၁၇.၀၃.၂၀၁၀)
(၁)
ညစ်ညမ်းစိတ်စဉ် ပယ်ရှင်းသုတ်သင် အိုအရှင်။
နတ်လူခပင်း ကိုးစားရာသခင် အိုအရှင်။
(၂)
သိစရာကုန်စင် ဖြောင့်ဖြောင့်သိမြင် အိုအရှင်။
(၃)
အသိ အကျင့် ကျနပီပြင် အိုအရှင်။
(၄)
ခရီးအကောက် အဖြောင့်လျှောက်နှင် အိုအရှင်။
နိဗ္ဗာန်ခရီး ဖြောင့်တန်းကြွဝင် အိုအရှင်။
(၅)
လောကအကြောင်း ကောင်းကောင်းသိမြင် အိုအရှင်။
(၆)
ပြုပြင်ဖို့ရန် သတ္တ၀ါမှန် လမ်းမှန်ပို့တင် အိုအရှင်။
(၇)
နတ်လူတို့၏ လမ်းညွှန်သခင် အိုအရှင်။
(၈)
လောကအစစ် သစ္စာသိမြင် အိုအရှင်။
(၉)
ပါရမီထုံ ကံအဟုန် ပြည့်ဝစုံလင် အိုအရှင်။
။ ။ ။ ။ ။ ။ ။ ။ ။
ကိုပိန်
(၁၇.၀၃.၂၀၁၀)
မှတ်ချက်။ ။(အမျိုးမျိုးဘုရားရှိခိုး)ဖြစ်သည်။ ပြန်ချင်လည်းပြန်မည်၊ ပြောင်းချင်လည်းပြောင်းမည်၊ ဟောင်းချင်လည်းဟောင်းမည်။ ဂုဏ်တော်ကိုးပါးနှင့် ကိုပိန်မှတ်မိသလောက် ရှိခိုးခြင်းဖြစ်သည်။
(ရှိခိုးခြင်းကိစ္စမှာ ပညာအလေးအပေါ့ထက် သဒ္ဓါအားမပျော့ဘို့ အရေးကြီးပါကြောင်း…။)

0 comments:
Post a Comment