* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, March 21, 2010

ဦးသောင်းညွန့်+ဒေါ်နော်ဆဲဖောမိသားစု ၊ ကိုရဲရင့်နီ+မချိုးချိုး တို့၏အလှူ။

အရုဏ်ဆွမ်း...

(မုန့်ဟင်းခါးဆွမ်း )

နှစ်ဖက်သောမိဘ၊အဘိုးအဖွားများကို အမှူးထား၍
ဦးသောင်းညွှန့်+ဒေါ်နော်ဆဲဖော မိသားစု

နေ့ဆွမ်း......

(ဆွမ်း ၊ဘဲဥချဉ်ဟင်း ၊ ပဲနီသုတ် ၊ အစိမ်းကြော် ၊ငရုတ်သီးပါလချောင်ကြော်)

နှစ်ဖက်သောမိဘ၊အဘိုးအဖွားများကို အမှူးထား၍
မောင်ရဲရင့်နီ+မချိုးချိုး တို့မှ လှူဒါန်းခဲ့ကြပါတယ်။
မနေ့ညက စစ်ကိုင်းမှာမိုးရွာတော့ မနက်ခင်း မိုးအေးအေးနဲ့ မုန့်ဟင်းခါးဆွမ်းကို အလွန် ဘုန်းပေးကြပါတယ်ရှင်။

မွေးနေ့အလှူရှင်နဲ့တကွ မိသားစုများအားလုံး စိတ်၏ချမ်းသာခြင်း ၊ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြီးပြည့်စုံပြီး ၊မိမိတို့ပြုသော အလှူအတွက် ၀မ်းမြောက်ဝမ်းသာစွာ သာဓုခေါ်ဆိုနိုင်ကြပါစေ..နောင်နှစ်များမှာလည်း ဒီထက်မက ပိုပြီး လှူဒါန်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းများ တောင်းပေးလိုက်ရပါတယ်ရှင်။

ဒီနေ့အလှူဖြစ်မြောက်ဘို့အတွက် ဆောင်ရွက်ပေးခဲ့ကြသော ဦးဇင်းဦးကောဝိဒနဲ့အတူ စစ်ကိုင်းတောင်ရိုးမှ ဝေယျာဝစ္စ အလှူရှင်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။








0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP