* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, March 21, 2010

သတိပေးလာပြီ

“ကမ္ဘာကြီးက လောကရှိလူသားများကို အချိန်နှင့်တပြေးညီ သတိပေးလာနေပြီ၊ သို့သော်လည်း လောကရှိလူသားများသည်ကား အိပ်ပျော်တုန်းရှိကြသေး၏။ ပြောင်းလွဲချိန်တန်သော်လည်း မပြောင်းလွဲနိုင်ကြသေးချေ။ မနေ့က လန်းဆန်းနေပေမဲ့ ဒီနေ့ မလန်းဆန်းတော့။ အရောင်တောက်ပမှုတွေက တဖြေးဖြေး မှေးမိန်လာနေကြပြီ၊ လောကရှိလူသားများ တခုခုပြောင်းလွဲချိန်တန်နေသည်ကား အမှန်တကယ်ပင်ဖြစ်၏။

အထက်ပါစကားအတိုင်းပင် ကမ္ဘာကြီးက လူသားများကို အမှန်တကယ်ပင် သတိပေးလာနေပြီ၊ အဘယ်ကြောင့်ဆိုသော် ကမ္ဘာမြေပြင် နေရာအနှံအပြားတို့တွင် ကမ္ဘာကြီးပူနွေးလာမှုကြောင့် မြေပြိုခြင်း၊ ဆူနာမီဖြစ်ခြင်း၊ ကပ်ရောဂါဆိုက်ရောက်ခြင်းစသည်စသည်များ မကြာခဏပင် ဖြစ်ပွားခဲ့သည်ကို ကြားသိနေရ၊ မြင်သိနေရ၏။ ထိုသဘာဝဘေးအန္တရာယ်များကြောင့် များစွာသောလူတို့ အသက်ဆုံးရှုံးခဲ့ကြရ၏၊ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရ၏။ ထိုကဲ့သို့ သဘာဝဘေးအန္တရာယ်များ ကျရောက်လာသော အခြင်းအရာကို ထိုင်ကြည့်ခြင်း၊ ရပ်ကြည့်ခြင်းစသည်တို့ဖြင့် အဖြေရှာမည်လော၊ သို့တည်းမဟုတ် ဆွေးနွေးခြင်း၊ ရှာဖွေကြံဆခြင်း၊ တွေးခေါ်ခြင်းစသည်တို့ဖြင့် အဖြေရှာမည်လောဟု မေးစရာရှိ၏။ လောကရှိလူသားများသည် မည်ကဲ့သို့သော နည်းဖြင့် အဖြေရှာကြမည်နည်း။
အချို့သောအချို့သော ကမ္ဘာခေါင်းဆောင်ကြီးများသည် ထိုကဲ့သို့ သဘာဝဘေးအန္တရာယ်ကျရောက်နေသည်ကို အမှတ်တမဲ့ မျက်ကွယ်ပြုနေသော်လည်း အချို့သော ခေါင်းဆောင်များသည်ကား မျက်ကွယ်မပြုကြချေ၊ ထိုသဘာဝဘေးအန္တရာယ်ကို မည်သို့မည်ပုံ ကာကွယ်နိုင်မည်၊ စောင့်ရှောက်နိုင်မည်ဟူသော အဖြေရနိုင်စေရန် နိုင်ငံများစုပေါင်း၍ ဆွေးနွေးကြ၏၊ တိုင်ပင်ကြ၏။ သို့သော်လည်း တိကျသော အဖြေကိုကား မရနိုင်သေးချေ။ မည်သူမျှ ကာကွယ်စောင့်ရှောက်နိုင်သော နည်းလမ်းကို အဖြေမပေးနိုင်ချေ၊ သို့သော်လည်း လူသားများ၏ အသိညဏ်နှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းအားဖြင့် အခိုက်အတန့် ကာကွယ်နိုင်ရန်သာ တတ်နိုင်ကြ၏။ ပြည့်ပြည့်စုံစုံ ကာကွယ်ရန် အဖြေကိုကား မရနိုင်သေးချေ။ ထို့ကြောင့်လည်း ကမ္ဘာပျက်မည်ဟူသော အဓိပ္ပါယ်ကို ဖော်ဆောင်သည့် ၂၀၁၂ ဗီဒီရိုဇာတ်ကား ထွက်ပေါ်လာ၏။ ထိုဇာတ်ကားသည် အမှန်၊ အမှားဟူသည်ကို မကြည့်ဘဲ သဘောတရားတစ်ခုကို ကြည့်လျှင် အမှန်တကယ် ကမ္ဘာကြီးက လူသားများကို သတိပေးနေခြင်းပင်ဖြစ်၏။ ကမ္ဘာအနှံ့အပြားနေရာအတော်များများတွင် ထိုသို့သော သဘာဝဘေးအန္တရာယ်များ အမှန်တကယ် ကျရောက်ခဲ့ကြ၏။ ထို့ကြောင့်လည်း ထိုဇာတ်ကားကို ရိုက်ကူးခဲ့ခြင်း ဖြစ်မည်ဟု ယူဆရသည်။
ကမ္ဘာကြီးက လူသားများကို သတိပေးနေသကဲ့သို့ မိမိခန္ဓာကိုယ်ကလည်း မိမိကိုယ်တိုင်ကို အချိန်တိုင်း အမြဲတမ်းသတိပေးနေသည်။ သို့သော်လည်း သတိမပြုမိကြချေ။ ထို့ကြောင့် မိမိတို့ကိုယ်တိုင် ဘာလုပ်သင့်သည်ဆိုသည်ကို မိမိကိုယ်တို့တိုင် ဆုံးဖြတ်ကြရမည်ဖြစ်သည်။ ကမ္ဘာကြီးသည်လည်း တည်မြဲခြင်းမရှိသကဲ့သို့ မိမိတို့ ခန္ဓာသည်လည်း တည်မြဲခြင်းမရှိပေ၊ အမြဲတမ်းပြောင်းလွဲနေပေသည်။
``ကျန်းမာခြင်းသည် နာခြင်းအဆုံးရှိ၏၊ ငယ်ရွယ်နုပျိုခြင်းသည် အိုမင်းရင့်ရော်ခြင်းအဆုံးရှိ၏၊ အသက်ရှင်ခြင်းသည် သေဆုံးခြင်း အဆုံးရှိ၏၊ ပြည့်စုံခြင်းသည် ပျက်စီးခြင်း အဆုံးရှိ၏။´´ ဟူသော စကားအတိုင်း ပျက်စီးကြရမည်ဖြစ်ပေသည်။ မာန်မာနထားခြင်း၊ ရာထူးအာဏာမက်မောခြင်း၊ စည်းစိမ်ဥစ္စာယစ်မူးခြင်းစသည်စသည်တို့ကို ရှောင်သင့်ပေသည်။ ထိုသဘောတရားများသည် အချိန်တိုက်စားသည်နှင့်အမျှ ပြိုလွဲသွားမည်ဖြစ်ပါသည်။ အခိုက်အတန့်မျှသာ တည်မြဲနိုင်သည်။ အကောင်းဘက်သို့ ဦးတည်သော လုပ်ရပ်သည်သာ အမှန်တကယ် အကောင်းဆုံးဖြစ်ပေသည်။ ထို့ကြောင့် မိမိကိုယ်တိုင်ကို သတိပေးလာသော မိမိကိုယ်ခန္ဓာအား မိမိတို့ မည်ကဲ့သို့ ကကွယ်မည်၊ စောင့်ရှောက်မည်ဆိုသည်ကို စဉ်းစားတွေးခေါ်ထားရန်လိုပေသည်။
အချုပ်အားဖြင့် ကမ္ဘာလောကကြီးက လောကရှိသတ္တ၀ါများကို သတိပေးလာနေသကဲ့သို့ မိမိတို့ကိုယ်တိုင်ကိုလည်း မိမိတို့ခန္ဓာကိုယ်က သတိပေးလာနေသည်ကို သတိထားကြည့်သင့်ပေသည်။ ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်ချိန်မှာ မိမိခန္ဓာကိုယ်ကို စွန့်ခွာသွားရမည်ကို မသိနိုင်သည့်အတွက် သတိကြီးစွာထား၍ အကောင်းဘက်သို့ ဦးတည်သော လုပ်ရပ်များ လုပ်ဆောင်လျှက် အချိန်ကို ကုန်စေသင့်ပေသည်။ ဘ၀သည် ပုံသေတွက်၍မရဟူသော စကားအတိုင်း ပုံသေဇယားကွက်ဆွဲ၍ မရပေ။ ယနေ့ မြင့်နေပေမဲ့ မနက်ဖန် နှိမ့်ချင်နှိမ့်မည်။ ယနေ့ အသက်ရှင်နေပေမဲ့ မနက်ဖန် သေချင်သေသွားနိုင်သည်။ ထို့ကြောင့် မိမိတို့ဘ၀ကို မိမိတို့ကိုယ်တိုင်သည်သာလျှင် ပဲ့ကိုင်ရှင်ဖြစ်သည်အားလျှော်စွာ လောကကောင်းကျိုးများ ပြုနိုင်ကြလျှက် အကောင်းဆုံး ဘ၀ဖြင့် ရပ်တည်နိုင်ကြပါစေဟူ၍ ဆန္ဒပြုရင်း…….ဤစာသားကို နိဂုံးချုပ်လိုက်ပါသည်။

သားရွှေ


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP