မဇ္ဈိမ အစာ...
(၁)
အသေခံတပ်သား အမြောက်များနဲ့ငါ…၊
မြစ်တစ်စင်း နဲ့ လက်သီးရှိတယ်…။
လက်သီးက ဗီတိုအတွက်…၊
လာဆဲရင် ရေထဲခုန်ချလိုက်မယ်…။
(၂)
အစွန်း..ပါလို့ ပေါ့တော့တော့ ဖြစ်နေရင်...
ဆားခပ် သောက်ပေါ့…၊
မဇ္ဈိမဆား ၀ယ်လိုအားကောင်းတာ…နင်အသိသား…။
(၃)
နိဗ္ဗာန်ဆိုတာ ဘုရားဦးမတည်ပဲ…
သွားရမယ့်ခရီးလား…။
ဝက္ကလိ ကုလား…
ဘုရားဟောက် ချီးမြှောက်လို့…
ခရီးပေါက်သွားတာ နင်အသိသား…။
(၄)
စာအုပ်ရတာနဲ့ ဘုရားကိုမေ့ထားတာ...
ကျေးဇူးအထူးဆပ်တာလား...။
ခေတ်က ရှားပါးနေတာ...
အကန်းမို့ နင်မမြင်တာလား...။
စာအုပ်ကြီး တကားကားနဲ့…၊
မျက်စိနဲ့နား ခါးပ…။
(၅)
အရေးအသား တိကျပြီးသား…၊
ငရဲလို ငရဲသွားတာ…
နင့်အပူပါလား…။
နင့်သနားက ထိခိုက်များတာ…
သတိကော ထားမိလား…။
(၆)
ဘုရားပလ္လင်ထားပြီး…
လက်သီးထိုးနေကြတာ…၊
ကြည့်လို့မှကောင်းသေးရဲ့လား…။
။ ။ ။
အသေခံတပ်သား အမြောက်များနဲ့ငါ…၊
မြစ်တစ်စင်း နဲ့ လက်သီးရှိတယ်…။
လက်သီးက ဗီတိုအတွက်…၊
လာဆဲရင် ရေထဲခုန်ချလိုက်မယ်…။
(၂)
အစွန်း..ပါလို့ ပေါ့တော့တော့ ဖြစ်နေရင်...
ဆားခပ် သောက်ပေါ့…၊
မဇ္ဈိမဆား ၀ယ်လိုအားကောင်းတာ…နင်အသိသား…။
(၃)
နိဗ္ဗာန်ဆိုတာ ဘုရားဦးမတည်ပဲ…
သွားရမယ့်ခရီးလား…။
ဝက္ကလိ ကုလား…
ဘုရားဟောက် ချီးမြှောက်လို့…
ခရီးပေါက်သွားတာ နင်အသိသား…။
(၄)
စာအုပ်ရတာနဲ့ ဘုရားကိုမေ့ထားတာ...
ကျေးဇူးအထူးဆပ်တာလား...။
ခေတ်က ရှားပါးနေတာ...
အကန်းမို့ နင်မမြင်တာလား...။
စာအုပ်ကြီး တကားကားနဲ့…၊
မျက်စိနဲ့နား ခါးပ…။
(၅)
အရေးအသား တိကျပြီးသား…၊
ငရဲလို ငရဲသွားတာ…
နင့်အပူပါလား…။
နင့်သနားက ထိခိုက်များတာ…
သတိကော ထားမိလား…။
(၆)
ဘုရားပလ္လင်ထားပြီး…
လက်သီးထိုးနေကြတာ…၊
ကြည့်လို့မှကောင်းသေးရဲ့လား…။
။ ။ ။
ကိုပိန်
(၁၉.၀၃.၂၀၁၀)
(၁၉.၀၃.၂၀၁၀)
ဝါး.....ဟား..ဟား
ပုဏ္ဏားက ရယ်တာ… ငွှါး…ငွှါး…ငွှါး..။
ဖျာ....အကြီးကြီး။..ခင်းပြီး။…တက်စီး။…ငှီး.ငှီး..ငှီး..။
(မှတ်စု။ ။စာအုပ်နှင့် ဘုရား၊ အဖေနှင့်သား တော်စပ်ပါကြောင်း။
စာအုပ်နား အိပ်ခြင်းထက်၊ အဖေ့နား နေခြင်းကပိုလို့ လုံခြုံပါကြောင်း။)

0 comments:
Post a Comment