* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, February 27, 2010

ရှာလည်းမတွေ့ (by မေစိုးနှင့် အနန္တမေတ္တာအဖွဲ့)

ကြည့်တတ်သူသည် ရှိသည်ကိုလည်း မြင်၏ ။ မရှိသည်ကိုလည်း မြင်၏ ။
မကြည့်တတ်သူသည် ရှိသည်ကိုလည်းမမြင် ။ မရှိသည်ကိုလည်း မမြင် ။

သူသူငါငါ လူတကာတို့ သည် မျက်မှောက်ရေးရာကိစ္စ အတွက်ဖြစ်စေ၊ သံသရာအရေးကိစ္စအတွက်ဖြစ်စေ လက်ရှိ အနေအထားထက်ပိုမို၍ တိုးတက်လိုကြသည်။ ကြီးပွားလိုကြသည်။ သာယာချမ်းမြေ.လိုကြသည်။ ထို.ကြောင့်ရှေ့သို့ တစ်ဆင့်ဆင့်တက်ကာ၊လှမ်းကာရှာဖွေနေကြသည်။တစ်ချို.ကအပြေးအလွှားရှာဖွေနေ ကြသည်။သို.သော်လည်းရသင့်သလောက်ရရှိသူကား နည်းပါးလွန်းလှပေသည်။

ထို.ကြောင့်ပင် လောက၌ အရာရာမှာ ကြွယ်ဝသူက အနည်းငယ်မျှသာရှိပြီး အဘက်ဘက်တွင် ချို.ငဲ့နေ သောသူများသာ များပြားနေခြင်းဖြစ်သည်။ အတုနှင့်အစစ်၊ အနှစ်နှင့်အကာကိုခွဲခြားပြီး မကြည့်တတ် မမြင် တတ်လေသမျှ၊ဤလောကတွင် ချို.ငဲ့မူ အနိဋ္ဌာရုံက ကြီးစိုးနေပေလိမ်.ဦးမည်။

ဤလောကတွင်ရှာမှီးခြင်း နှစ်မျိုးရှိပါသည်။
(၁) အရိယာ ပရိယေသန-မြင့်မြတ်သူတို့၏ ရှာဖွေခြင်းနှင့်
(၂) အနရိယာ ပရိယေသန-ပုထုဇဉ်တို့၏ ရှာဖွေခြင်းတို့ ဖြစ်လေသည်။

မြင့်မြတ်သူတို့၏ရှာဖွေခြင်းသည် တကယ်ရှိသောအရာကို တကယ်ရှာဖွေတာဖြစ်ပြီး အမှန်တကယ်ဒုက္ခ
လွတ်ကာ ချမ်းသာကိုရရှိကြပေသည်။ ယုတ်နိမ့်သောသူများ၏ရှာဖွေခြင်းသည် တကယ်မဟုတ်သော
အရာကို တကယ်ထင်မှတ်၍ ရှာဖွေနေကာ တကယ်မတွေ့၊ မရရှိပဲ ဒုက္ခဆင်းရဲမှ မလွတ်မြောက်နိုင်ပါ။

ပုထုဇဉ်များ နေ့မအားညမအား အမြတ်တနိုးရှာဖွေနေကြသောအရာ အများစုသည် တကယ်ချမ်းသာအ
အစစ်ကိုရှာတာမဟုတ်၍ ဒုက္ခပင်လယ်ဝေနေကြရပေသည်။ ဥပမာထုတ်၍ပြရပါမူ အချို့သောတိရစ္ဆာန်
တို့သည် လူတို့ မသတီရွံ့ စရာဟု မှတ်ယူကြသော အရာများကို အလွန်စုံမက်ကြပါသည်။ အချို့သော
သုဿာန်ဓုတင်ဆောင်တည်သော ရဟန်းတော်များကြုံဖူးကြပေမည်။ အချို့သရဲ၊ အစိမ်း၊မြေဘုတ်ဘီလူး
တို့သည်ညအခါ အလောင်းကောင်းနားမှ မှီခိုစားသောက်ကာ ပျော်ရွှင်နေတတ်ကြပါသည်။ ထို့ကြောင့်
အသုဘကမ္မဋ္ဌာန်းရှု့ရန်လာသော ရဟန်းတော်ကို ငြူစူ ရန်ရှာတတ်ပါသတဲ့။

သို့သော် စီးပွားဥစ္စမရှာဖွေလျှင်လည်း ကောင်းမှု့ကုသိုလ်ကံ ပြုစုပျိုးထောင်ရန် မျိုးစေ့မရှိဖြစ်နေတတ်
ပြန်သည်။ထို့ကြောင့်ပဒုမ္မာကြာပန်းအလား ကျင့်ကြံနေထိုင်တတ်ကြရင်တော့ ချစ်ခင်မြတ်နိုးစရာ ဘဝက
လေးတစ်ခုဖြစ်နေပေလိမ့်မည်။ ကြာပန်းတို့မည်သည် အညစ်အကြေးများအနည်ထိုင်ရာ ရွံ့နွံထဲမှာ
မှီတွယ်ကာ ရေနောက်၊ ရေကြည် အထပ်ထပ်ကို မကပ်မငြိ ကျော်ဖြတ်ပြီး သန့်စင်အေးမြသောရေပေါ်မှာ
ပွင့်လင်းနေသည့်အလား ပုထုဇဉ်ဖြစ်နေငြှာသော်လည်း အေးချမ်းတဲ့ဘဝ တစ်နေရာကို မရမနေ ယနေ့
ကြိုးစားအားထုတ်သင့်ကြပေသည် ။

ကြည့်တတ်ခြင်းနှင့် မကြည့် တတ်ခြင်းတို.၏ ကွဲကြားသော ရလဒ်တစ်ကွက်ကို တင်ပြလိုပါသေးသည်။
မြို.တော်အနီးရှိရေကန်ထဲ၌ အဖိုးတန်သော ပတ္တမြားရှိနေကြောင်း သတင်းရ၍ ၀ိဒေဟရာဇ်မင်းကြီးက သေနကအမတ်ကြီး အား ပတ္တမြား ဆယ်ယူရန်တာဝန်ပေး၏ ။

ထိုအခါ အမတ်ကြီးက မြို.လူထုအား ကန်ထဲမှ ရေများ ရွံ.နွံများကို ထုတ်ပစ်စေ၏ ။ ပတ္တမြားကိုကားမတွေ.။တဖန် ကန်ထဲရေပြည့်လာပြန်သော် ပတ္တမြားပြန်ရောက် နေပြီးဟူသော သတင်းကြောင့် ယခင် အတိုင်း လူထုပရိသတ်များက ရေများ၊ ရွံ.နွံ.များကို သယ်ထုတ်ပြီး ရှာဖွေ ကြ ရပြန်၏။ ပတ္တမြားကို ကားမတွေ.။ လူသူ အများ ပင်ပန်းလှလေပြီ။
ရေကန်လည်းမလှမပ ပုံပန်းပျက်ရလေပြီ။

တဖန် ကန်ထဲရေပြည့်လာပြန်သော် ပအတ္တမြားက အရောင် တောက်ပနေပြန်၏ ထိုအခါ ၀ိဒေဟရာဇ် မင်းကြီးသည် မဟောသဓသည် ရေကန်သို. သွားရောက်ကြည့်ရူ စူးစမ်းပြီးလျှင် ကန်ပေါင်ရိုးပေါ်ရှိ ထန်းပင်၌ ကျီးသိုက်ရှိသည်ကို မြင်၏။ ထိုအခါ မဟောသာဓာ သည် လူငယ်တစ်ဦးအား ကျီးသိုက်ထဲက ပတ္တမြားကို ယူစေပြီး ၀ိဒေဟရာဇ် မင်းကြီးထံ ဆက်သ လိုက်လေသတည်း။

(မဟာနိပါတ်၊ မဟောသဓ ဇာတ်တော်မှ ထုတ်နုတ်ရေးသားပါသည်)
မေစိုး နှင့် အနန္တမေတ္တာအဖွဲ့) ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP