* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, February 27, 2010

အမွတ္တရ ကဗ်ာည။

လရောင်ဆန်း၍ -
ရွာလမ်းမြေမှာ ၊ ဝင်းဝင်းဝါစဉ်
ဖခင်ကမေး ၊"ဖေ့သားလေး
ကဗျာရေးနည်းသင်မလား" တဲ့ ။

ဟုတ်ကဲ့အဖေ ၊ သားကဖြေသော်
အဖေရေးပြ ၊ စာတစ်စသည်
လရောင်ဆန်း၍ ၊ ရွာလမ်းမြေမှာ
ဝင်းဝင်းဝါ၏ ဟူသတည်း ။

ဆန်းနှင့်လမ်းကို ၊ -မ်း(အမ်း)ဟုဆိုကာ
မှာနှင့်ဝါ မူ ၊ -ာ(အာ)ဟုယူလော့
တစ်မူရက ၊ ဉာဏ်နှင့်ဆ၍
အ,အာ,ဣ,ဤ ၊ မထူးပြီဟု
နည်းမှီရုံမျှ ၊ သင်ပို့ချသည်
ငွေလဝင်းပြောင်သာဆဲတည်း ။

နောက်ညရောက်သော် ၊ လမ်းကြောင်းချော်သား
ရထားပမာ ၊ ကာရံမညီ
မပီဓိပ္ပါယ် ၊ ရယ်သွမ်းဖွယ်ရာ
ကဗျာတစ်စ ၊ ဖေကြည့်ဗျဟု
သားကပြလျှင် ၊ မွေးဖခင်သည်
ပျော်ရွှင်မိန့်မိန့်ပြုံးသတည်း ။

ဖခင်အပြုံး ၊ ကာရံသုံး၍
စီကုံးဦးမည် ၊ စိတ်ကြံစည်လည်း
မှီအောင်ဘယ်ခါ ၊ မမှုန်းသာခဲ့
ရေးကာဖျက်ကာ ၊ လုံးလည်ချာရင်း
လသာရက်ပေါင်း နှောင်းသတည်း ။

(ဖခင်သို့ အမှတ်တရ)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP