* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, February 27, 2010

မဟိယင်္ဂဏ စေတီတော်။

နာဂဒီပကျွန်းမှ ဂျဖနာ၊ ဂျဖနာမှ မဟိယင်္ဂဏစေတီတော်ဆီ ဦးတည်ထွက်လာခဲ့တယ်၊ဂျဖနာကနေ ကားမောင်ချိန် (၇)နာရီကျော်ကျော် မောင်းမှ မဟိယင်္ဂဏစေတီ ခြေရင်းကို ရောက်တယ်၊ ရောက်ဖူးသူတချို့ကတော့ တောင်ခြေမှာ နေခဲ့တယ်၊ အချို့ကတော့ တောင်ပေါ်ရောက်အောင် ဘုရားတက်ဖူးကြတယ်၊

မဟိယင်္ဂဏစေတီတော်ကို တက်တဲ့လမ်းမှာ အသောကမင်းတရားကြီးရဲ့ သားတော် အရှင်မဟိန္ဒသီတင်းသုံးတော်မူခဲ့တဲ့ ကျောင်းနေရာဟောင်းကို လေ့လာကြတယ်။
ပြီးမှ တောင်တက်လမ်းခရီးအတိုင်း နေပူဒဏ်ကို အံတုပြီး တက်လာကြတယ်။ တောင်ပေါ်ရောက်တော့ မောသမျှအပန်းပြေကြရတယ်၊

အသောကမင်းတရားကြီးရဲ့ သားတော် ရဟန္တာမထေရ် အရှင်မဟိန္ဒသီတင်းသုံးခဲ့သည့် ကျောင်းဟောင်းနေရာ
မဟိယင်္ဂဏစေတီ အတက်လမ်း

မဟိယင်္ဂဏတောင်ဆိုတာ ဗုဒ္ဓဘာသာဝင်များအတွက် တကယ့်ကို စိတ်ဝင်စားစရာ ကောင်းတဲ့နေရာ တစ်ခုဖြစ်နေလို့ပါ။ သမိုင်းများရဲ့အဆိုအရ မြတ်စွာဘုရားရှင် ဗာရဏသီ မိဂဒါဝုန်တောမှာ ပထမ၀ါ အဖြစ်ဆိုတော်မူပြီး၊ ၀ါကျွတ်ချိန်မှာ ဥရုဝေလရသေ့ညီနောင်တို့ကို ခြေချွတ်တော်မူပါတယ်၊

တချိန်တည်းမှာပဲ ပြာသိုလ်လပြည့်နေ့မှာ သီရိလင်္ကာကို ကြွရောက်တော်မူလာပြီး ဘီလူးတို့ကို ဆုံးမတော်မူတယ်၊ ဘီလူးရန်ကနေ ကာကွယ်ဖို့ သီရိလင်္ကာကျွန်းကို သုံးကြိမ်လှည့်ပတ်ပြီး အရံအတားပြုတော်မူပါတယ်၊
ဘီလူးတွေကို တရားဟောအပြီးမှာ သုမနကူဋနတ်မင်း သောတာပန်တည်တယ်၊ သုမနကူဋနတ်မင်းရဲ့ တောင်းပန်လျှောက်ထားချက်အရ ဆံတော်တစ်ဆုပ် ချီးမြှင့်တော်မူပါတယ်၊

အဲဒီဆံတော်တစ်ဆုပ်ကို မြတ်စွာဘုရားရှင် ပထမဆုံးကြွရောက် သီတင်းသုံးတဲ့ မဟိယင်္ဂဏတောင်ပေါ်မှာ ဌပနာထားပြီး စေတီတည်တော်မူတယ်၊ ဒါကြောင့် မဟိယင်္ဂဏစေတီဟာ သီရိလင်္ကာစေတီသမိုင်းမှာ ပထမဆုံး တည်ခဲ့တဲ့ စေတီတော်လို့ သတ်မှတ်ရမှာဖြစ်ပါတယ်၊
မဟိယင်္ဂဏစေတီတော်

သမိုင်းများရဲ့ အဆိုအရ ဆံတော်တဆုပ်ကို ဣန္ဒနီလာကျောက်နဲ့ ဌာပနာခဲ့တယ်လို့ဆိုပါတယ်၊ မျက်မှောက်ခေတ်မှာတော့ မဟိယင်္ဂဏစေတီတော်ဟာ ထုံးဖြူဖြူနဲ့ ဥာဏ်တော် ၁၆ ပေလောက်သာ ရှိတဲ့ စေတီတစ်ဆူဖြစ်ပါတယ်၊

ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူလို့ နံ့သာထင်းပုံပေါ်က လည်ရိုးတော် ဓာတ်တော်ကို အရှင်သာရိပုတ္တရာရဲ့ တပည့် အရှင်သရဘူးမထေရ် တန်ခိုးနဲ့ပင့်ဆောင်ပြီး မဟိယင်္ဂဏစေတီတော်မှာ ဌာပနာထားခဲ့တယ်၊ ဒါကြောင့် မဟိယင်္ဂဏ စေတီတော်မှာ ဘုရားရှင်ရဲ့ ဆံတော်တစ်ဆုပ်ရယ် လည်ရိုးတော်ရယ် ဌာပနာထားတဲ့ ကြီးကျယ်မြင့်မြတ်တဲ့ စေတီတော်တစ်ဆူဖြစ်ပါတယ်၊

ဒီစေတီတော်ကို ဖူးမြော်ပြီး တောင်အောက်ကို ပြန်ဆင်းလာတော့ ညနေ လေးနာရီကျော်နေပါပြီ၊ ခရီးဆက်ရအုံးမှာမို့ ဆိတ်ငြိမ်အေးချမ်းတဲ့ တောရိပ် တောင်ရိပ်တွေကို ဖြတ်သန်းပြီး ဆိဂီရိယတောင်ဆီ ဦးတည်ထွက်ခဲ့ကြတယ်၊ ဒေသန္တရဗဟုသုတလည်းရ ကုသိုလ်လည်းရတဲ့ ခရီးစဉ်မို့ ပြန်တွေးလိုက်တိုင်း ကြည်နူးစရာ ကောင်းနေတာတော့ အမှန်ပါ။ ။
(အရှင်နာရဒရဲ့ သီရိလင်္ကာဘုရားဖူးလမ်းညွှန်စာအုပ်ကို ကိုးကားပါသည်)



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP