စိတ်ကူးမှသည်လက်တွေ့ဆီ။
သားသမီးတွေမှာ ဘာသာရေး ဗဟုသုတ နည်းတယ်လို့ မိဘဖြစ်လာကြတဲ့ သူတွေက ပြောလာကြတယ်။ ကျောင်းသားတွေဟာ မင်္ဂလာတရားတော်တွေ လောကနီတိတွေ နားမလည်ကြတော့ဘူးလို့ ဆရာတွေက ညည်းတွားကြတယ်။ ဒကာဒကာမတွေဟာ တရားအကောင်းအဆိုးကို နားမလည်ကြဘူးလို့ ရဟန်း သံဃာတော်များက ထောက်ပြကြတယ်။ ဒီအချက်တွေ အားလုံးကို ပြေလည်စေမယ့် လက်တွေ့ကျကျ နည်းလမ်းတစ်ခုကို ယောအသင်း စာမျက်နှာကနေ ကျွန်တော် ရလိုက်တယ်။
အဲဒီနည်းလမ်းကို ဘီလ်ဂိတ်တို့ တီထွင်ထားတဲ့ မိုက်ခရိုဆော့ဖ်ဝါဒ့်ထဲ ကူးထည့်လိုက်ပြီး ကျွန်တော့် မိတ်ဆွေ ဘာသာမဲ့ကြီး ဆီကို လှမ်းပို့လိုက်တယ်။ သူဖတ်တယ်။ ပြီးတော့ အားတက်သရော ပဲ ဖောမက်ချပြီး ပြန်ပို့ပေးတယ်။ အဲဒါကို ဆရာတော် ဦးလောကနာထဆီ ပို့ပေးတယ်။ ဦးလောကနာထက ပီဒီအက်ဖ် ပြောင်းပေးလိုက်တယ်။ (ကိစ္စတစ်ခုခုကို အရပ်မကူ လူမ၀ိုင်းဘဲ ကျွန်တော် တစ်ယောက်တည်း အစအဆုံး လုပ်နိုင်တဲ့ အစွမ်းအစမရှိတာ သိစေချင်။)
ဒီလို ဆောင်းပါးမျိုးဟာ ဖတ်ရုံဖတ်ပြီး မေ့ပစ်လိုက်ရမယ့် ဆောင်းပါးမျိုးမဟုတ်ဘူး။ လက်တွေ့ စမ်းကြည့်ရမယ့် စာတွေ ဖြစ်ပါတယ်။ ပထမဦးဆုံး နယ်တစ်နယ်မှာ ဒီဆောင်းပါးထဲက အစီအစဉ်ကို စတင်စမ်းသပ်နိုင်ရင် ကောင်းတယ်။ ပြီးမှ တဖြည်းဖြည်း ကျယ်ပြန့်အောင် ချဲ့ယူနိုင်တယ်။ ဘာအကူအညီမှ မရဘူးဆိုရင်တောင် တချို့အချက်အလက်တွေကို နည်းနည်း လျှော့ပေါ့လိုက်ပြီး ဖြစ်မြောက်အောင် ဆောင်ရွက်မယ်ဆို ဆောင်ရွက်နိုင်စရာ ရှိတယ်။
အနှေးနဲ့ အမြန် ဆိုသလို ကျွန်တော်တို့ စမ်းသပ်ကြည့်ကြမယ်။ ကျွန်တော်တို့မှာ အကောင်အထည် ဖော်နိုင်မဲ့ မိတ်ဆွေတွေ ရှိတယ်။ ဒါပေမဲ့ အကူအညီတွေ များများရအောင် မလုပ်နိုင်သေးဘူး။ စည်းရုံးတာတွေလည်း မလုပ်နိုင်သေးဘူး။ ဒါကြောင့် တစ်နှစ်ထက်တော့ စောအောင် အကောင်အထည် ဖော်နိုင်ဖို့ မလွယ်ဘူး။ ဒါကြောင့် ကျွန်တော်တို့ထက် လက်ဦးအောင် စမ်းသပ်နိုင်မယ် ဆိုရင်လည်း စမ်းသပ်နိုင်ဖို့ လူတွေကြားထဲ ဒီနည်းလမ်းတွေ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ရအောင် ဖြန့်ဖြူးပေးထားလိုက်တယ်။
စိတ်ကူးကနေ လက်တွေ့ဆီ အကောင်အထည် ဖော်ဖို့ ကျွန်တော်တို့ ဘာတွေလိုသလဲ စာရင်းချ မပြတော့ဘူး။ စာရှုသူများ တစ်ယောက်တစ်လက် ပေးတဲ့ အကြံဥာဏ်များနဲ့ လိုတဲ့ စာရင်းတွေဟာ ပြည့်စုံလာမှာပဲ။ မြန်မာတစ်နိုင်ငံလုံးမှာ အကောင်အထည် မဖော်နိုင်ရင်တောင် အနည်းဆုံး တောင်ကြီးနယ် တစ်ဝိုက်မှာ အကောင်အထည် ဖော်နိုင်မယ်လို့ ကျွန်တော် ယုံကြည်နေတယ်။ အဲဒီနယ်ကနေ တဆင့်ချဲ့ထွင်ယူသွားမယ် ဆိုလည်း ဖြစ်ပါတယ်။
အဲဒီနည်းလမ်းတွေကို အရှင်တိက္ခဥာဏာလင်္ကာရ ရေးသားတဲ့ သီရိလင်္ကာယဉ်ကျေးမှုနှင့် ဘာသာရေး အမွေမှာ ဖတ်ပါ။
(pdf download via media fire) click here!
ယောအသင်းမှာလည်း ဖတ်နိုင်ပါတယ်။ click here!

![Reblog this post [with Zemanta]](http://img.zemanta.com/reblog_e.png?x-id=6a98395c-7bee-4108-93ab-7acfeb132d49)
0 comments:
Post a Comment