* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, February 27, 2010

“စိတ္တာထေရီ”

0005052Kph0.jpg

ဤ စိတ္တာထေရီ အရှင်မသည် ကိုးဆယ့်လေးကမ္ဘာထက် ဗုဒ္ဓသုညအခါတွင် စန္ဒဘာဂါမြစ်ကမ်းဝယ် ကိန္နရီမဖြစ်၍ ပစ္စေကဗုဒ္ဓါ တစ်ပါးကို ‘နဠမာလ’ ကျူပန်းဖြင့် ပူဇော်၏။ ထိုဘဝမှ စုတေသော် ထိုကုသိုလ်ကြောင့် တာဝတိံသာ နတ်ပြည်၌ ဖြစ်၏။

၎င်းကိန္နရီမသည် နတ်မင်း၏ မိဖုရားကြီး သုံးဆယ့်ခြောက်ကြိမ်ဖြစ်ရ၏။ နတ်ပြည်မှ စုတေ၍ လူ့ပြည်၌ ဖြစ်သော အခါမှာလည်း စကြာမင်း၏ အဂ္ဂမဟေသီမိဖုရား ဆယ်ကြိမ်ဖြစ်ရ၏။ ဤသို့ လူ့ပြည် နတ်ပြည် တို့၌သာလျှင် ကိုးဆယ့်လေးကမ္ဘာပတ်လုံး ကောင်းမှု ကုသိုလ်ချည်း အဆက်ဆက် ပြုလုပ်၍ အကုသိုလ်ကံကို မပြု လုပ်ဘဲ ရှောင်ကြဉ်သောကြောင့် အပါယ်လေးပါးသို့ တစ်ကြိမ်တစ်ခါမျှ မကျရောက်ချေ။

ငါတို့မြတ်စွာဘုရား ပွင့်တော်မူသောအခါ ထို ကိန္နရီမသည် ရာဇဂြိုဟ်ပြည်၌ ‘ဂဟပတိ မဟာသာလ’ ဥစ္စာပေါ များသော သူကြွယ်သမီး စိတ္တာဖြစ်၍ သိ, ကြား လိမ္မာသော အရွယ်သို့ ရောက်လတ်သော် မြတ်စွာဘုရားသည် ဥရုဝေလကဿပ အစရှိသော ဆံကျစ်ရသေ့ ဖြစ်ဖူးသည့် ရဟန္တာ တစ်ထောင်ခြံရံ၍ ရာဇဂြိုဟ်ပြည်သို့ ဝင်တော် မူရာတွင် ဖူးမြင်ရပေ၏။

ထိုနောက် မိထွေးတော် ဂေါတမီ ရဟန်းမိန်းမ ပြုလျှင် သူကြွယ်သမီး စိတ္တာသည်လည်း မိထွေးတော် ဂေါတမီ အရှင်မကြီးထံ ရဟန်းပြု၏။

အသက်ကြီးလာသောအခါ အိုမင်း၍ ဇရာဒုဗ္ဗလ အိုနာဖြင့် အားနည်းသောကြောင့် တောင်ဝှေးထောက်၍ သွားရ ၏။ သို့သော် စိတ္တာဘိက္ခုနီ အိုကြီးသည် ဒုကုဋ်သင်္ကန်းကြီးကို ခေါက်ထား၍ နေ့တိုင်း ဆွမ်းခံသော မြေသပိတ်ကို လည်း ဆေးကြောကာ မှောက်ထားခဲ့ပြီး ဧကသီသင်းပိုင်မျှဖြင့် တောင်ဝှေးထောက်ကာ ဂိဇ္ဈကုဋ် တောင်ပေါ် တက်၍ ဆိတ်ငြိမ်သော နေရာ၌ နေလျက် ဖြစ်ပျက် ကမ္မဌာန်းကို ရှုသည်ရှိသော် ပဋိသမ္ဘိဒါနှင့်တကွ ရဟန်း ဖြစ်တော်မူလေသည်။

☺ပြီးပါပြီရှင်...။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP