* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, February 27, 2010

ပြည်တော်ဝင်အခါတော်နေ့ ။

တပေါင်းလပြည့်နေ့ သည် ဗုဒ မြတ်စွာဘုရားရှင်က နောက်ပါသံဃာတော်များဖြင့် ကပိလ၀တ်ရွှေနန်းတော်သို့  ကြွတော်မူသည့် နေ့ ။တစ်နည်းအားဖြင့် ပြည်တော်ဝင်သည့်နေ့ ဖြစ်သည်။အဆိုပါပြည်တော်ဝင်နေ့ အခါသမယ တွင် ကာဠုဒါယီမထေရ်က မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးအား တပေါင်းလ၏ သာယာပုံများကို ဂါထာများ ဖြင့် ချီးမွမ်းဖွဲ့ ဆိုပြီး ခရီးသွားရန်အခါသင့်ကြောင်းကိုတင်လျှောက်ခဲ့ပါသည်။ သို့ သော ကာဠုဒါယီ မထေရ်၏ တင်လျှောက်မှုကို ဂါထာခြောက်ဆယ်ဟု အမည်ထင်ရှားပြီး ယင်းကို ဆရာကြီးမင်းသုဝဏ်က ဂါထာခြောက်ဆယ်ဟူသောအမည်ဖြင့် မြန်မာကဗျာ ပြန်ဆိုဖွဲ့ ပြထားပါသည်။

ဂါထာခြောက်ဆယ်
ဝဲယာသီးသီး၊ မြိုင်ခရီး၌
ဒေါင်းမြီးယပ်သွင်၊ ရောင်ရှင်ရှင်နှင့်
ရွက်စင်နုရွ၊ တင့်တယ်ကြ ၍
ပွင့်လှဆန်းစွာ၊ ပင်တိုင်းဖြာသည်။
မဟာဝီရ အ ๎ဂီရသာနံ သမယော။ ။

ပွင့်ဖူးစုံညီ၊ဖျားညွန်ချီသည့်
တောမှီချုံလျှိုး၊ ငန်းနွယ်မျိုးတို့ 
ပြိုးပြက်ရောင်လျှပ်၊ ကျောက်မဏသို့ 
ချစ်အပ်ဖွယ်ရာ၊ ရှုခင်းသာသည်။
မဟာဝီရ အ ๎ဂီရသာနံ သမယော။ ။

ချစ်သူတကွ၊ မျိုးချွေးမသို့ 
တောစအပါး၊ ခရီးသွားအား
ဖြားဖြားယောင်းယောင်း၊နွယ်ပင်ပေါင်းလည်း
ပျံ့လှောင်းကြိုင်စွာ၊ မွေးကြပါသည်။
မဟာဝီရ အ ๎ဂီရသာနံ သမယော။ ။

အိုးဝေအိုးဝေ ၊ တောင်ထိပ်ဗွေ၌
ထွေထွေထူးထူး၊ တွန်ရင့် ကျူးးလျက်
ရွင်မြူးပါကြ။ ဥဒေါင်းလှတို့ 
ဖိုမခေါ်ကာ၊ ကကြပါသည်။
မဟာဝီရ အ ๎ဂီရသာနံ သမယော။ ။
သွင်သွင်သုပ်သွင်း၊ လေချိုညင်းလည်း
သင်းသင်းပျံ့ ပျံ့ ၊ နူးညံ့ညံ့တည့်။
မိုးယံ့ကောင်းကင်၊ တိမ်မြူစင်၍
ရှစ်ခွင်မျက်နှာ၊ တောက်ပါသည်။
မဟာဝီရ အ ๎ဂီရသာနံ သမယော။ ။

လ၀န်းပေါ်လျှင်၊လူပေါင်းရွှင်လျက်
မြေပြင်တလင်း၊ ချစ်သူချင်းတို့ 
သတင်းစကား၊ ဆန်းကြယ်ကြား၍
အားရ၀မ်းသာ၊ ပျော်ရေးဖြာသည်။
မဟာဝီရ အ ๎ဂီရသာနံ သမယော။ ။

ရနံ့ ကြိုင်သူ၊ ခပ်သိမ်းလူအား
ကြည်ဖြူဆက်သ၊မွေးဝေငှသို့ 
ဖိုးလရောင်လျှံ၊ အာရုံ၍
ပန်းပျံ့မာလာ၊ပွင့်ကြပါသည်၊
မဟာဝီရ အ ๎ဂီရသာနံ သမယော။ ။

သရေတောက်ပ၊ ကပိလဟု
နာမကျော်ထင်၊ မျိုးရပ်ခွင်လည်း
ကြည်လင်ရွှင်လန်း၊နတ်တို့ ကျွန်းသို့ 
အိမ်နန်းဝေဆာ၊ ဆင်ယင်ပါသည်။
မဟာဝီရ အ ๎ဂီရသာနံ သမယော။ ။

မုနိထွက်တင်၊ ဘုရားရှင်
မည်တွင်သုဒေါ်၊ ခမည်းတော်သည်
ဖူးမြော်လိုလှ၊ မြတ်ဆန္ဒကြောင့်
ဆယ်ဆကြိမ်ခါ၊ လျှေက်စေလှာသည်။
မဟာဝီရ အ ๎ဂီရသာနံ သမယော။ ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP