* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, January 13, 2010

sweetpeony ၏ မေမြန်းချက်အား ပြန်လည်ဖြေကြားလိုက်ပါသည်။

မေး။ ။ sweetpeony: အရှင်ဘုရား ဗုဒ္ဓဘာသာစစ်စစ်ဟာ ဗေဒင်တွေ နတ်တွေကို မယုံရဘူးလို့ မှတ်ထားဖူးပါတယ်။ ဘိုးမင်းခေါင်တို့ ဘိုးဘိုးအောင်တို့ကို ရှိခိုးနေတာကျတော့ကောဘုရား။ တချို့က အဲဒါတွေကို ရှိခိုးလို့ ၀က်သား မစားတာတွေ ဘာတွေ တွေ့ဖူးလို့ပါဘုရား။ ဗုဒ္ဓဘာသာအနေနဲ့ကြည့်ရင် ဘယ်လိုပါလဲဘုရား။

ဖြေ။ ။ ဗုဒ္ဓဘာသာဖြစ်တာနဲ့ ဗေဒင်တွေ နတ်တွေကို မယုံရဘူးဟူ၍ မဆိုလိုပါ၊ သို့သော် ဗုဒ္ဓဘာသာ ရဟန်းတော်များ ဗေဒင်ဟောပြောနေခြင်းကို ဘုရားမကြိုက်တာတော့ အမှန်ပါ။ နတ်ကိုလည်း မယုံရဘူးဟူ၍ မဆိုလိုပါ။ ကျမ်းဂန်တွေမှာလည်း နတ်ဒေဝါတို့အထင်အရှားရှိလေသည်။ သို့သော် ၄င်းနတ်များကို ကိုးကွယ်ဆည်းကပ်စရာ မလိုဟူ၍ မှတ်ရပါမည်။ ဘိုးမင်းခေါင် ဘိုးဘိုးအောင်တို့သည်လည်း ကိုးကွယ်ဆည်းကပ်စရာ မဟုတ်သောကြောင့် ဗုဒ္ဓဘာသာများအနေဖြင့်၊ ရတနာသုံးပါးမှ တစ်ပါး ဘယ်နတ်ဒေဝါကိုမျှကိုးကွယ်ဆည်ကပ်စရာမလိုဟု၍မှတ်ပါလေ။ ကိုးကွယ်းဆည်းကပ်စရာမလိုသည်ကို ကိုးကွယ်ဆည်းကပ်မိလျှင်၊ ဘုရားအလိုတော်ကျမဟုတ်၍၊ ဗုဒ္ဓဘာသာ စစ်စစ်မှန်လျှင် နတ်ကိုးကွယ်မှူကို ရှောင်ရမည်ဖြစ်၏။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP