၁၄ ကြိမ်မြောက်အလှူအတွက်ကြေညာချက်
စေတနာသုခ ညီအစ်ကိုမောင်နှမများခင်ဗျား....
ကျွန်တော်တို့စေတနာသုခအသင်း၏ ၁၄ ကြိမ်မြောက်အလှူကို ၁၇၊၁၊၂၀၁၀(တနင်္ဂနွေနေ့)တွင်
မင်္ဂလာဒုံမြို့နယ်၊ ဇလွန်သီလရှင်ပညာရေးကျောင်း၌ ပြုလုပ်မည်ဖြစ်ကြောင်း ညီအစ်ကိုမောင်နှမများကို အသိပေးအပ်ပါသည်ခင်ဗျား...
ယခုကျွန်တော်တို့သွားရောက်လှူဒါန်းမည့် ဇလွန်သီလရှင်ပညာရေးကျောင်းသည် ကျောင်းသား၊ ကျောင်းသူ ဦးရေစုစုပေါင်း၁၄၅ ယောက် ရှိပါသည်။ ကျောင်းသားအားလုံးမှာ နီးစပ်ရာရပ်ကွက်များမှ ဖြစ်ပါသည်။ ယခုလှူဒါန်းမည့်ကျောင်းသည် မိဘမဲ့ကလေးကျောင်းမဟုတ်သော်လည်း သီလရှင်ပညာသင်ကျောင်း ဖြစ်သောကြောင့် အလွန်ဆင်းရဲလှပါသည်။ ထို့ကြောင့် လှူရန်ရွေးချယ်ခဲ့ကြခြင်းဖြစ်ပါသည်။
ယခုတကြိမ်အလှူသွားရာတွင် ယခင်ကကြေညာထားသည့်အတိုင်း ကားခ ၁၀၀၀ နှင့် ထမင်းအတွက် ၅၀၀ စုစုပေါင်း ၁၅၀၀ ကျပ်ကောက်ခံမည်ဖြစ်ပါသည်။ မိမိနှင့်နီးစပ်ရာ အသင်းအလှူကိုစိတ်ဝင်စားသူများကိုလည်း ခေါ်ဆောင်လာခဲ့စေချင်ပါသည်။

0 comments:
Post a Comment