* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, January 19, 2010

တပို့တွဲ လဆန်း ၄ ရက် ဆွမ်းလောင်း

သာသနာသက္ကရာဇ် ၂၅၅၃ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက်။ ၂၀၁၀ ဇန်နဝါရီ ၁၈ ရက်၊ တနင်္လာနေ့။

နေ့ဆွမ်း
ဝက်သား+ အာလူးဆီပြန်၊ ပဲတီချဉ်သုတ်၊ ပုစွန်ခြောက်ပွ+ငရုတ်သီးကြော်
(မဝါဝါခိုင်မင်း၊ ကိုရန်အောင်၊ JulyDream၊ ရွာသားလေးဝိုင်တီယူတို့၏ နေ့ဆွမ်းအလှူရှင် မောင်နှမများအဖွဲ့)

ဆွမ်းထမင်း + ပဲနှပ် - ကိုဖြိုး၊ ကိုထက် (ရွှေအိမ်ဖြူ တယ်လီဖုန်းရောင်းဝယ်ရေး)
ဆီ- ဒေါ်ချို (ဒေါ်ချို ကုန်မျိုးစုံ ရောင်းဝယ်ရေး၊ ရွှေဘိုမြို့)

အရုဏ်ဆွမ်း - မုန့်ဟင်းခါး (..............)

ဝေယျာဝစ္စဒါန
-ဦးပညာဝံသ (မန္တလေး မြင်းဝန်မင်းကြီးတိုက်)၊ ဦးသုဇာတ (ရုက္ခမူကျောင်း)၊ ဦးဥာဏဗလ (မြင်းဝန်မင်းကြီးတိုက်)၊ ဦးမာဏ္ဍိတ (ဝါးချက်)၊ ဦးဓမ္မာနန္ဒ (မင်္ဂလာသာစည်ကျောင်း)
-ဆရာကြီး ဒေါ်စန္ဒသိင်္ဂီ (သိဒ္ဓိမော်ချောင်)
-ကိုဇော်နိုင် (စိုက်/ဘဏ်)၊ ဒေါ်ကြည်ဌေး မိသားစု၊ ကိုဆန်းထွန်း ဇနီးမောင်နှံ
-မြရတနာရွာမှ ကျေးရွာဥက္ကဌနှင့် ဒကာသုံးဦး (ပျံလွန်သူ ရွာဦးကျောင်းဆရာတော်အား ရည်စူး၍ ဝေယျာဝစ္စဒါန)

မနက် ၅ နာ၇ီ ၃၀ မှာ အရုဏ်ဆွမ်း စကပ်နေပါပြီ။ အပါး ၈၀ ဘုဉ်းပေးနေပါတယ်။ ၁၅ မိနစ်လောက် နေတော့ နောက် အပါး ၈၀ တစ်သုတ် ထပ်ကပ်ပါတယ်။

''ကိုဆန်းထွန်း၊ ဟိုဦးဇင်းကြီး ဒီနားပင့်လိုက်''
''ထပ်ထည့်ပါဘုရား''
''ကိုရင် ဒီဘက်ဝင်လိုက်''
''ဟိုမှာ ဦးဇင်းကြီးတွေ ကြွနေပြီ''
''ဘာလိုလဲဘုရား''

ဆက်တိုက် ကပ်နေရပါတယ်။ နေ့ဆွမ်းက ဒီနေ့ ဟင်းရံကို သရက်ချဉ်နဲ့ ပုစွန်ခြောက်ပွကြော် ပြောင်းထားပါတယ်။ မုန်လာချဉ်နဲ့ ငါးပိကြော်အစား လဲလိုက်တာပါ။ ပဲနီနှပ်လဲ ပါတယ်။ ဝက်သားဟင်းကတော့ အာလူးနဲ့ပဲ ဆက်တွဲတယ်။ အရည်သောက် ဆက်ကပ်ချင်ပေမယ့် ဝတ်ခွက်တွေ သပိတ်ထဲမှာ မှောက်မှာဖိတ်မှာ စိုးလို့ မကပ်ဖြစ်သေးပါဘူး။

နေ့ဆွမ်းအတွက် ကိုဖြိုးနဲ့ ကိုထက်က မနေ့က ဆန် ၁၅ အိတ် ထပ်လာလှူသွားတယ်။ မနက် ၆ နာရီ ၁၀မိနစ်မှာ နေ့ဆွမ်း စလောင်းတယ်။ အရုဏ်ဆွမ်းလဲ အပါး ၅၀ ခန့် ဘုဉ်းပေးနေဆဲပါ။ ဘုဉ်းပေးပြီးတာက အပါး ၂၅၀ လောက် ရှိပါပြီ။ မုန့်ဖတ် ၃၅ ပိဿာ မလောက်လို့ ထပ်မှာပါတယ်။

မြရတနာရွာက ကျေးရွာဥက္ကဌ ဦးဆောင်ပြီး ဒကာ လေးဦးဟာ ပျံလွန်သူ ရွာဦးကျောင်းဆရာတော်အတွက် ဝေယျာဝစ္စ ဒါန ပြုချင်လို့ဆိုပြီး ရောက်လာကြတယ်။ မနက်စောစော လာကြပေမယ့် ရွာက လာရတာဆိုတော့ အိုးခွက်ဆေးကြောတာပဲ မှီလိုက်တယ်။ မှီသမျှ လုပ်အားဒါန ပြုသွားပါတယ်။

ဆရာတော်က ပျံလွန်တော်မမူခင်မှာ ရွာက ကလေးငယ်တွေကို အပယ်ခံဘဝက လွတ်အောင်၊ သူတို့ရဲ့ အားငယ်စိတ်တွေ မြင့်မားလာအောင် ကူညီပေးဖို့ ပန်ကြားသွားပါတယ်။

ဒီနေ့ ရွာမှာ ဆရာတော် ရက်လည်ရှိတယ်။ မနေ့က ဇာတ်ဆရာ ပန်တျာမြကြည်နဲ့ သား ဇာတ်မင်းသား လှိုင်ဘွားအောင် ဇာတ်အဖွဲ့က ဇာတ်ကြေး တစ်ဝက် လျှော့ပြီး ဘုန်းကြီးံပျံအတွက် ပွဲကပေးတယ်။ ရွာက ရေစက်က အင်ဂျင်နဲ့ ကွန်ပရက်ဆာထားဖို့ အဆောက်အအုံအတွက် အလှူငွေ သုံးသောင်းကိုလဲ ဇာတ်ခုံပေါ်မှာ လှူသွားတယ်။ ရွာက ချို့ငဲ့တော့ အနီးချုပ်စပ် ရွာတွေက ဆရာတော်ဈာပနအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးပါတယ်။ စစ်ကိုင်းက ဦးဇင်းခြောက်ပါးလဲ စီမံဆောင်ရွက်ဖို့ မနေ့ကတည်းက ကြွသွားတယ်။

ဒီနေ့ မြရတနာရွာမှာ ဆရာတော် ဘုန်းကြီးပျံ ဧယဉ်ကျူးပါမယ်။ ပင့်သံဃာ ၁၆ ပါး ဖြစ်လာတယ်။ ပင့်သံဃာ ၁၃ ပါးအတွက် စစ်ကိုင်း မိုးကုတ် အောင်မင်္ဂလာရိပ်သာ ဆရာတော်က သင်္ကန်း ၁၃ စုံ ကပ်လှူထားပါတယ်။ ကျန်သုံးပါးအတွက် ၃ စုံကို ဦးဇင်း ဦးကောဝိဒက လှူပါမယ်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP