* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, January 19, 2010

အောင်မြင်သူတို့ရဲ့စကား

(၁)လူတစ်ယောက်ရဲ့ အပြောင်းအလဲက ဘုရားပေးတဲ့အခွင့်အရေးကို
စောင့်နေတာမျိုးမဟုတ်ဘဲ ကိုယ့်ကိုယ်စေ့ဆော် တိုက်တွန်းမှုကြောင့်
ဖြစ်လာတာဖြစ်တယ်။

(၂)အဆိုးဝါးဆုံး ဒုက္ခအခက်အခဲနဲ့ ရင်ဆိုင်ရလေ ကိုယ့်လက်ထဲမှာ
အကောင်းဆုံးအမဲလိုက်သေနတ်ကို ဆုပ်ကိုင်ထားတယ်လို့ ယုံကြည်ရလေဖြစ်တယ်။

(၃)ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်တစ်ကြိမ်ခွင့်လွတ်တာဟာ
နောက်တစ်ကြိမ် အမှားကြီးကြီးလုပ်ဖို့အတွက် အခွင့်ပေးလိုက်တာနဲ့ အတူတူပဲ။

(၄) စကားအပြောအဆိုကလည်း အောင်မြင်ဖို့အတွက် အရင်းအနှီးတစ်ခုလို့ သင်
သင်ယူတတ်မြောက်တဲ့နေ့မှာ အောင်မြင်ဖို့က လူတွေထင်သလို မခက်ခဲဘူးဆိုတာကို
သင်နားလည်လာပါလိမ့်မယ်။

(၅)မနက်ကညအထိ တစ်နေ့တာ ကိုယ်ဘာလုပ်ခဲ့သလဲဆိုတာကို
ကိုယ့်ကိုယ်မေးကြည့်ခြင်းအားဖြင့် နောက်တစ်ရက်အတွက် တက်ကြွလှုပ်ရှားမှုမျိုးကို
သင်တွေ့လာပါလိမ့်မယ်။

(၆) လူအများရဲ့ ကျရှုံးခြင်းလမ်းစ သူတစ်ပါးကိုယုံကြည်ပြီး
ကိုယ့်ကိုယ်လက်လွတ်ခြင်းဖြစ်တယ်။

(၇)အောင်မြင်ခြင်းရဲ့အချက်က သော့အိမ်ကိုသော့တံနဲ့ ဖွင့်တာနဲ့အတူတူပါပဲ။
တိတိကျကျ မထည့်သွင်းရင်နိုင်ခဲ့ရင် အောင်မြင်ခြင်းတံခါးကို
သင်ဖွင့်နိုင်မှာမဟုတ်ဘူး။

(၈) လေလုံးထွားကြွားဝါခြင်းကို ကိုယ့်လုပ်နိုင်စွမ်းနဲ့ သက်သေပြအနိုင်ယူပါ။

(၉) လက်လွတ်ခြင်းကို နားမလည်တာက ခေါင်းမာတာပဲ။
ဇွဲလုံ့လမရှိတာက ရည်မှန်းချက်ပန်းတိုင်ကို ဆုံးရှုံးတာပဲ။
ဒါပေမယ့် အသိဥာဏ်ရှိတဲ့လုပ်နည်းက လုံ့လထုတ်စရာမလိုတဲ့ အချို့အရာတွေကို
လက်လွတ်တတ်ရမယ်။

(၁ဝ)ဘယ်လိုလမ်းမျိုးမဆို ကိုယ်တိုင်လျှောက်လှမ်းပြီးမှ ဖြစ်လာတာပါ။
စိတ်ကူးအိပ်မက်ကို စောင့်ပြီးဖြစ်လာတာမျိုး မဟုတ်ဘူး။ အဲဒီလမ်းတွေအတွက်
မှန်ကန်တိကျတဲ့ ပထမခြေတစ်လှမ်းက အရေးပါဆုံးပါပဲ။

(၁၁)ဘယ်လိုအောင်မြင်မှုမျိုးကမှ အလွယ်တကူ ဖြစ်လာတာမဟုတ်ဘူး။
သင်ရွေးတဲ့တောင်ထိပ်ကို သင်ရောက်အောင် တက်ရဲလေလေ အောင်မြင်မှုက
သင်နဲ့နီးလေလေဖြစ်တယ်။

(၁၂)လေထဲဝဲပျံတဲ့ လင်းယုန်ငှက်တွေက လူတွေကို ရဲစွမ်းသတ္တိ၊
အမြင်နဲ့ဖျတ်လပ်လှုပ်ရှားမှုက အောင်မြင်ခြင်းရဲ့ အဓိကလိုအပ်ချက်လို့
ဖော်ပြနေခဲ့ပါတယ်။

(၁၃)မိမိအားနည်းချက်ကို မပြတ်စဉ်းစားဆင်ခြင်ခြင်းက ကိုယ့်ကိုအောင်မြင်စေတဲ့
အကျင့်ကောင်းတွေ ရယူနိုင်ဖို့ပဲဖြစ်တယ်။ ဒါပေမယ့် ဒီအချက်ကို လူအများက
မလုပ်ဆောင်နိုင်ခဲ့လို့ နောက်ဆုံးမှာ ပျော့ညံ့သူတွေဖြစ်ခဲ့ရတယ်။

(၁၄) ရှေ့သို့နောက်တစ်လှမ်း ဆက်လှမ်းခြင်းက ကိုယ့်အတွက်ပိုတိုးတက်
အောင်မြင်ဖို့ဖြစ်တယ်။ ဒါကြောင့် ကိုယ့်ကိုယ် လက်ရှိအောင်မြင်တဲ့ကုတင်ပေါ်မှာ
လဲလျောင်းအိပ်ပျော်မသွားပါစေနဲ့။

(၁၅)ငွေကြေးတွေကို မိတ်ဆွေလို၊ သူစိမ်းလိုဆက်ဆံတတ်ပါစေ။ တကယ်လို့
ငွေကြေးကြောင့် ကိုယ့်ကိုစိတ်ထိခိုက်စေတာဟာ လူ့ဘဝကို ကျဉ်းမြောင်းစေတာနဲ့
အတူတူပါပဲ။ တကယ်လို့ ငြိမ်သက်အေးချမ်းတဲ့စိတ်နဲ့ ဆက်ဆံခဲ့ရင် သင့်ဘဝဟာ
နဂိုကတည်းက ငွေကြေးပိုင်ဆိုင်ထားတာနဲ့ မခြားတော့ပါဘူး။

အမေရိကန်က အောင်မြင်သူတို့ရဲ့ဆောင်ပုဒ်လို့ ဖတ်ရပါတယ်။ အောင်မြင်မှုပန်းတိုင်ဆီ
ခြေစလှမ်းနေကြသူတွေ၊ လှမ်းဖို့ ပြင်ဆင်နေကြသူတွေအတွက် ခွန်အားတစ်ရပ်ပါ။
ဘာသာပြန် မျှဝေလိုက်ပါတယ်။

မူရင်း--- http://www.91mba.com

နိုင်းနိုင်းစနေ ဘာသာပြန်သည်။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP