* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, January 19, 2010

သာဂေါင်နှင့် ပညာမာန အမေးအဖြေ

Saturday, January 16, 2010

မေး။ ။ သာဂေါင်: မိမိ၏ကိုယ်ရည်ကိုယ်သွေးကို ကြွားဝါလိုခြင်းနှင့် ပညာမာနထားခြင်းသည် ရဟန်းတစ်ပါးအနေဖြင့် မည်သို့သော အကုသိုလ်ဖြစ်ပါသနည်း။

ဖြေ။ ။ မိမိ၌ ရှိသော ပညာကိုအကြောင်းပြု၍ ပညာမာနထားခြင်းအတွက် ဝိနည်းအနေအားဖြင့် အာပတ်ဟူ၍ မဆိုသာပေ၊ ကြွားဝါလျှင်(ညာလျှင်)ကား သမ္ပဇာနမုသာဝါဒ သိက္ခာပုဒ်အရ ပါစိတ်အာပတ်သင့်ပါသည်။ သို့သော် မိမိ၏ကိုယ်ရည်ကိုယ်သွေးကို ကြွားဝါခြင်းဆိုရာ၌ ရှိသည်ကို မရှိသကဲ့သို့ဟန်ဆောင်လျှင် မာယာ ဟုခေါ်ဆိုပြီး၊ မရှိသည်ကို ရှိသကဲ့သိုဟန်ဆောင်လျှင် သာထေယျ ဟုခေါ်လေ၏၊ ရဟန်းတော်များ ဒုက္ကဋ်အာပတ်သင့်၏။
မိမိ၌မရှိသော ဈာန်မဂ်ဖိုလ်ကို ရှိသကဲ့သို့ဟန်ဆောင်ကြွားဝါလျှင်ကား ပါရာဇိကကျလေသည်။
ဤ မာယာ နှင့် သာထေယျသည် ပြုလုပ်ရန်လွယ်ကူသလောက် အလွန်အပြစ်ကြီးသည်ဟူ၍ မှတ်ပါလေ။
မှတ်ချက်။ ။ ဤအမေးပုစ္ဆာသည် ဝိနည်းအရာဖြစ်သောကြောင့် ကျမ်းတတ်အကျော် ဆရာတော်တို့အား ပြန်လည်လျှောက်ထား မေးမြန်းကြည့်စေလိုပါသည်။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP