* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, January 30, 2010

ပညာမဲ့သူ

မဟာဝေဒလ္လသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ အသျှင်မဟာကောဋ္ဌိကသည် ညနေချမ်းအချိန် ကိန်းအောင် ရာမှ ထ၍ အသျှင်သာရိပုတြာထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်သာရိပုတြာနှင့် အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီး ဆုံးစေလျက် တစ်ခုသော နေရာ၌ ထိုင်ပြီးသော်-

"ပညာမဲ့သူ"

''ငါ့သျှင် ပညာမဲ့သူ ပညာမဲ့သူ ဟု ဆို၏၊ ငါ့သျှင် အဘယ် အကြောင်းကြောင့် ''ပညာမဲ့သူ'' ဟု ဆိုရသနည်း'' ဟု လျှောက်၏။

ငါ့သျှင် ''အများအားဖြင့် မသိတတ်, အများအားဖြင့် မသိတတ်'' ဟူသော အကြောင်းကြောင့် ''ပညာမဲ့သူ'' ဟု ဆိုရ၏။

အဘယ်သို့လျှင် အများအားဖြင့် မသိတတ်သနည်း။ ဤကား ဆင်းရဲတည်းဟု အများအားဖြင့် မသိတတ်၊ ဤကား ဆင်းရဲ ဖြစ်ကြောင်းတည်းဟု အများအားဖြင့် မသိတတ်၊ ဤကား ဆင်းရဲ ချုပ်ရာတည်း ဟု အပြားအားဖြင့် မသိတတ်၊ ဤကား ဆင်းရဲ ချုပ်ရာသို့ ရောက်ကြောင်း အကျင့်တည်း ဟု အများအားဖြင့် မသိတတ်။ ငါ့သျှင် (ဤသို့လျှင်) '' အများအားဖြင့် မသိတတ်, အများအားဖြင့် မသိတတ်'' ဟူသော အကြောင်းကြောင့် ''ပညာမဲ့သူ'' ဟု ဆိုရ၏ ဟု (မိန့်ဆို၏)။

၃ - မဟာဝေဒလ္လသုတ်၊ မှ ၊ စူဠယမက၀ဂ်၊ မူလပဏ္ဏာသပါဠိတော်။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP