* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, January 30, 2010

မောင်းထောင်မြေဇင်းဆရာတော်ကြီး၏ သြ၀ါဒများ


ပုဂ္ဂိုလ် (၄) မျိုး

ယောဂီတို့ အခုလို သာသနာနှင့်တွေ့ကြုံ ဆုံဆည်းရတဲ့အခိုက် ကြိုးစားအားထုတ်ကြ၊ ဒီဘ၀ ဒီအချိန် လူဖြစ်တဲ့ပုဂ္ဂိုလ်တိုင်း ကံကောင်းတယ်။
ပုဂ္ဂိုလ်ကလည်း (၄) မျိုးရှိတယ်။
၁။ သာသနာနှင့်တွေ့ပြီး လူမဖြစ်တဲ့ ပုဂ္ဂိုလ်
၂။ လူဖြစ်ပြီးသာသနာနှင့် မတွေ့တဲ့ ပုဂ္ဂိုလ်
၃။ သာသနာနှင့်လည်းမတွေ့ လူလည်းမဖြစ်တဲ့ ပုဂ္ဂိုလ်
၎။ သာသနာနှင့်လည်းတွေ့ လူလည်းဖြစ်တဲ့ ပုဂ္ဂိုလ်
အခုယောဂီတို့ သာသနာနှင့်လည်းတွေ့ပြီး လူလည်းဖြစ်နေပြီ၊ သာသနာအတွင်း ဘုရားစစ် ဘုရားမှန်၊ တရားစစ်
တရားမှန်၊ သံဃာစစ် သံဃာမှန်ရှိနေသေးတာ- ကြိုးစားကြ အချိန်မီသေးတယ်။



ခွင့်သာတုန်း ရုန်းသွားကြ

ယောဂီတို့ အခုလို ဘုရားသာသနာတော်ကြီးနှင့် ကြုံရ၊ ဆုံရလို့ လူ့ဘ၀လည်းရလို့၊ ဘုရားဆိုတဲ့အသံ၊ တရားဆိုတဲ့
အသံ၊ သံဃာဆိုတဲ့အသံတွေကြားနေရတာ။
ဒီအချိန် ကြက်တို့ ၀က်တို့ ငှက်တို့ဖြစ်နေရင် ဘုရား၊ တရား၊ သံဃာဆိုတဲ့အသံတွေလည်း ကြားနေရပါ့မလား။
ခုချိန်မှာဖြစ်နေကြတဲ့ ရှင်ရော လူရော အကုန်လုံးကံကောင်းကြတယ်… အခွင့်အရေးတွေလည်း အများကြီးရကြတယ်။
ဒါကြောင့် လယ်တီဆရာတော်ကြီးက-
၁။ ခွင့်သာခိုက်မှ မလိုက်ချင်ရင် အမိုက်နင့်ပြင်ရှိသေးလိမ့်လား။
၂။ ခွင့်သာဆဲမှ မခဲချင်ရင် အလွဲနင့်ပြင်ရှိသေးလိမ့်လား။
၃။ ခွင့်သာတုန်းမှ မရုန်းချင်ရင် အရှုံးနင့်ပြင်ရှိသေးလိမ့်လား…..
တဲ့။

ကိုင်းယောဂီတို့ အခွင့်သာတုန်း မမိုက်ကြနှင့် လမ်းမလွဲစေနှင့် အရှုံးမပေးကြနှင့်။


လက်မှတ်ရအောင်ယူထားကြ

ဘုန်းကြီးတို့ရော ယောဂီတို့ရော..ဘယ်အသက်အရွယ်၊ ဘယ်ရောဂါ၊ ဘယ်အချိန်၊ ဘယ်မြို့ဘယ်ရွာမှာသေပြီး ဘယ်ဘုံ ဘယ်ဘ၀ရောက်မယ်ဆိုတာ
ဘုရား၊ ရဟန္တာမှတပါး ဘယ်သူမှ မသိနိုင်ဘူး။ အခုလို အချိန်ကောင်း၊ အခါကောင်း၊ ဘ၀ကောင်းရနေတဲ့ အချိန် လူ့ဘ၀လည်း
ရနေပြီ။ သာသနာနှင့်လည်းတွေ့နေပြီ။ သင့်တင့်လျှောက်ပတ်တဲ့ အရပ်ဒေသလည်းရောက်နေပြီ။ ဆရာကောင်း သမားကောင်း
တွေလည်း တွေ့နေရတယ်။ ကျန်းမာရေး လည်းကောင်းနေတယ်။ သတိလက်မလွတ်စေကြနှင့်။
ဒီထက်ကောင်းတဲ့အချိန် ဒီထက်ကောင်းတဲ့ ဘ၀… ရဘို့မလွယ်ကူဘူး။
“သံသရာခရီးကြီး လမ်းမဆုံးချင်းသွားရဦးမယ်၊ ကိုယ့်လက်မှတ် ကိုယ်ရအေင်ယူထားကြ”


အရွယ်သုံးပါး

ယောဂီတို့ ဒီဘ၀… ဒီသာသနာတော်ကြီးနှင့်တွေ့တဲ့အချိန် အရွယ်သုံးပါး တစ်ပါးပါး အမိအရ တရားအားထုတ်ကြ။
ကြည့်ပါလား… ဘုရားလက်ထက်တော်က မဟာဓနသူဋ္ဌေးသား ပထမအရွယ်ကသာ တရားအားထုတ်မယ်ဆိုရင် အရဟတ္တဖိုလ်ဆုကြီး ရမယ်။ ဒုတိယအရွယ်မှာလည်း တရားအားထုတ်မယ်ဆိုရင် အနာဂါမ် ဆုကြီးရမယ်။ တတိယအရွယ် တရားအားထုတ်မယ်ဆိုရင်လည်း သောတာပန်ဆုကြီးရမယ်လို့ ဘုရားက ဟောထားတာ။

မဟာဓနသူဋ္ဌေးသား လောကီမှာလည်း ပထမအရွယ် စီးပွားလုပ်ရင် ပထမတန်းစား သူဋ္ဌေးဖြစ်မှာ။ ဒုတိယအရွယ်
စီးပွားလုပ်ရင် ဒုတိယတန်းစား သူဋ္ဌေးဖြစ်မှာ။ တတိယအရွယ် စီးပွားလုပ်ရင် တတိယတန်းစား သူဋ္ဌေးဖြစ်မှာ။
ခှုတော့ လောကီရော လောကုတ္တရာရော ဘာမှမရတော့
“ဖွတ်မရ ဓားမဆုံး” ပေါ့
ဟုတ်တယ်… အရွယ်သုံးပါး တစ်ပါးပါးမှ လောကီ၊ လောကုတ္တရာ ဘာမှမလုပ်တော့ အကုန်ဆုံးရှုံးတာ ယောဂီတို့လည်း
အတိတ်ကံက ဘယ်ဆုတွေ ရမယ်ဆိုတာ ပြောမရဘူး ကြိုးစားကြ။


မိုးရွာတုန်းရေခံထားကြ

ယောဂီတို့ ဒီသာသနာက ရှိနေပေမယ့် ခုအားထုတ်ကြတဲ့ သမထ၊ ၀ိပဿနာ တရားတွေက အမြဲတမ်းထွန်းကားနေတာ မဟုတ်ဘူး။ တစ်ခါတစ်ရံ ထွန်းကားတာ။ ဥပမာ… လောကမှာ ဥတု၊ ရာသီတွေကလည်း သူ့ရာသီနှင့်သူ
ပြောင်းလဲနေတာ။ ခေတ်ကာလကလည်း သည်အတိုင်းပဲ၊ ဒီနေ့နှင့်မနက်ဖြန်တောင်မတူဘူး။ အချိန်တိုင်း၊ နာရီတိုင်း၊ ရက်တိုင်း၊ လတိုင်း၊ နှစ်တိုင်းပြောင်းလဲနေတာ။
“အမြဲတမ်းလည်း မိုးရွာတာမဟုတ်ဘူး၊ မိုးရွာတုန်း ရေခံထားကြ”

သာသနာက နှစ်ထောင့်လေးရာကျော် ကျန်သေးတယ်ဆိုပေမယ့် ကိုယ်နှင့်မဆိုင်ဘူး၊ ကိုယ်ယူမှ ကိုယ်ရတာ၊ ကိုယ်လုပ်မှ ကိုယ်ရတာ၊ မိုးရွာနေပေမဲ့ ကိုယ်ကထွက်ပြီးမိုးရေမခံရင် ကိုယ်မသောက်ရ၊ မသုံးရ၊ မချိုးရဘူး။
တရားတော်ကလည်း ဒီအတိုင်းပဲ ကိုယ်လုပ်မှ ကိုယ်ရတာ၊ ကိုယ်မလုပ် ကိုယ်မရဘူး။ ယောဂီတို့ ကိုယ့်အတွက်လုပ်တာ ကြိုးစားကြ…။


ကိုယ့်ဘက်ကလိုတာ

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက-
ဘုန်းကြီးတို့၊ ယောဂီတို့အတွက် သူတော်ကောင်း သူမြတ်လောင်းကြီး တွေ သွားကြတဲ့ လမ်းကြောင်းအတိုင်းလိုက်ခ့ဖဲို့။
“ဘာမှလိုလေသေးမရှိအောင် ဟောထားခဲ့တာ မှာတော်မူထားခဲ့တာ- လိုတာက ဘုန်းကြီးတို့၊ ယောဂီတို့ဘက်ကလိုတာ”

ကြည့်ပါလား- ဒီလို ဒါနကုသိုလ်တွေပြုရင် နိဗ္ဗာန် မရမီ ဘ၀တိုင်း ဘ၀တိုင်း ပစ္စည်းဥစ္စာတွေပေါတယ်။ ဒီလို သီလတွေဆောက်တည် စောင့်ထိန်းရင် ဘ၀တိုင်း ဘ၀တိုင်း ကိုယ်တွင်း ကိုယ်ပရောဂါ ဘေးအန္တရာယ်တွေကင်းပြီး အသက်ရှည်တယ်။ ဒီလို
သမထ၊ ၀ိပဿနာတရားတွေ အားထုတ်ရင် ဈာန်၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ချမ်းသာတွေ ခံစားနိုင်တယ်၊ ရောက်ရှိနိုင်တယ်။ အဲဒီလို မြတ်စွာဘုရားက သတ္တ၀ါတွေ သနားတော်မူလို့၊ ငဲ့ညာတော်မူလို့ထားခဲ့တာ။ ဒါတောင် လူတွေက ကိုယ့်အတွက် ထားခဲ့မှန်း ဟေားခဲ့မှန်းမသိကြဘူး။ သနားစရာတွေ ၀မ်းနည်းစရာတွေ။


အအေးနဲ့အပူ

မြတ်စွာဘုရားရှင်ရဲ့ တရားတော်တွေက အလွန်အေးမြတဲ့ တရားတွေ ယောဂီတို့ရဲ့စိတ်တွေက အပူတွေ ရောလို့မရဘူး။ ခုလို အားထုတ်နေတဲ့ တစ်ရှုတစ်ရှိုက်က စပြီး ယောဂီတို့ရဲ့စိတ်တွေ ငြိမ်းချမ်းသွားအောင် အေးမြသွားအောင် အားထုတ်ရမှာ မေတ္တာလည်း များများပို့ကြ..

မေတ္တာပို့တော့ မေတ္တာပို့တဲ့ကိုယ့်စိတ်က အရင်အေးမြတာ။ ကိုယ့်စိတ်ကလည်း တကယ်တမ်း သတ္တ၀ါတွေအပေါ် အေးမြစေလိုတဲ့ စိတ်ဆန္ဒနှင့် ထိထိရောက်ရောက်ပို့ပါ။ ကိုယ်က ကိုယ့်ရဲ့ကိုယ်စောင့်နတ်ကစပြီး မေတ္တာပို့တော့ ဆိုင်ရာဆိုင်ရာ နတ်တွေလည်း မနေနိုင်တော့ဘူး။ ၀ိုင်းဝန်းကူညီ စောင့်ရှောက် မစကြတာပေါ့။ မယုံမရှိနှင့် ဘုန်းကြီးကိုယ်တွေ့တွေ အများကြီးဘဲ၊ ယုံယုံကြည်ကြည် လုပ်ရင် မကြာခင်တွေ့ရ ခံစားရမှာ…။


Image Hosting by imagefra.me
http://www.sbay-student.org/

www.dhammaanalysis.multiply.com/



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP