သူ ဇာတ်သိမ်း
သဘာဝရဲ့ အဆုံးမဲ့ပေးဆပ်မှုကို တန်ဖိုးမထားမလေးစားရင် အဆမတန်အခွင့်ကောင်းယူကြရင် ဒီအလှတရား တွေဟာ ပျက်သုန်းအုန်းမှာပဲလေ။ ပျက်စီးတဲ့သူက ပျက်စီး တည်ဆောက်မဲ့သူက တည်ဆောက်ပေါ့။ သဘာဝရဲ့ ကျေးဇူးတရားကို သိတဲ့ အဲ(လ)ဇီရာ(ဒ)ဘိုဖီယဲ ရဲ့ သဘာဝကိုကျေးဇူးဆပ်ခဲ့တာတွေဟာ အခုဆို မျက်ဝါထင်ထင် မြင်နေရပါပြီ။ သစ်တောလေးကို လူတစ်ယောက်တည်း လက်နှစ်ဘက်နဲ့စိုက် ခဲ့တာဆို ဘယ်သူမှ မယုံကြသလို ဒါတွေကို သူစိုက်ထားတာလို့လည်း ဘယ်သူကမှ မသိကြပါဘူး။သူကို သာမန်သိုးထိန်း တစ်ယောက်လိုသာ မြင်ကြတယ်။မသိတာလည်း တစ်မျိုးတော့ကောင်းတယ် သူကိုထားမြစ် ဝေဖန်မဲ့သူမရှိဘူးပေါ့။ တကယ်သိသွားလို့ ထားမြစ်ဝေဖန်လည်း သူလိုလူကတော့ သူအလုပ်သူလုပ်နေမှာပါပဲ။
၁၉၂၀ခုနှစ်မှာ ကျွန်တော်သူဆီနောက်တကြိမ် ထပ်ရောက်ခဲ့ပြန်တယ်။ သူတခါမှစိတ်ပျက်လက်ပျက် ဖြစ်နေတာကို ကျွန်တော်မတွေ့ဖူးသေးဖူး။ သူကိုလည်း ဘယ်အရာကမှ စိတ်ပျက်လက်ပျက်ဖြစ်အောင်မလုပ် နိုင်ဘူးထင်တယ်။ သူသဘာဝကို ကျေးဇူးဆပ်ပြီး စိတ်နဲ့ကိုယ်ကို ဆပ်ကပ်ထားသလိုပါပဲ။ အခက်အခဲတွေကို ကိုကျော်လွှားရင်း သူရဲ့စိတ်ရောကိုယ်ပါ ပင်ပန်းမှုတွေဟာ မှန်းဆလို့တောင်မရပါဘူး။ ဒါပေမယ့် အဆုံးသတ် ရလဒ်ကောင်းတွေကို ရရှိဖို့ သူဟာ အတားအဆီးအခက်ခဲပေါင်းများစွာကို ရင်ဆိုင်ကျော်လွှားခဲ့ရမှာပဲ။ သူဘယ်သူကိုမှလည်း အပြစ်တင်တာမျိုးမလုပ်ဘူး။ တကယ်ကို တမှုထူးတဲ့ သူပါ တိတ်ဆိတ်ငြိမ်သက် အထီးကျန်လှတဲ့ အလုပ်တွေကို သူလုပ်ခဲ့တယ်။ ဘယ်လောက်အထီးကျန်ဆန်လဲဆိုတော့ သူဟာ စကားပြောတဲ့ဆိုရင် လူတိုင်းမှာရှိတဲ့ အမှုအကျင့်ကိုတောင် မေ့သလောက်ဖြစ်နေပြီ။
၁၉၃၃ခုနှစ်မှာ သစ်တောဝန်ထမ်း တစ်ဦးက တောမီးလောင်မှာစိုးလို့ဆိုပြီး သူအိမ်အပြင်မှာ မီးဖိုထားဖို့ လာထားမြစ်တာခံရတယ်။ ဒီသစ်တောဝန်ထမ်းဟာ ရိုးအလွန်းတာလားမသိ သူဘာသာပေါက်လာတဲ့ သစ်တောမျိုး ဒီတစ်ခါပဲမြင်ဖူးကြောင်းပြောတယ်။ သူကတော့ သစ်တောဝန်ထမ်းကို ဘာမှမပြောပဲ နားထောင်ယုံသာ နားထောင်ခဲ့တယ်။
၁၉၃၅ခုနှစ်မှာ အုပ်ချုပ်ရေးဖက်က လူပေါင်းများစွာဟာ ယာဉ်ကြီးယာဉ်ငယ် အသွယ်သွယ်နဲ့ ဒီသဘာဝတောကြီးကို လာရောက်ကြည့်ရှုလေ့လာကြတယ်။ သူတို့အထဲက ပါလီမန်အမတ်ကြီးတစ်ယောက်နဲ့ သစ်တောဌာနအရာရှိကြီးတစ်ယောက်က ကောင်းမှုတစ်ခုပြုလုပ်ကြတယ် ဒါကတော့ ဒီသစ်တောကြီးကို အစိုးရကာကွယ်မှုအောက်မှာ ထားဖို့ ထင်းမီးသွေးအတွက် သစခုတ်တာကို ထားမြစ်ပေားကတယ်။ ဘာဖြစ်လို့ဒီလိုလုပ်ရတာလဲဆိုတော့ ဒီသစ်တောရဲ့ လှပမှုက သူတို့ကိုဖမ်းစားနေလို့လေ။ သစ်တောရဲ့ လှပမှုက ပါလီမန်အမတ်ကြီးကိုတောင် ဖမ်းစားနိုင်တယ်တဲ့ဗျာ အံသြဖို့ကောင်းလိုက်တာဗျာ။
ဒီသစ်တောကိုထိန်းသိမ်းတဲ့ သူတစ်ယောက်ဟာ ကျွန်တော်မိတ်ဆွေဖြစ်နေတော့ သူအကြောင်းကို ပြောပြခဲ့ တယ်။ နောက်တစ်ပတ်လောက်အကြာမှာ ကျွန်တော်နဲ့ သစ်တောထိန်းသိမ်းရေးလူကြီးနဲ့ အတူသူကို ရှာဖွေဖို့ ထွက်လာခဲ့တယ်။ သူကို သူစိုက်ခဲ့တဲ့ သစ်တောလေးရဲ့ ကီလိုမီတာနှစ်ဆယ်အကွာမှာ သစ်ပင်စိုက်ရင်းအလုပ် ရှုပ်နေတယ်။ကျွန်တော်တို့ ထိုင်စကားပြောကြတယ် ကျွန်တော်မိတ်ဆွေ သစ်တောလူကြီးကတော့ သူနဲ့ တွေခွင့်ရအောင် လုပ်ပေးတဲ့ ကျွန်တော်ကို ကျေးဇူးတင်နေတယ်။ သူအတွက် လက်ဆောင်အဖြစ် ကျွန်တော်ကြက်ဥတွေ ယူလာခဲ့တယ်။ နောက်အချိန် အတော်ကြာတော့ ပြန်ခဲ့တယ် သူကကျွန်တော်တို့ကို တောင်ဆင်းလမ်းလေးအထိလိုက်ပို့တယ်။ဒီ တောလမ်းလေးကို ကျွန်တော်တို့အရပ်ထက် လေးဆလောက် မြင့်တဲ့ သစ်ပင်တွေ ဖုံးလွှမ်းနေတယ်။ သူကိုသစ်တောလူကြီးက ဒီဒေသနဲ့ ကိုက်ညီတဲ့ သစ်ပင်တွေကို ပြောပြတယ်။ ဆရာကြီးလုပ်သလို ပြောတာမျိုးမဟုတ်ဘူး သေသေချာချာလေးလေးစားစားပြောတာ။ နောက်မှ သစ်တောလူကြီးက ပြန်ပြောတယ် သူဟာ ကမ္ဘာပေါ်မှာရှိတဲ့ သူတွေအားလုံးထက် သစ်ပင်အကြောင်းကို ပိုသိတယ်တဲ့။
တိတ်ဆိတ်စွာ အလုပ်လုပ်ခြင်း၊ သဘာဝအားအဆုံးမဲ့ ပေးဆပ်ခြင်း၊ ရိုးရှင်းတဲ့ ဘ၀နေထိုင်မှု ဒါတွေအားလုံး ရဲ့အထက်မှာ ရှိတဲ့ စိတ်နှလုံးငြိမ်းအေးမှုဟာ သူကို အားကျဖွယ်ကောင်းတဲ့ ကျန်းမာမှုနဲ့ ပျော်ရွှင်မှုကို ပေးနေလေရဲ့။ သူဟာ ဘုရားသခင်ရဲ့ အပြေးသမားတစ်ဦး ဘယ်တော့မှ မရပ်တဲ့ အပြေးသမားတစ်ဦးပါ။
သူသစ်ပင်စိုက်တဲ့ လုပ်ငန်းကို ဖျက်လိုပျက်ဆီးလုပ် လာတာတစ်ခုကတော့ ဒုတိယကမ္ဘာစစ်ပွဲကြီးပါပဲ။ သစ်တွေကို လောင်စာအဖြစ်မီးရှို့ပြီး စွမ်းအင်ရတာကြောင့်ဖြစ်ပါတယ်။ သစ်ပင်တွေ အမြောက်အများ ခုတ်လှဲခံရတယ်။ ဒါပေမယ် သစ်တောဟာမြို့နဲ့ဝေးပြီး သယ်ယူပို့ဆောင်စရိတ်ကြီးတဲ့အတွက် အစိုးရဟာ သစ်ခုတ်မှုကို စွန်လွတ်လိုက်ပါတယ်။
သူကတော့ဒါကို လုံးဝမသိပါဘူး အခုတ်ခံရတဲ့ တောအုပ်နဲ့ ကီလိုမီတာ ၃၀လောက်အကွာမှာ သစ်ပင်စိုက်ပြီး လုပ်စရာရှိတာကို လုပ်နေလေရဲ့။ ဒုတိယကမ္ဘာစစ်ကို သူလျစ်လျှုပြုနိုင်ခဲ့တယ်။ ပထမကမ္ဘာစစ်ကို လျစ်လျှုပြုခဲ့ သလိုပဲ။
သူကို ကျွန်တော်သူဆီကို ၁၉၄၅ခုနှစ်မှာ နောက်ဆုံးအနေနဲ့ ရောက်ခဲ့ပါတယ်။ဒီအချိန်မှာသူ အသက် ၈၇နှစ်အရွယ်ရောက်နေပါပြီ။ အရင်က သီးနုံမဖြစ်ထွန်းပဲခြောက်သွေ့လှတဲ့ နေရာ အစွန့်ပစ်ခံနေရာလေး တစ်ခုကို ကျွန်တော်ပြန်ရောက်ခဲ့ပါတယ်။ စစ်ကြောင့်အရာရာပြောင်းလဲ ခဲ့ပါပြီ အခုဆိုတောင်စောင်း နားလေးအထိ ဘတ်(စ်)ကားတွေရောက်နေပြီလေ။
၁၉၁၃ခုနှစ်လောက်ကအခြေအနေ နဲ့လုံးဝကိုကွာခြားသွားပါပြီ။ လေတောင်မှ အရင်က ပူပြင်းပြီး ခြောက်သွေ့တဲ့လေတိုက်တဲ့ နေရာမှာ သာယာနူးညံပြီး နံသာပေါင်းနဲ့ ပြည်ဝတဲ့ လေဖြစ်နေပါပြီ။ အရင်က အိမ်ခြေ တစ်ဒါဇင်လောက်ပဲ ရှိတဲ့ နေရာမှာ အိမ်ခြေအရေအတွက်တွေ များလာပါပြီ မျိုးဆက်သစ်တွေ မွေးဖွားပြီး ဒီဒေသဟာ အားမာန်အပြည့် လူတွေရဲ့ မျော်လင့်ခြင်းတွေအကောင်အတည် ဖော်နိုင်ခဲ့ သလို ပြိုလဲပျက်စီနေတာကိုလည်း ရှင်းလင်းနိုင်ခဲ့ပါတယ်။ ရွာထဲမှာ အိမ်အသစ်လေးတွေ သစ်ပင်ပန်းမန်တွေ သီးပင်စားပင်တွေ စုံလို့ အိမ်တိုင်းအိမ်တိုင်းလိုလို စိုက်ပျိုးထားကြတယ်။
အရင်က နေချင်စရာမကောင်းတဲ့ ဒေသလေးဟာ အခုဆိုနေချင့်စဖွယ် သာယာလှပလာပါတယ်။ ဒီဒေသလေးသာယာလာတာက လာဇရုသင်္ချိုင်းကနေ ပြန်ထမြောက်သလိုပါပဲ။တောင်စောင်းရဲ့ အနိမ့်ပိုင်းမှာ စပါးပင်တွေ ဂျုံပင်တွေ တောင်ချိုင့်ဝှမ်းကလည်း စိမ်းလို့ လန်းလို့ လှပကြည်နူးစရာကောင်းလိုက်တာပ ရှုမငြီး နိုင်တဲ့ သဘာဝအလှအပတွေ လွန်ခဲ့တဲ့ ၁၉၁၃ခုနှစ်လောက်ကအခြေအနေနဲ့ အခြားနားကြီးခြားနားခဲ့ပြီ။
ခန်းခြောက်နေတဲ့ စမ်းချောင်းလေးဟာ မိုးနဲ့နှင်းကြောင့် ရေတွေပြည်ဝခဲ့ပါပြီ။ ဒီစမ်းချောင်းလေးဟာ သစ်တောကိုပတ်ခွေစီးဆင်း နေပြီး သစ်တောကို စောင့်ရှောက်နေသလို သစ်တောကလည်း စမ်းချောင်းလေးကို ပြန်စောင့်ရှောက်နေလေရဲ့။ ဒီကလူတွေကလည်း အရင်လို ညိုးငယ်မနေပဲ လန်းဆန်းတက်ကြွနေပါတယ်။ သူတို့တွေ ကျေးလက်ဒေသနဲ့ သဘာဝတရားရဲ့ အနှစ်သာရကို ပြည့်ပြည့်၀၀ခံစားရနေတာ တွေရတယ်။
ဒီလိုနူးညံတဲ့ ပတ်ဝန်းကျင်ကြောင့် လူတွေအသစ်ရောက်လာပါပြီ။ အရင်ကလူတစ်ရာတောင်မနေတဲ့ ဒေသမှာ လူပေါင်းသောင်ချီရှိနေပါပြီ။ ဒီလူပေါင်းတစ်သောင်းကျော်ရဲ့ ပျော်ရွှင်မှုကို ဖန်တီးပေးသူဟာ အဲ(လ)ဇီရာ(ဒ)ဘိုဖီယဲ ကြောင့်ဆိုတာကိုတော့ ဒီဒေသက လူတွေမသိကြပါဘူး။ သူကလည်း ပြောမနေပါဘူး။
ဒါတွေဟာ လူသားတစ်ဦးရဲ့ ပြင်းထန်တဲ့ စိတ်ဆုံးဖြတ်မှု မကုန်မခန်းနိုင်တဲ့ ရက်ရောမှုတွေနဲ့ ဒီလိုအဆုံးသတ်မှုမျိုးရရှိခဲ့စေတဲ့ အကြောင်းတွေ ပြန်စဉ်းစားမိတဲ့ အခါမှာတော့ ကျွန်တော်တို့လူသားတွေဟာ ဘုရားသခင်သာလုပ်နိုင်တဲ့ အလုပ်မျိုးကိုလုပ်နိင်ခဲ့တဲ့ ဒီအသက်အရွယ်အိုမင်းပြီး စာမတတ်ပေမတတ်တဲ့ ဆင်းရဲသားသိုးထိန်း အဖိုးကြီးတစ်ယောက်ကို လေးစားဂုဏ်ယူလို့ မဆုံးပါဘူး။
အဲ(လ)ဇီရာ(ဒ)ဘိုဖီယဲဟာ ၁၉၄၇ခုနှစ်မှာပဲ ဘာနွန်မြို့မှာပဲငြိမ်းချမ်းစွာကွယ်လွန်ခဲ့ ပါတယ်။
သူသေဆုံးသွားခဲ့ပေမဲ့ သူစိုက်ပျိုးခဲ့တဲ့ သစ်ပင်တွေ စိမ်းလန်းစိုပြေမှုတွေကို နှောင်းလူတွေ အခုအချိန်အထိခံစားနေရတုန်း ပါပဲခင်ဗျား။
ပြီးပါပြီ

0 comments:
Post a Comment