* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, January 30, 2010

အဘိဓမ္မာ အပိုင်း၂၊ အပိုင်း အခန် ၁၂ (မစ္ဆရိယ+ကုက္ကုစ္စ) 30-01-10

ဒီနေ့ အစဉ်ရောက်လာတဲ့ ပြောပြရမည့် အဘိဓ္မာတရားက... မစ္ဆရိယ=မိမိစည်းစိမ် ဥစ္စာ၊ ပညာစသည်ကို သူတပါးအား ရှယ်ယာရမှာကို ၀န်တိုနှမြောခြင်း၊ လောကမှာပြောနေကျ စကားနဲ့ပြောရရင် ကတ်စေးနဲခြင်းသဘော။ ပေးသင့်လျှက်

မပေး/မစွန့်နိုင်ခြင်း..... ကတ်စေးနဲနေခြင်းသည် မိမိတို့သန္တာန်မှာ ဒီတရားကိန်းနေတဲ့ အချိန်ပါပဲ။
ဒီတရားမိမိတို့တစ်တွေ သန္တာန်မှာ ကိန်းလာပြီဆိုရင်.... သူရဲ့သဘောက ဘယ်လောက်အထိ ဆိုးသလဲဆိုတော့... မိမိမှာ ရှိတဲ့ ပစ္စည်း၊ ပညာစသည်, မရသေးတဲ့ ပစ္စည်း၊ ပညာစသည် ငါ့သာပိုင်လိုသည်၊ ငါသာတတ်စေချင်သည်၊ သူတစ်ပါးကို မရှိစေလို့၊

မတတ်စေလိုခြင်းသဘော၊ ယုတ်စွအဆုံး အလာတူ ပစ္စည်းမျိုးတောင် တခြားသူအား မရှိစေချင်တဲ့ သဘောပါ။
တွေ့ဘူးမှာပါ... ပစ္စည်းအသစ်အဆန်း၊ ဒီဇိုင်းအသစ်အဆန်းလေးများပေါ်တဲ့အခါ မိမိအရင်ဦးအောင် ၀ယ်ပြီး... သူတစ်ပါးအား ကြွားချင်တဲ့ သဘောလေးတွေ၊ သူသာ ၀တ်နိုင်တယ်၊ အသုံးပြုနိုင်တယ်၊ ကိုင်နိုင်တယ်၊ ပိုင်သေးတယ်... တခြားသူ

မပိုင်သေးဘူးဆိုတဲ့ သဘောတရားသည်... ဒီ “မစ္ဆရိယ=၀န်တိုခြင်း” ကိန်းနေတဲ့ သဘောပါ။ ကိုယ်နှင့် အလာတူမျိုး သူတစ်ပါးအား ရရှိသွားမှာ အလားတူဖြစ်သွားမှာကို စိုးရိမ်ခြင်းပါပဲ။

မိမိဥစ္စာ၊ ပညာစသည်ကို ၀န်တိုခြင်းနှင့်ပတ်သက်လို့ ပါဠိစာပေမှာ (၅)မျိုး ခွဲပြလေ့ရှိပါတယ်။
၁။ အာဝသမစ္ဆရိယ= ကျောင်းကန်၊ တိုက်တာ၊ နေရာထိုင်ခင်းစသည့် နေရာနှင့် ပတ်သက်လို့ ၀န်တိုခြင်း
၂။ ကုလမစ္ဆရိယ= ဆွေမျိုးမိတ်ဆွေ၊ တပည့်၊ ရဟန်းတော်များအနေနှင့် ဒကာဒကာမတို့နှင့် ပတ်သက်လို့ ၀န်တိုခြင်း
၃။ လာဘမစ္ဆရိယ= ပစ္စည်းလာဘ်လာဘတို့နှင့် ပတ်သက်လို့ ၀န်တိုခြင်း
၎။ ၀ဏ္ဏမစ္ဆရိယ= ကိုယ်ရေအဆင်း၊ ဂုဏ်သတင်းတို့နှင့် ပတ်သက်လို့ ၀န်တိုခြင်း
၅။ ဓမ္မမစ္ဆရိယ= မိမိတတ်သိသော အတတ်ပညာနှင့်ပတ်သက်လို့ ၀န်တိုခြင်း

နံပါတ် (၁) အနေအားဖြင့် မိမိတို့တစ်တွေ ဖြစ်လေ့ဖြစ်ထရှိကြပါတယ်။ ကိုယ်ပိုင်ဆိုင်တဲ့ နေရာလေးကို သူတစ်ပါးအား မပေးချင်တာ၊ လိုင်းကားစသည်ပေါ်မှာ -၂-ယောက်စာလောက် နေရာရှိပါလျှက် သူတစ်ပါးအား ရှယ်ယာမလုပ်ချင်တာ၊ နောက်

ကိုယ်လှူထားတဲ့ ကျောင်းမှာ တပါးသူတို့၏ ပစ္စည်းများ ထားတာ မကြိုက်တာ... တခြား ဧည့်သည်များ တည်းခို နေထိုင်မှာကို မနှစ်သက်တာ...စသည်စသည်များသည် “အာဝါသမစ္ဆရိယ=နေရာထိုင်ခင်းနှင့်ပတ်သက်လို့ မိမိပစ္စည်းအပေါ် ၀န်တိုမှု”

ဖြစ်ပါတယ်။ မကောင်းတဲ့ လူတစ်ယောက်၊ လူယုတ်မာတစ်ယောက်ကို မိမိလှူထားတဲ့ကျောင်း...သို့မဟုတ်.. မိမိအိမ်ကို မသွားစေချင်တာ/ မလာစေချင်တာကတော့ ဒီ “အာဝါသမစ္ဆရိယ” သဘောမဟုတ်ပါဘူး။
နံပါတ် (၂) အနေအားဖြင့် ဆရာများ၊ ရဟန်းတော်များ၊ အဖွဲ့အစည်းများမှာ ပိုထင်ထင်ရှားရှား ဖြစ်မယ်ထင်တယ်။ ယနေ့ခေတ် စာသင်ဝိုင်းများမှာ ကိုယ့်တပည့်များ.... တခြားစာသင်ဝိုင်းရဲ့ တပည့်ဖြစ်သွားမှာကို ၀န်တိုတာ၊ ရဟန်းတော်များ... ကိုယ့်ဒကာ ဒကာမများကို တခြားကျောင်းဆရာတော်ရဲ့ ဟောပြောမှုကြောင့် သူ့ဖက်ပါသွားမှာ စိုးရိမ်ပြီး ၀န်တိုတာစသည်များသည် “ကုလမစ္ဆရိယ=ဆွေမျိုးမိတ်ဆွေ၊ တပည့်၊ ဒကာဒကာမတို့နှင့် ပတ်သက်လို့ ၀န်တိုခြင်း” ဖြစ်ပါတယ်။
နံပါတ် (၃) အနေအားဖြင့် မောင်နှမအချင်း ခွဲအောင်လုပ်တဲ့ သဘောမျိုး တွေ့ဘူးမယ်ထင်ပါတယ်၊ မိဘနဲ့ မတဲ့အောင် ဖြစ်သွားကြတဲ့ သဘောမျိုးလည်း တွေ့ကြုံဘူးကြမှာပါ။ အမွေကို ကိုယ်သာ ရလိုတာ တပါးသူအား မရစေချင်တဲ့ သဘောမျိုး။

သူတစ်ပါးအား ရှယ်ယာ မလုပ်လိုခြင်းစတဲ့ သဘောတွေသည် “လာဘမစ္ဆရိယ=ပစ္စည်းလာဘ်လာဘအပေါ် ၀န်တိုမှု” သဘောတွေပဲ ဖြစ်ပါတယ်။
နံပါတ် (၄) အနေနဲ့က... မိမိကိုယ်သာ လှတဲ့ အဆင်းပိုင်ရှင်၊ အလှပိုင်ရှင် ဖြစ်တယ်၊ ကျော်ဇောသတင်းပိုင်ဆိုင်သူ ဖြစ်တယ်... တခြားသူတပါးမှာ အဲဒီလို ဂုဏ်သတင်းများ မပိုင်ဆိုင်လိုခြင်း သဘောသည် “၀ဏ္ဏမစ္ဆရိယ” သဘောတရားများ ဖြစ်ပါတယ်။ ဒုတိယလူပေါ်လာမှာကို မလိုလားတဲ့ သဘောဖြစ်ပါတယ်။ အနုပညာလောကမှာ ပိုထင်ရှားမလားပဲ။
နံပါတ် (၅) အနေနဲ့ကတော့ မည်သည့်အတတ်ပညာ၊ အသိပညာဖြစ်စေ... မိမိသာ သိပြီး သူတစ်ပါး သိသွားမှာကို မလိုလားတာ... ရှယ်ယာမလုပ်ချင်တဲ့ သဘော၊ အကျိုးရှိတဲ့ ကိုယ်သိထားတဲ့ အရာများကို သူတစ်ပါး လာမေးသောအခါ မပြောပြချင်၊

နားလည်အောင် မရှင်းပြချင်တဲ့ သဘော တရားများ ဖြစ်ပါတယ်။ ဒီသဘောတရားများသည် “မစ္ဆရိယ=မိမိပိုင်တဲ့ အရားများအပေါ် ၀န်တို/ ကတ်စေးနဲခြင်းများ” ဖြစ်ပါတယ်။
ဒီတရားမတိုင်ခင်က အပေါ်မှာပြောခဲ့တဲ့ ”ဣဿာ-သဘောသည် သူတစ်ပါး ပိုင်တဲ့ ပစ္စည်းအပေါ် နှမြော ကတ်စေးနဲတာ၊ ဒီ “မစ္ဆရိယ-သဘောသည် ကိုယ်ပိုင်တဲ့ ပစ္စည်းစသည်အပေါ် (ကိုယ်ပိုင်မယ်လို့ ထင်ထားတဲ့ ပစ္စည်းစသည်အပေါ်)မှာ ကတ်စေးနဲ့ နှမြောဝန်တိုတာပါ။” ဤသို့ ထူးခြားတယ်ဆိုတာ မှတ်သားပါ။

နောက်တစ်ပါးက ကုက္ကစ္စ။ (ကုတ်ကုတ်စ-လို့ အသံထွက် ဖတ်ပါ)။ ဒီတရားကလည်း နေ့စဉ် လူ့ပတ်ဝန်းကျင်မှာ အပြောများတဲ့ အဘိဓမ္မာစကားလုံး တစ်လုံးပဲ ဖြစ်ပါတယ်။ အဘိဓမ္မာရဲ့ ဆိုလိုရင်းနဲ့ မှန်လား/ မှားလားဆိုတာကိုတော့...

ဒီသဘောလေ့လာပြီး စဉ်းစားကြည့်လိုက်ပါ။
သူ့ရဲ့သဘောတရားသည်... မိမိပြုလုပ်ခဲ့တဲ့ မကောင်းမှု အကုသိုလ် အပေါ်မှာ၊ နောက်တစ်ခါ မိမိမပြုလုပ်မိခဲ့တဲ့ ကုသိုလ်အပေါ်မှာ တွေးပြီး စိတ်ဆင်းရဲ့နေတဲ့ သဘော၊ ဘ၀င်မကျ ဖြစ်နေတဲ့ သဘောတရားပဲ ဖြစ်ပါတယ်။
အကုသိုလ်နဲ့ပတ်သက်လို့... ကုက္ကုစ္စ..ဖြစ်တယ်ဆိုတာ... “စက်ဆုပ်ဖွယ်ရာ မကောင်းမှု ဒုစရိုတ် ပြုပြီးနောက် ရရှိခံစားရမည့် အပြစ်တွေကို ဆင်ခြင်မိသောအခါ, ဒါမှမဟုတ် မကောင်းကျိုးကို ခံစားရသောအခါ “ငါ ထိုမကောင်းမှု အကုသိုလ်ဒုစရိုတ်အမှုကို ပြုခဲ့မိလေခြင်း၊ ပြုခဲ့မိလေခြင်း”ဟူသော မိမိစိတ်ထဲမှာ မကောင်းမှု ပြုစဉ်တုန်းကတော့ ပျော်ပျော်... ပြုပြီး အပြစ်မြင်ကာမှ တွေးတောပူပန်ကာ ကြောက်နေတဲ့ သဘောသည် “အကုသိုလ်အရာမှာ ကုက္ကစ္စ=တွေးတောပူပန်ခြင်း” ဖြစ်နေတာပါ။
ကုသိုလ်အရာမှာ ကုက္ကစ္စ-ဖြစ်တယ်ဆိုတာက... ငယ်ရွယ်စဉ်... ကျန်းမာပါလျှက် ကုသိုလ်ကောင်းမှုကို မပြုခဲ့ဘဲ... ပစ္စည်းလည်းကုန်ခမ်း... ကျန်းမာရေးကလည်း ချို့တဲ့..... ကြီးရင့်အိုမင်းသောအခါမှ “ငါ ငယ်ရွယ်စဉ်က ကုသိုလ်ကောင်းမှု မပြုခဲ့လေခြင်း၊ တရားအလုပ် မလုပ်ခဲ့မိလေခြင်း” ဟူသော တွေးတောပူပန်မှု သဘောသည် ကုသိုလ်အရာနှင့်ပတ်သက်လို့ “ကုက္ကစ္စ” ရဲ့ သဘောတရားဖြစ်ပါတယ်။
မိမိတို့တစ်တွေ ယခုလို “ကုက္ကုစ္စ-ရဲ့ သဘော (ဒါမှမဟုတ်) အဘိဓမ္မာတရားများ (ဒါမှမဟုတ်) သက်ဆိုင်ရာ တရားစာပေစသည်များ လေ့လာဖတ်ရှုလို့ သိတဲ့အချိန်ကစပြီး... ကောင်းမှုနှင့်ပတ်သက်လို့... ရတဲ့နေရာကနေ ယူတတ်ဖို့ အင်မတန်မှ လိုအပ်သလို... မကောင်းမှုတရားကိုလည်း အတတ်နိုင်ဆုံး မလုပ်မိအောင် ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ မိမိတို့ တစ်တွေ ပြောနေကြတဲ့ “နောင်တ နောင်တ... နောင်မှ ရ” အဖြစ်မျိုး မဖြစ်အောင် ကြိုးစားသင့်ပါတယ်။ သိတဲ့ အချိန်၊ သိတဲ့အတိုင်း ကျင့်တဲ့အချိန်သည် မိမိတို့တစ်တွေ သူတော်ကောင်းစိတ် ကိန်းနေတာပါ။။
ဒါကတော့ ကုက္ကစ္စရဲ့... အခြေခံသဘောတရား အဓိပ္ပါယ်များ ဖြစ်ပါတယ်။ နောက်နေ့များမှာ ကျန်ရှိနေသော မိမိတို့ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့ မိမိတို့ရဲ့ ကိုယ်ပိုင်အဘိဓမ္မာသဘောတရားများကို

အများနားလည်အောင်... လပြည့်ဝန်းလေး စာသိအနေအားဖြင့် သိသလောက် ဆက်လက်တင်ပြပေးပါမယ်။
ကူးယူချင်တယ်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP