* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, January 4, 2010

သူငယ်တော်တောရ ဆရာတော်၏ နေ့ စဉ်ဟောပြ သြ၀ါဒ (၂၁)

အလိမ်ညာဘေးမှ ကင်းဝေးရအောင်

ဘုန်းကြီးတို့  ယောဂီသူတော်စင်တွေကို အနိစ္စကို နိစ္စထင်အောင်၊ ဒုက္ခကို သုခ ထင်အောင်၊ အနတ္တကို အတ္တ ထင်အောင်၊ အသုဘကို သုဘ ထင်အောင် သညာစိတ္တဒိဋ္ဌိဆိုတဲ့ တရားတွေက လိမ်ခဲ့ကြတယ်။ မိမိတို့ က အလိမ်ညာခံခဲ့ရတယ်။ အသိအမှတ် ကိုယ်မှာ ကပ်ပြီး ရှုမှတ်ပွားများတဲ့အတွက် ရုပ်နာမ်ဓမ္မသင်္ခါရတွေရဲ့  အဖြစ်နဲ့ အပျက်ကို မြင်တဲ့အချိန်ဟာ အလိမ်ညာ ပြေတဲ့အချိန်ပဲ။ ဒါကြောင့် အဲဒီတရားတွေရဲ့ အလိမ်အညာဘေးမှ ကင်းဝေးရအောင် ၀ိပဿနာတရားကို ကြိုးစားပြီး ရှုမှတ်ကြရမယ်။

အပါယ်လေးပါးက လွတ်အောင်

ဝိပဿနာရှုတဲ့အခါ ရှေ့ အမှတ် နောက်အမှတ်၊ ရှေ့ သတိ နောက်သတိ၊ ရှေ့ သမာဓိ နောက်သမာဓိ၊ ရှေ့ ဥာဏ် နောက်ဥာဏ် ဆက်စပ်အောင် မှတ်နိုင်လို့ ရှိရင် ခံရတဲ့ဘေးမှကင်းဝေးပြီးတော့ အောက်သံသရာလို့ ခေါ်ဆိုရတဲ့ အပါယ်လေးဘုံက လွတ်မြောက်ကြမယ်။

သေနည်းသင်တန်း

တကယ်တော့ ၀ိပဿနာတရား အားထုတ်ကြတယ် ဆိုတာ သေနည်းသင်တန်း တက်ကြတာပါပဲ။ သေမင်းကို ရဲရဲကြီးရင်ဆိုင်နိုင်အောင် လေ့ကျင့်နေကြတာပဲ။ ရင်ဆိုင်နိုင်ရုံတင်မက အဲဒီ အဖန်တလဲလဲ သေနေရခြင်းကို အမြစ်ပြတ် ချေမှုန်းပြီး အောင်ပွဲခံနိုင်အောင် အားထုတ်နေကြတယ်ဆိုရင်လဲ မမှားပါဘူး။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP