* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, January 4, 2010

ပိုင်းလော့ဆရာတော်ဘုရား ၏ နှစ်သစ်ကူးတရားစခန်း(ယောဂီသစ်)

ချစ်ခင်လေးစားရပါသော ဓမ္မမိတ်ဆွေအပေါင်းတို့ရှင့်။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး သည် ပခုက္ကူမြို့ မှ ဒါယကာ ၊ ဒါယကာများအတွက်

တရားစခန်းဖွင့်လှစ် ချီးမြှင့်၊တရားပြသရန်ယနေ့ (၃.၁.၂၀၁၀) တွင် ထွက်ခွာ မှာ ဖြစ်ပါတယ်။

ရန်ကုန်မှာတော့ လာမဲ့ ဇန္နဝါရီလ ၉ရက်နေ့မှ ၁၄ ရက်နေ့အထိ ယောဂီသစ် များအတွက် တရားသင်တန်းစခန်းပွဲ တစ်ခု ကျင်းပပြုလုပ်ပေး မှာ ဖြစ်ပါတယ်။

ဆရာတော်ဘုရားရဲ့ မိုးညှင်းသိင်္ဂီ ကျောင်းတိုက်(အကွက် -၁၆ ၊ ဒဂုံမြို့သစ်မြာက်ပိုင်း၊ရန်ကုန်မြို့ ) မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

၎.၁. ၂၀၁၀ မှ စတင်ပြီး ဆွမ်းစာရိတ် ၃၀၀၀ ကျပ် လှူဒါန်းလျက်၊ လူကိုယ်တိုင်လာရောက် စာရင်းပေးသွင်း နိုင်ပြီ ဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP