သုတပန်းခိုင် (၃)
၃။ နွားခြေရာသို့  လှည်းဘီးက အစဉ်လိုက်သလို မကောင်းသောစိတ်ဖြင့် ပြောဆိုပြုလုပ်လျှင် ကိုယ့်နောက် ဆင်းရဲတွေ လိုက်မယ်။
၎။ အရိပ်က ကိုယ့်နောက်အစဉ်လိုက်သလို ကောင်းသောစိတ်ဖြင့် ပြောဆိုပြုလုပ်လျှင် ကိုယ့်နောက် ချမ်းသာတွေ လိုက်မယ်။
၅။ ရဟန်းသံဃာနဲ့ တွေ့ တဲ့အခါ လူလို မဆက်ဆံပါနှင့်။
၆။ ထုတ်၊ ယောက်၊ ဒိုင်း၊ မြား စသည်တို့ ဖြင့် စုပေါင်းတပ်ဆင်ထားတာကို “အိမ်” လို့ ခေါ်သလို ဆံပင်၊ မွေးညှင်း စတဲ့ ၃၂-ကောဋ္ဌာသတို့ ဖြင့် စုပေါင်းထားတာကို “ခန္ဓာကိုယ်” လို့ ခေါ်တယ်။
၇။ ၀င်ရိုး၊ ဘီးစသည် စုပေါင်းထပ်ဆင်ထားတာကို “ရထား” လို့ ခေါ်သလို ခန္ဓာ၅-ပါး စုပေါင်းထားတာကို “သတ္တ၀ါ” လို့ ခေါ်တယ်။

0 comments:
Post a Comment