* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, January 4, 2010

သုတပန်းခိုင် (၂)

  • သုတပန်းခိုင် သည် အလုပ်ကိစ္စများပြားလှ၍ ဗုဒ္ဓကျမ်းစာအုပ်ကြီးများကို မဖတ်ရှုမလေ့လာအားသော လူပုဂ္ဂိုလ်များ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ ရေးသားခြင်းဖြစ်သည်။
  • သုတပန်းခိုင် သည် သင့်အတွက် မှတ်သားဖွယ်ရာ ဗဟုသုတများ ပန်းခိုင်သဖွယ် ဝေဆာနေပါလိမ့်မည်။
  • သုတပန်းခိုင် ကို ဖတ်ပါ၊ မှတ်ပါ၊ ကျင့်ပါ။ သင့်အတွက် အကျိုးများပါလိမ့်မည်။

မီးနဲ့ ဝေးတဲ့ ဖယောင်းက မာကျောတယ်။ တရားနဲ့ ဝေးတဲ့ စိတ်ကလည်း မာကျောတယ်။ ဤ သုတပန်းခိုင်ကို မကြာ မကြာ ဖတ်လျှင် သင့်ရဲ့ စိတ်ဓါတ် နူးညံ့ပျော့ပျောင်း လာပါလိမ့်မည်။

ပဲနွယ်ကုန်း ဆရာတော်
အရှင်စန္ဒာဝရ

နမော တဿ ဘဂ၀တော အရဟတော သမ္ဖာသမ္ဗုဒ္ဓဿ

၁။ ပုံတော်ဘုရား၊ ဂုဏ်တော်ဘုရား၊ ဉာဏ်တော်ဘုရား သုံးမျိုးထဲက ဂုဏ်တော်ဘုရားနဲ့  ဉာဏ်တော်ဘုရားကို ကြည်ညိုတတ်အောင် ကြိုးစားပါ။

၂။ မြတ်စွာဘုရားရဲ့  တရားတော်တည်းဟူသော အရိပ်ကို မှီခိုပြီး နေရရင် တစ်ဘ၀သာမက ဘ၀သံသရာ အဆက်ဆက် နိဗ္ဗာန်ရောက်သည်ထိအောင် ချမ်းသာသွားနိုင်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်...)


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP