* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, January 3, 2010

မောင်စူးစမ်းမေးမြန်းချက်အား ပြန်လည်ဖြေကြားလိုက်ပါသည်။

Saturday, January 2, 2010

မေး။ ။ မောင်စူစမ်း:။ ။ အရှင်ဘုရား ပထမသံဃာယနာတင်ရာတွင် ခုဒ္ဒါနုခုဒ္ဒကသိက္ခာပုဒ်များကို ပြင်လိုက ပြင်နိုင်သည်ဟု ဘုရားရှင်ခွင့်ပြုစကားကို အရှင်အာနန္ဒာက သံဃာယနာတင် အရှင်များအား တင်ပြသောအခါ၊ သံဃာယနာတင်အရှင်များ မှ အာနန္ဒာကိုသာ မမေးမိလိုက်၍ အပြစ်တင်ကြပါသည် တကယ်ဆို ငါးရာသောရဟန္တာ ထိပ်တန်းပုဂ္ဂိုလ်များ မသိနိုင်သည်မှာ မောဟ မကင်းသေး၍လား အဘယ်ကြောင့်ပါလဲဘုရား။

ဖြေ။ ။ မောင်စူးစမ်း ဆိုလိုသည်မှာ၊ ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ်ဆိုသည်မှာ မည်သည့်သိက္ခာပုဒ်ကို ဆိုလိုပါသနည်းဟု မမေးမိလိုက်သောကြောင့်၊ အပြစ်တင်ခံရသည်ကို ဆိုလိုခြင်းဖြစ်ပါလိမ့်မည်။
ဝိနည်းသိက္ခာပုဒ်များတွင်၊ ပါရာဇိက၊ သံဃာဒိသေသ်၊ ထုလ္လစဉ်း၊ နိဿဂ္ဂိပါစိတ်၊ သုဒ္ဓပါစိတ်၊ ဒုက္ကဋ်၊ ဒုဗ္ဘာသီ ဟူ၍ အာပတ်အမျိုးအစား ၇-မျိုးသတ်မှတ်ပေးထားပါသည်။ ၄င်းအာပတ်များကို ရှောင်ရှားနိုင်ရန် အတွက်၊ သက္ခာပုဒ်ပေါင်း အကျဉ်းအားဖြင့်ရဟန်တော်များအတွက် ၂၂၇ မျိုးရှိပါသည်၊ အကျယ်အားဖြင့်ကား၊ ကုဋေပေါင်း- ကိုးထောင်းတစ်ရာနှင့် ငါးသိန်း သုံးသောင်း ခြောက်ထောင်ရှိပါသည်။ ပထမသံဃာသနာတင်ပွဲ၏ ဦးဆောင်ဆရာတော်များမှာ ဝိနည်းသိက္ခာပုဒ်များကို အလွန်ရိုသေလေးစားကြသော ရဟန္တာမထေရ်ကြီးများဖြစ်ကြပါသည်။ ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ်များကိုလည်း ၄င်းရဟန္တာမထေရ်များ သိကြပါသည်၊ သို့သော်လည်း ဘုရားရှင်ဟောကြားထားသော သိက္ခာပုဒ်များကို မပယ်လို၍ မပယ်ကြခြင်းသာလျှင် ဖြစ်ပါသည်။ အရှင်အာနန္ဒာကို ကဲရဲ့ကြသည်ဆိုသည်မှာလည်း ဝိနည်းသိက္ခာပုဒ်များကို မလိုက်နာချင်သော ပုထုဇဉ်ရဟန်းများကသာ၊ ကဲ့ရဲ့ပြစ်တင်ကြခြင်းဖြစ်ပါသည်။ ရဟန္တာအရှင်မြတ်ကြီးများ မောဟမကင်းသေးသောကြောင့်မဟုတ်ပါ။ ရဟန္တာမှန်လျှင် မောဟကင်းကြပါသည်။ သို့သော်လည်း ရဟန္တာတိုင်း သူတစ်ပါး၏ စိတ်ကို သိကြသည်မဟုတ်ပါ၊ သုက္ခဝိပဿက ရဟန္တာများမှာ သူတစ်ပါးစိတ်ကို မသိနိုင်ကြသော ပုဂ္ဂိုလ်များဖြစ်ကြပါသည်။ ဥပမာအားဖြင့်- ဓမ္မပဒ တွင်ပါရှိသော စက္ခုပါလ မထေရ်သည် ရဟန္တာပင်ဖြစ်သော်ငြားလည်း မိမိကိုယ်တိုင်ပင်လျင် စက္ခုနစ်ခွင် အလင်းမရရှာပေ။

မှတ်ချက်။ ။ အရှင်အာနန္ဒာကအား ပုထုဇဉ်ရဟန်းများ၏ ကဲ့ရဲ့ခံရခြင်းများမှာ
ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ်များကို မရှင်းလင်းခဲ့ခြင်း။
မြတ်စွာဘုရား၏ ရေသနုတ်တော်ကိုနင်း၍ လျှော်ဖွတ်ခြင်း။
အမျိုးသမီးများအား ဘိက္ခူနီမဝတ်ခွင့်ပြုပေးတော်မူရန် ဘုရားရှင်ထံတွင် ခွင့်တောင်းပေးခြင်း ဟုသော အကြောင်းများကြောင့် ပုထုဇဉ်ရဟန်းများ၏ ကဲ့ရဲ့ခြင်းကို ခံခဲ့ရလေသည်။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP